နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာလူမျိုးဆိုတာရှိကြောင်း ပါတီခေါင်းဆောင်တစ်ဦးပြော


RFA
26.10.2012

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တရားဝင်တည် ရှိကြောင်း ၂၀၁၀ ရွေးကောက်ပွဲအတွင်းဘူးသီးတောင် နဲ့ မောင်တော အပါအ၀င် ရခိုင်ပြည်နယ် ဒေသတချို့ မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဖွံ့ဖြိုး တိုး တက်ေ ရး  ဒီ မို ကရက်တစ်ပါတီက ရန်ကုန်မြို့မှာ မနေ့က အောက်တို ဘာလ ၂၅ ရက်နေ့ မှာ့ ပြုလုပ် တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြား လိုက် ပါ တယ်။

ရိုဟင်ဂျာလူမျိုးရှိတယ်ဆိုတာကို သမိုင်းအထောက်အထားအရ မိမိတို့ ပြောဆိုတာဖြစ်တယ်လို့ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်ဖြစ်သူ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဦးသာအေးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးရေးပိဋိပက္ခကြောင့် အခုလ ၂၁ ရက်ကနေ ဒီနေ့အထိ ရိုဟင်ဂျာလူမျိုး သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီရှိ ခဲ့ကြောင်း၊ မူဆလင် ကျေးရွာ ၁၂ ရွာက အိမ်ခြေပေါင်း ၂၇၀၀ လောက် မီးရှို့ဖျက်စီးခံခဲ့ရကြောင်း ဦးသာအေးက ပြောပါတယ်။ ဒါ့ပြင် ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ က ဥပဒေမဲ့လုပ်ဆောင်တာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

ဒီ သတင်းစာရှင်းပွဲမှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ လူမျိုးစုနှစ်စုအကြား သတင်းတွေ ကို ဖော်ပြရာ မှာ နှစ် ဖက်စ လုံးကို မေးမြန်းပြီးမှ မျှမျှတတ ဖော်ပြပေးစေလိုတယ်လို့လည်း အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမို ကရက် တစ်ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus