RFA မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အခြေအနေ တွေ့ဆုံမေးမြန်းချက်များ (အသံဖိုင်)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ အောက်တိုဘာလ ၂၃ ရက်ည ၇ နာရီကျော်လောက်ကစပြီး အပြန်အ လှန် မီး ရှို့မှုတွေ ဖြစ်ပွားခဲ့ရာမှာ အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ မနက် ၈ နာရီလောက်မှာလည်း ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်မှာ အခြေအနေက ပိုဆိုးပြီး အစ္စလမ်ဘာသာဝင်တွေရဲ့ ဗလီနှစ်လုံး မီးရှို့ခံ ရ တယ်လို့လည်း ပြောကြပါတယ်။ ဗလီမီးရှို့မှုဖြစ်စဉ်မှာ နှစ်ဖက် တင်းမာလာတာကြောင့် စစ်တပ် က ပစ်ခတ်ပြီး ဖြိုခွဲရာမှာ သေဆုံးသူ ၃ ဦးလောက်ရှိပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်အထိ ရှိတယ်လို့ ပြောကြ ပါတယ်။
နောက်ဆက်တွဲ အနေနဲ့ ရိုဟင်ဂျာတွေဟာ ကျောက်ဖြူမြို့ကနေ စက်လှေတွေနဲ့ ထွက်ပြေးကြ ရပြီး ကျောက်ဖြူ ပင် လယ် ၀မှာ စက်လှေတွေပေါ် မှာ နေထိုင်နေသူတွေ ရာဂဏန်းအထိ ရှိတယ်လို့ အာအက်ဖ်အေ က မေးမြန်း ခွင့်ရတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
မြောက်ဦးမြို့မှာလည်း အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်က ပရိန် နဲ့ ပရိန်ကုန်းကျေးရွာ မှာ နှစ် ဖက် တင်းမာမှု ဖြစ်ပြီး စစ်တပ်က ၀င်ရောက်ဖြေရှင်းခဲ့ရတယ်လို့သိရပါတယ်။ အဲဒီ နယ်မြေတွေ အတွင်း မှာ အစိုးရက လုံခြုံရေးအင်အား လုံလောက်အောင် မဖြည့်ဆီးပေးနိုင်တာကြောင့် နှစ်ဖက်တင်းမာမှုတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးလို့ ရခိုင်အမျိုးသာားများ တိုးတက်ရေးပါတီ RNDP မြောက်ဦးမြို့နယ် ဥက္ကဌ ဦးအေးမောင် သန်းက အာအက်ဖ်အေကို ပြောပါတယ်။ ဒါ့အပြင် မြောက်ဦးမြို့နယ်ထဲမှာ လူ ၅ ယောက် ထက် ပိုမစုရ အမိန့်ထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ရပ်ကွက်တွေအတွင်းမှာ လိုက်လံသတိပေးနေတယ်လို့ လည်း သိရပါတယ်။
ကျောက်ဖြူ ၊ မြောက်ဦး နဲ့ တခြားနေရာတွေက အခြေအနေတွေကို ထိမ်းသိန်းနိုင်အောင် လုံခြုံရေးအင် အား တိုးချဲ့ချထားဖို့ နိုင်ငံတော်သမ္မတကြီးက ညွှန်ကြားထားပြီဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
RFA မြန်မာပိုင်း။