နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃)ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ အပ်နှံကြရန် ကြေညာချက် ထုတ်ပြန်ထား

အောက်တိုဘာ ၂၁ ရက်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ပဋိပက္ခများ ထပ်မံဖြစ် ပွားလျက် ရှိရာ တစ်ဖက်နှင့်တစ်ဖက် လူမျိုးစုအချင်းချင်း အပြန်အလှန် မီးရှို့မှုများအပြင် သေဆုံး၊ ထိခိုက် ဒဏ်ရာ ရသူများ ရှိသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရေးယူထိန်း သိမ်း ဆောင် ရွက်ခဲ့ပြီး ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ဝိုင်းဝန်းထိန်းသိမ်းလျက် ရှိ သည်။ နိုင်ငံတော် က မူလအခြေအနေသို့ အမြန်ရောက်ရှိအောင် တည်ငြိမ်အေးချမ်းမှု အကောင်အ ထည်ဖော် ဆောင် ရွက်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အရှိန်အ ဟုန်မြှင့် ဆောင်ရွက်နေ စဉ်တွင် ဆူပူအကြမ်းဖက်လိုသူများမှ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးတို့ ပျက်ပြားစေရန် အဖျက်အမှောင့် လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။ အချို့မြို့နယ်များတွင် လူအုပ်စုဖွဲ့ကာ ဓား၊ လှံ၊ တူမီးသေနတ်များ ကိုင်ဆောင်၍ လုယက်ဆူပူ အကြမ်း ဖက်ရန် ကြိုးစားမှုများ ဖြစ်လာသဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ပဋိပက္ခကို အခြေအနေ ဆိုးရွား သွားစေရန် ဖန်တီးခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဥပဒေချိုးဖောက်မှု၊ အခြေခံလူ့ အခွင့်အရေး ချိုးဖောက်မှုတို့ကို ဖော်ထုတ် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အရေး ယူခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပဋိပက္ခဖြစ်စဉ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင် ရန်အတွက် တရားမ ဝင် ကိုင်ဆောင်ထားသော လက်နက်များကိစ္စနှင့် ပတ်သက်ပြီး ယနေ့မှစ၍ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် အတွင်း ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေ ပုဒ်မ ၄ (ဃ)တွင် အဓိပ္ပါယ် ဖွင့်ဆိုထား သည့် သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက် ထုတ်လုပ်သော ဆက် စပ် ပစ္စည်းများ အားလုံကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေး အဖွဲ့များထံ အမြန်ဆုံး အပ်နှံကြရန်နှင့် သတ်မှတ်ရက် နောက်ပိုင်းတွင် ရန်ပြုလိုသောစိတ်ဖြင့် အဆိုပါ လက်နက်များ ကိုင်ဆောင် ထားခြင်းကို တွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အမိန့် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာ တွင် ဖော်ပြထားပါသည်။

Comment ရေးရန်

Rohingya Exodus