ပြည်ထောင်စုအစိုးရမှ သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်း
နိုဝင်ဘာ (၁၅)။ ။ ပြည်ထောင်စုအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်းကြောင်း ယနေ့ကြေညာချက် ထုတ်ပြန်လိုက် သည်။ နိုင်ငံတော်သမ္မတရုံး ဒုတိယ၀န်ကြီးဦးအောင်သိမ်းမှဦးဆောင်၍ အဖွဲ့ဝင်လေးဦးနှင့် အတွင်းရေးမှူးတစ်ဦးပါဝင်သည်။ ယခင်က ဗိုလ်မှူးဇော်ဌေးတစ်ဦးတည်း မှ နိုင်ငံတကာနှင့်ပြည်တွင်း မီဒီ ယာများသို့ နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့် ရှိသူပမာပြောကြားခဲ့သည်။ လူမှုကွန်ယက် တစ် ခုဖြစ်သော Facebook ပေါ်တွင်လည်းသတင်းအမှားများထုတ်လွှင့်ခြင်း များအခါ အားလျော် စွာပြု လုပ်ခဲ့ သည်။ အဆိုးရွား ဆုံးမှာ ဇွန်လတွင်စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးတွင် မမှန်မကန်သည့် သတင်းများ ကိုပြည် တွင်းရှိ မီဒီယာများနှင့်တပြေးညီထုတ်လွှင့်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့်ရက်ပိုင်းတွင် ဘီဘီစီမြန်မာ ပိုင်းအစီအစဉ်မှမေးမြန်းခန်းတစ်ခုတွင် ဘီဘီစီပရိသတ်တစ်ဦးမှမေး လာသည့်မေးခွန်းတစ်ခု ကို တိကျစွာ ဖြေကြားနိုင်ခြင်းမရှိဘဲ၊ မေးခွန်းနှင့်မသက်ဆိုင်သည့်အဖြေများကိုဖြေကြားခဲ့သည်။ ထိုကဲ့သို့ ဗိုလ်မှူးဇော်ဌေး (ခ) မှူးဇော် ၏လုပ်ရပ်များကြောင့် ယခုသတင်းထုတ်ပြန်ရေး အဖွဲ့တွင်ပါဝင်လာခြင်း မရှိဟုယုံကြည်ရသည်။
ယနေ့ထုတ်ပြန်ခဲ့သောကြေညာချက်အပြည့်အစုံမှာ
http://www.president-office.gov.mm/zg/briefing-room/news/2012/11/15/id-1735