ရခိုင်ပြည်နယ်ကတင်းမာမှုများ အေးဆေးငြိမ်သက်သွားရန် စိတ်ဓါတ်ရေးရာခေါင်းဆောင်မှု လိုအပ်ဟု ICG က ပြော
မဇ္ဈိမသတင်းဌာန
15.11.2012
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွါးနေသည့်ဒေသတွင်းပဋိပက္ခတခုသည် ဗုဒ္ဓဘာသာနှင့် မူဆ လင် ပဋိပက္ခအဖြစ် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမှီတင်းနေထိုင်သည့် မြန်မာ နိုင်ငံတွင် ပိုမိုကျယ်ပြန့် သွားနိုင် သည့် အန္တရာယ်ရှိနေသည်ဟု နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ကြီး (CIG) ကပြောသည်။
နိုင်ငံတကာဥာဏ်ကြီးရှင်အဖွဲ့ဖြစ်သော အိုင်စီဂျီ က နိုဝင်ဘာ ၁၂ ရက်နေ့က မိုးကုတ်စက်ဝိုင်း မှမိုးသက် မုန်တိုင်း (Storm Clouds on the Horizon) အမည်ဖြင့် ထုတ်ဝေလိုက်သော အစီရင်ခံစာတွင် `မြန်မာနိုင် ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးခြေလှမ်းများအရှိန်ရနေသော်လည်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်း သား ချင်း အကြမ်းဘက်မှု သည် နိုင်ငံတည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ် နေသည်´ ဟု ရေးသား ထားသည်။
`ရှေ့တွင်ကြုံတွေ့ရမည့် စိန်ခေါ်မှုအများအပြားကိုဖြေရှင်းနိုင်မည့် ရေရှည်အဖြေ တခုရရှိရန်အတွက် နိုင်ငံ
ခေါင်းဆောင် အများအပြားပါဝင်သည့် အဆုံးအဖြတ် ပေးနိုင်စွမ်းရှိသော စိတ်ဓါတ်ရေးရာခေါင်းဆောင် မှုတရပ် လိုအပ်နေသည်။ ထိုစိန် ခေါ်မှုများထဲတွင် ရိုဟင်ဂျာနှင့်အခြားမူဆလင်လူနည်းစုများအပေါ် ကြာ ရှည် ကြာ များခွဲခြားဆက်ဆံခဲ့မှုများလည်းပါဝင်နေသည်´ ဟု ရေးသားထားသည်။
ဤအစီရင်ခံစာကို အမေရိကန်သမ္မတ၏သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် မစတင်မီ ရက်အနည်းငယ်အလိုတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ရိုက်တာသတင်းတရပ် ၏အဆိုအရ `လူမျိုးရေး အကြမ်းဘက်မှုများကို ပိုမို ထိန်းချုပ် ကိုင်တွယ်´ ဘို့ မြန်မာအစိုးရအပေါ် တင်းမာသည့်သဘောထားတရပ်ချမှတ်ရန် သမတအို ဘားမား ဖိအားပေးခံနေရ သည်ဟု ဆိုသည်။
ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်အုပ်စုတခုကို လုံခြုံရေးအစောင့်အရှောက်များဖြင့် ထရပ်ကားများပေါ် တင်ကာ ထိုင်းမြန်မာနယ်စပ်ရှိ ရနောင်းသို့ ခေါ်ဆောင်သွား သည်ကို မြင်ခဲ့ရသည်ဟု ဖူးခက်မြို့မှ ထိုင်းသ တင်းထောက် တဦး ကလည်း ထိုအတောအတွင်း မဇ္ဈိမ သို့ ပြောဆိုလာသည်။
ရိုဟင်ဂျာယောက်ျားလေးများနှင့် အမျိုးသားများစုစုပေါင်း ၁၂၂ ယောက်အပြည့် တင်ဆောင် ထား သည့် လှေ တစီး ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့ကမ်းခြေတွင် စနေနေ့က သောင်တင်လာခဲ့ကြောင်း၊ သူတို့ ကို ထိုင်း ရဲက ဖမ်းဆီးပြီး တညချုပ် ထားခဲ့ကြောင်း ဖူးခက်ဝမ်းက တနင်္လာနေ့က သတင်းပေး ပို့သည်။
ထို ၁၂၂ ဦးစလုံးကို မြန်မာနိုင်ငံသို့ချက်ချင်းပြန်ပို့မည်ဟု ရနောင်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိ တဦးကို ကိုးကားကာ ထိုသတင်းတွင် ဆက်လက်ပြော ဆိုထားသည်။
ထိုအဖြစ်အပျက်၏အကြောင်းအရာအသေးစိတ်ကိုမဇ္ဈိမကထိုင်းအာဏာပိုင်များ နှင့်စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအမျိုးသားများ လှေစီးထွက်ပြေးခြင်းများကို လွန်ခဲ့ သောအပတ်များအတွင်း မကြာ ခဏ ကြားသိခဲ့ရပြီး သူတို့သည် မကြာခဏပင် အလွန်ဆိုးဝါးသော အန္တရာယ်များ ကျရောက် ခဲ့ကြသည်။
ဘင်္ဂလာဒေ့ရှ်ကမ်းခြေအလွန်တွင် တရားမဝင်ရွှေ့ပြောင်းထွက်ခွါလာသူများ အပြည့်တင်ဆောင် လာ သည့် လှေတစီး ပင်လယ်ပြင်တွင်မှောက်ခဲ့ကြောင်း အေပီသတင်းဌာနက နိုဝင်ဘာ ၇ ရက်နေ့က ရေး သား ထားသည်။ ငါးဖမ်းလှေ တစီးက လူ ၂၃ ဦးကိုကယ်ဆယ်နိုင်ခဲ့သော်လည်း လူ ၅ဝ မှာ ပင်လယ်ပြင် တွင် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မှူးတဦးကို နာမည်တပ် ကိုး ကားကာ ထိုသတင်း တွင်ရေးသားထားသည်။
`အများအားဖြင့် ရိုဟင်ဂျာမူဆလင်များဖြစ်သော တရားမဝင်ရွှေ့ပြောင်းလာသူ ၇ဝ ခန့်သည် မလေး ရှား သို့လှေဖြင့် သွားရောက်နေစဉ် ဘင်္ဂလားပင်လယ်အော် အတွင်း နစ်မြုပ်သွားခဲ့သည်´ ဟု အဆိုပါအေပီ သတင်းတွင် ရေးသားထားသည်။