နောက်ဆုံးသတင်း/ဆောင်းပါးများ

ရန်ကုန်တက္ကသိုလ်တွင် ပြောကြားသည့် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂ 


ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် မွန်းလွဲ ၂ နာရီခွဲကျော် က ပြောကြား ခဲ့ သောအမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင်မိန့်ခွန်း။
Nov 19, 2012 3:49:59 PM မြန်မာနိုငင်ံ၏ အံ့အားသင့်ဖ်ွရယာ အသွင်ကုးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြာင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား။

မြန်မာနိုင်ငံမင်္ဂလာပါ....လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာအမေရိကန်နဲ့ယုံကြည်မှုကြောင့်ကျွန်တော် မြန်မာနိုင်ငံ ကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေ လို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကိုကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေကကျွန်တော်တို့ကို မျော် လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားးတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တန င်္ဂနွေနေ့ တွေ မှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည် ပတ်တာကို ကျွန်တော် တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြကြ တာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။ ဆိုကင်လုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့ အတွက်သာမန် ပြည်သူတွေ က ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ ရ ပါတယ်။ လွတ်လပ် မှုရဲ့အသံကို မျော်လင့်နေတဲ့ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့စည်းချက်တွေ၊ ကျောင်းသားတွေရဲ့အသံတွေကို လည်းကြားခဲ့ရပါတယ်။သူတို့ရဲ့ မွေးရပ်နဲ့မိသားစုတွေဆီကိုဘယ်တော့မှာအဆက်အ သွယ်မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပသွားရောက်နေထိုင်သူတွေကိုလည်းကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒပြင်းထန်တဲ့ဂုဏ်သေရေကြောင့်ကျွန်တော်တို့ဟာစိတ်အားတက်ကြွခဲ့ ရပါ တယ်။ မျော်လင့်ချက်တွေခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေ မယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထား လို့မရဘူးဆို တာ ဒေါ်အောင် ဆန်းစုကြည်က သက်သေပြ ခဲ့ပါတယ်။ "

ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော် သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ အံ့အားသင့်ဖို့တဲ့ အသွင် ကူး ပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့ လာ ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်း လဲဖို့ အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေဖြစ်နေပါတယ်။ အခုတော့ အစိုးရ အဖွဲ့ကို အရပ်သား တစ်ဦးက ဦးဆောင် နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာ ခံခဲ့ရတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်တစ်ခုမှာ ၀င်ပြိုင် ခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည် ချက်ကြောင့် အကျဉ်း ကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှု ကို လည်း ပိတ်ပင် ပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုတွေရခဲ့ပြီဖြစ်သလို ပို လွတ် လပ် ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပေဒသစ်တွေ လည်း ပေါ်ထွက် လာခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့ တာပါ။ မိတ်ဆွေဖြစ် မှုဆိုတဲ့ လက်ကမ်းဖို့လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက်ရှိနေပါပြီ။ အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေ အတွက် အခွင့်အလမ်းတွေဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီး ဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ် လုံးအဖြစ် ပါဝင်လည်ပတ်မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေး မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှ်ိလှတဲ့ ခရီးဟာ အစပဲရှိ ပါသေးတယ်။ အများကြီး ရှေ့ဆက်သွား ရဦးမှာပါ။ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ် မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက် မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပ တဲ့ ဥတ္တရကြယ် တစ်စင်း ဖြစ် လာ ရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ် နေမယ့်အစား အပြည့် အ ၀လေးစား မှုပေးရ ပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထား တာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျား တို့ တိုးတက် လာနိုင်ပါ တယ်။ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြတဲ့အသံကို လျစ်လျူ မရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင် ခွင့်ပြုခဲ့ ပါတယ်။ လွှတ်တော်ရွေးကောက် ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့ မိဘတွေ၊ ဘိုး ဘွားတွေ ဒီအ တွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး''လို့ ပြောခဲ့ပါတယ်။ မဲ ဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်သတ်ရမှုတွေကို လက်ခံ ရပါ မယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။ အမေရိကဟာ ကမ္ဘာမှာ အင်အား အကြီးဆုံး စစ်ရေးအင်အားရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက် ထိန်းချုပ် မှု အောက်မှာ ပဲရှိရပါမယ်။ သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တစ်ခါတရံမှာ ကျွန်တော် လုပ်ချင် ရင်တောင် ကွန်ဂရက်လွှတ်တော်အေပ်ါမှာ ကျွန်တော့် ဆန္ဒအတိုင်း လွှမ်းမိုးလို့မရ ပါဘူး။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လိုတရားစီရင်မလဲဆိုတာကို ကျွန်တော်ပြော လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲ နဲ့ နေနေရတဲ့ ကလေးတစ်ယောက် ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ အနာဂတ်တစ်ခု၊ ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခံနေရသူ တစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင် ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့ စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက် တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပေဒတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ် ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။ အဲဒီခရီးမှာတော့ အရပ်ဘက် လူ့အဖွဲ့ အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပေရ်ာဖ်ရကှ နင်ယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက် ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက် ဖွဲ့ပြီးတော့အမေရိကဟာခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။ နိုင်ငံတိုင်းဟာ နိုင်ငံသား သတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့ စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက် သက် ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက် မှုတွေ မရှိ ဘဲ လူတွေ နေထိုင်ခွင့်ပါပဲ။"ခင်ဗျားတို့၊

ကျွန်တော်တို့မှာရှိတဲ့ ဂုဏ်သိက္ခာမျိုး ရိုဟင်ဂျာလူမျိုးတွေမှာလည်း ရှိကြပါတယ်” အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြား ပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှမယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာ စကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော် တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေး ခွဲခြားမှု တွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော် တို့သမိုင်းက လူတွေရဲ့ နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာ များ ကျန်ရစ်ခဲ့ပါသလဲ။ အမေရိကမှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော် တို့ဟာ တစ်နိုင်ငံ တည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီ အမှန် တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအေခြခံ စည်းမျဉ်းတွေကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပေဒကို ပြင်ဆင်ခဲ့ ပါတယ်။တစ်ချိန် ကကျွန်တော့်ကိုမဲပေးခွင့် ရဖို့တောင်ငြင်း ပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက် ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေ အတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျား တို့နိုင်ငံ ရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။

ကျေးဇူးတင်ပါတယ်။ အမေရိကန်သမ္မတအိုဘားမား၏ မိန့်ခွန်းပြောကြားမှု ၃နာရီ ၁၅ မိနစ်အချိန်တွင် ပြီးဆုံးသွားပြီဖြစ်သည်။ထို့နောက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ သို့ ထွက်ခွာမည်ဖြစ်သည်။

သမ္မတအိုဘားမားနှင့် အဖွဲ့ ယာဉ်တန်းသည် ယနေ့ ညနေ ၃း၂၀ နာရီ ဝန်းကျင်တွင် ရန်ကုန် တက္က သိုလ် မှ ပြန် လည်ထွက်ခွာသွားပြီ ဖြစ်သည်။ သမ္မတအိုဘားမားနှင့် အဖွဲ့ သည် ယနေ့ ညနေ ၃း၃၀ နာရီဝန်းကျင် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus