နောက်ဆုံးသတင်း/ဆောင်းပါးများ

မွတ်ဆလင် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်း လွှတ်ပေးရန် တောင်းဆိုချက်-




ရက်စွဲ- ၂၀၁၂ ခု၊ နိုဝင်ဘာ ၂၂ ရက် 

(၁) မြန်မာ အစိုးရသည် ၂၀၁၂ ခု ဇွန်လနှင့် အောက်တိုဘာလများတွင် ဖြစ်ပေါ်ခဲ့သော ရခိုင်ဒေသ အကြမ်းဖက်မှု များနှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးအရေးယူပေးပါမည်ဟု နိုင်ငံတစ်ကာအား အကြိမ်ကြိမ်ကတိပေးခဲ့ပြီး နိုင်ငံတကာမှ သော်လည်းကောင်း၊ မြန်မာအစိုးရမှ သော်လည်းကောင်း၊ ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့များမှ သော်လည်း ကောင်း ဧကန်ဒိဌ ထင်ထင်ပေါ်ပေါ် သိနေသော တရားခံ အစစ်များအား မဖမ်းဆီးဘဲလျှက် မွတ်ဆလင်များကိုသာ တစ်ဘက်သတ် အပြစ်ပုံချ ဖမ်းဆီးနှိပ်စက် ခဲ့သည်ကို ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် တန်းတူညီအမျှ အခွင့်အရေး လှုပ် ရှားဆောင်ရွက်မှု အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သည်။ 

(၂) ထို မတရားသဖြင့် တဘက်သတ် စွပ်စွဲလျှက် ဖမ်းဆီးထားသော တရားခံများအား ရှေ့နေရှေ့ရပ်ဖြင့် အမှုလိုက်ခွင့်၊ အာမခံခွင့်၊ လူသိရှင်ကြား တရားခွင်၌ တရားစစ်ဆေးကြာနာခွင့် စသည့် တရားခံအခွင့်အရေးများကို လုံးဝ ပေးခြင်း မရှိဘဲ- မနာလို မုန်းတီးမှု သက်သက်ကို အခြေခံလျှက် မတရားသဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် အမှုကြားနာ ခြင်း မရှိဘဲ လွတ်ရက်မရှိ ချုပ်နှောင်ထားခြင်းများအားလည်း ကျွန်ုပ်တို့မှ လုံးဝ ရှုံ့ချလိုက်သည်။ 

(၃) သို့ဖြစ်၍ မတရားဖမ်းဆီး ပြစ်ဒဏ်ချခံရသည့် ဒေါက်တာထွန်းအောင် အပါအ၀င် အခြားသော မတရား ဖမ်းဆီး ချုပ်နှောင်ထားသော မွတ်ဆလင် ဓားစာခံ တရားခံတို့အား မြန်မာအစိုးရ အနေဖြင့် ချက်ချင်း ချွင်းချက်မရှိ လွှတ် ပေးရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်သည်။ 

(၄) ထိုသို့ တရားခံများ အတွက် တရားခံ အခွင့်အရေး မပေးခြင်းများသည် တရားခံအား အမုန်းဓါတ်ခံသက်သက်ဖြင့် ဘာ သာရေးအရ ရှင်းလင်းထင်ရှားစွာ ခွဲခြား ဆက်ဆံခံရခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ရခိုင်နယ် လူမျိုးပြုတ်သတ် ဖြတ်မှုကြီးတွင် ရခိုင်ပြည်နယ် အစိုးရ၏ နောက်ကွယ်မှ ဗဟိုအစိုးရ ပါဝင်ပတ်သက်နေကြောင်း သက်သေထုတ်ပြ လိုက်ခြင်း ဖြစ်သည်။ ထိုကိစ္စရပ်အား ကမ္ဘာနေရာတိုင်းမှ သိမြင်စေရန် ကျွန်ုပ်တို့ ဆောင်ရွက်သွားမည် ဖြစ်သည်။ 



မိုးကျော် (LA) 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ


Comment ရေးရန်

Rohingya Exodus