March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာ အရေး ဒုကာကွယ်ရေး ဦးစီးချုပ် ဆွေးနွေး



ဘီဘီစီမြန်မာပိုင်း
17.11.2012

ဒုကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး လှမင်း၊ လဝကနဲ့ ရခိုင် ဝန်ကြီးချုပ်တို့ အဖွဲ့ ဗုဒ္ဓဟူးနေ့က စစ်တွေ မွတ်ဆလင် လူကြီး တွေနဲ့ ရိုဟင်ဂျာ အရေး ဆွေးနွေး ခဲ့ကြပါတယ်။
မွတ်ဆလင် အရေး စစ်တမ်း ကောက်ဖို့ ပေါက်တောမှာ စစစ်တော့ လူမျိုး နေရာမှာ ဘင်္ဂါလီလို့ ရေးမယ် ဆိုတော့ သူတို့ဟာ ရိုဟင်ဂျာဖြစ်တယ်၊ ဘင်္ဂါလီ ဆိုရင် လက်မှတ်မထိုးဘူးလို့ ငြင်းဆို ကြပါတယ်။ဒါကို စစ်တွေမှာရှိတဲ့ မွတ်ဆလင် ရပ်မိရပ်ဖနဲ့ ဘာသာရေး ခေါင်းဆောင်တွေ နားချ ပေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့ အဖွဲ့က ပြောဆို ပါတယ်။

စစ်တွေက မွတ်ဆလင်တွေ ကလည်း ဘင်္ဂါလီလို့ ရေးမှာကို လက်မခံကြဘူး။

လူမျိုးနေရာမှာ ကွက်လပ်ချန်ပြီး စစ်တမ်းကောက်မယ် ဆိုတော့လဲ ရိုဟင်ဂျာလို့ ဖြည့်တဲ့ ရွာတွေမှာ ဘင်္ဂါ လီလို့ လူဝင်မှု ကြီးကြပ်ရေးက ပြင်ပစ်တယ် ဆိုပြီး မယုံကြည် ကြလို့ လက်မခံ ကြပါဘူး။

အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည် မသွားမီ အမေရိကန် အဆင့်မြင့် အရာရှိကြီးတွေ ကြို တင်ပြီး သောကြာနေ့က ဘင်္ဂလားဒေ့ရှ်က ကူတို့ ပလောင်နဲ့ နာယာ ပါရာ မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို စစ်ဆေး ခဲ့ပါတယ်။

အမေရိကန် လက်ထောက် လူထု လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဝန်ကြီး မာရီယာ အိုတီရိုက တခြား ပြဿနာတွေ ရှိပေမယ့် ရိုဟင်ဂျာ ပြဿနာကို အမေရိကန် သမ္မတကို တင်ပြ ပြီး ရေရှည် တည်တံ့ တဲ့ ရလဒ် အဖြေရှာမယ်လို့ ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကို လည်း ရိုဟင်ဂျာ ဒုက္ခသည် တွေ မြန်မာနိုင်ငံ ပြန်မ ပို့ဖို့နဲ့ ကောင်းကောင်း မွန် မွန် စောင့်ရှောက်ထားဖို့ အမေရိကန် အဖွဲ့က မေတ္တာရပ်ခံ ခဲ့တယ်လို့ သိရပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus