နောက်ဆုံးသတင်း/ဆောင်းပါးများ

စင်ကာပူမှဝင်ခွင့်မပေးသောရိုဟင်ဂျာ ၄၀ ကိုမလေးရှားကယ်တင်


ကျော်စွာဝင်း 
RB News 
ဒီဇင်ဘာ (၁၈) ၂၀၁၂ 

လွန်ခဲ့သည့်ရက်ပိုင်းက ဗီယက်နမ်နိုင်ငံကုန်တင်သင်္ဘောတစ်စင်းမှကယ်တင်လာသည့် ရိုဟင်ဂျာမွတ်စလင် ၄၀ ကို စင်ကာပူနိုင်ငံမှဝင်ရောက်ခိုလှုံခွင့်ငြင်းပယ်ခဲ့သည်။ တင်ဆောင်လာသည့်ခရီးသည်များ ၏အချက်အလက်များအပြည့် အစုံတင်ပြနိုင်ခြင်းမရှိသောကြောင့် ကုန်တင်သင်္ဘောကိုကမ်းကပ်ခွင့်မပေးဘဲ ထားခဲ့သည်။ 

ထိုကုန်တင်သင်္ဘောတွင်တင်ဆောင်လာသော ရိုဟင်ဂျာမွတ်စလင် ၄၀ ဦးကို ယနေ့မလေးရှားနိုင်ငံ မှကယ်တင်လိုက်ကြောင်း AFP သတင်းဌာနကိုကိုးကား၍ ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင်ဖော်ပြ ထားသည်။ 

မလေးရှားနိုင်ငံမှ AFP သို့ပြောကြားရာတွင် အဆိုပါရိုဟင်ဂျာမွတ်စလင် ၄၀ ဦးကို ဗီယက်နမ်ကုန်တင် သင်္ဘောမှ ဒီဇင်ဘာလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံရေနက်ပိုင်းအတွင်း၌ကယ်တင်ခဲ့သည်ဟုပါရှိပြီး၊ ထို ၄၀ ဦးနှင့်အတူပါရှိခဲ့သော ၁၆၀ ဦးမှာရေနစ်၍သေဆုံးခဲ့ကြောင်းလည်းဖော်ပြထားသည်။ 

မလေးရှားအေဂျင်စီမှညွန်ကြားရေးမှူးမှ မြန်မာနိုင်ငံသား ၄၀ ဦးကို မလေးရှားနိုင်ငံ၏ပြည်နယ် တစ်ခုဖြစ်သည့် ဂျိုဟိုပြည်နယ်တွင်ကယ်တင်လိုက်ကြောင်း AFP သို့အတည်ပြုပြောကြားပြီး အသေးစိတ် ကိုပြောရန်ငြင်းဆိုကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus