March 29, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

OIC အဖွဲ့မြန်မာနိုင်ငံသို့ ရိုဟင်ဂျာအရေးအတွက်လာမည်

OIC အထွေထွေအတွင်းရေးမှူးချုပ် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားနေစဉ် (ဓါတ်ပုံ - Arab News)
ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၁၈) ၂၀၁၂

ဂျဒ္ဒား ။ ။ အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေအတွင်းရေးမှူးချုပ် Prof. Ekmeleddin Ihsanoglu သည်မြန်မာနိုင်ငံသို့ မကြာမှီ သွားရောက်မည်ဖြစ်သည်ဟု အင်္ဂါနေ့ တွင် ဆော်ဒီ အာရေဗျာနိုင်ငံ ဂျဒ္ဒားမြို့၌ကျင်းပခဲ့သော သတင်းစာရှင်းလင်း ပွဲတွင်ပြောကြား ခဲ့ကြောင်းသိရ သည်။ Prof. Ekmeleddin Ihsanoglu သည် OIC အဖွဲ့ဝင်နိုင်ငံများ ၏နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များကို တိုက်ခိုက်နေသည် များအား ရပ်တန့်အတွက် သွားရောက်မည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသ၏နာမည်ကြီးအင်္ဂလိပ်သတင်းစာဖြစ်သော Arab News အားအဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ယခုသွားမည့်ခရီးစဉ်သည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်မှဖိတ်ကြားခဲ့သောဖိတ်ကြားမှုအရ သွားရောက်ရခြင်းဖြစ်ပြီး၊ နဂိုမူလစီစဉ်ခဲ့သည့် ခရီးစဉ်သာဖြစ်ပြီး၊ ထိုခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်း မရှိဘဲ  မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် ခရီးစဉ်ကြန့်ကြာ ရခြင်းဖြစ်ကြောင်း Prof.Ihsanoglu  မှပြောကြားကြောင်းသိရသည်။ 

မကြာမှီအီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင်ကျင်းပမည့် အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ညီလာခံ တွင်လည်း မြန်မာနိုင်ငံအကြောင်းထည့်သွင်းဆွေးနွေးကြမည်ဟုသိရပါသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာမွတ်စလင်များကို စတင်တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ OIC မှ အရေးပေါ် အထောက်အပံ့ အကူအညီများပေး အပ်ရန် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ ကြိုးစား ခဲ့သော်လည်း အစွန်းရောက်များ၏အဟန့်အတားများကြောင့် ယခုအချိန် ထိနှောင့်နှေးကြန့် ကြာနေခြင်းဖြစ် သည်။ လွန်ခဲ့ သည့် ရက် ပိုင်း များတွင် OIC အထွေထွေအတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဌ Mr.JusufKalla တို့ဂျကာတာမြို့တွင်တွေ့ဆုံ၍ ရခိုင်ပြည်နယ်တွင် အထောက်အပံ့များပေး အပ်နိုင် ရေးကိစ္စ ကိုဆွေးနွေးခဲ့ကြသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus