နောက်ဆုံးသတင်း/ဆောင်းပါးများ

“ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူမှမေးခွန်းများယနေ့ဖြေကြားမည်


ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၁၆) ၂၀၁၂

အယ်လ်ဂျဇီးရားသတင်းဌာနမှထုတ်လွှင့်ခဲ့သော “ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဗြိတိန်နိုင်ငံသား Phil Rees မှယနေ့ (ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့) ဂရင်းနစ်စံတော်ချိန် ၂၁း၀၀ နာရီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၇ တနင်္လာနေ့ နံနက် ၃း၃၀ နာရီ) အချိန်တွင် www.reddit.com အင်တာနက်စာမျက်နှာပေါ်တွင် သတင်းမှတ်တမ်းရုပ်ရှင်နှင့်ပတ်သက်၍ မေးမြန်းလာမည့်မေးခွန်းများ အားလုံးကိုဖြေကြားသွားမည်ဟု အယ်လ်ဂျဇီးရား သတင်းဌာန၏အင်တာနက်စာမျက်နှာပေါ်တွင်ကြေညာ ထားသည်ကိုတွေ့ရသည်။ 

အယ်လ်ဂျဇီးရားသတင်းဌာနမှထိုမှတ်တမ်းရုပ်ရှင်အားမထုတ်လွှင့်မှီ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန မှတရားဝင် ပြင်းထန်ကန့်ကွက်ခဲ့သည်။ အယ်လ်ဂျဇီးရားသတင်းဌာနမှထိုနေ့တွင်ပင် မူလသတ်မှတ်ထား သည့်အစီအစဉ်အတိုင်း ဆက်လက်ပြသသွားမည်ဟုကြေညာချက်ထုတ်၍ တုန့်ပြန်ခဲ့သည်။ 

Phil Rees ၏စာနယ်ဇင်းသက်တမ်းနှစ်ပေါင်း ၃၀ ကျော်အတွင်း အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကားနိုင်ငံ များ၏အကြောင်းများကိုတင်ပြခဲ့သည်။ မြန်မာနိုင်ငံ၏အကြောင်း ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံမှနေ၍တင်ပြခဲ့ပြီး၊ အရှေ့တောင်အာရှနိုင်ငံများ တွင် ၇ နှစ်ကြာနေထိုင်ခဲ့သည်။ ဆုတံဆိပ် ပေါင်းများစွာကိုဆွတ်ခူးခဲ့ပြီး၊ ဗြိတိန်တော်ဝင်ရုပ်မြင်သံကြားအသင်းမှ နှစ်ဆုရရှိခဲ့သည်။ 

“ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” သတင်းမှတ်တမ်းရုပ်ရှင်ကို ကမ္ဘာအနှံ့အပြားမှမြန်မာ့အရေးလေ့ လာသူများနှင့် ရိုဟင်ဂျာအရေးလေ့လာသူများကတခဲနက်ကြိုဆို၍ စောင့်စားကြည့်ရှူခဲ့ကြသည်။ ရိုဟင်ဂျာ လူမျိုးကိုမလိုလားသောသူ မြန်မာနိုင်ငံအစိုးရနှင့်အစွန်းရောက်အချို့ကသာဝေဖန်မှုများပြုလုပ် ခဲ့သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံသို့ဤရက်ပိုင်း အတွင်းသွားရောက်ခဲ့သော ဗြိတိန်နိုင်ငံ၊ နိုင်ငံခြားရေးရုံး ၀န်ကြီး Rt Hon Hugo Swire ကိုဗြိတိန်ပါလီမန်အတွင်း၌ ဗြိတိန်ပါလီမန်အမတ်များက ထိုမှတ်တမ်းရုပ်ရှင် ကိုမပျက်မကွက်ကြည့်ရန်တိုက်တွန်းခဲ့သည်။ 

အယ်လ်ဂျဇီးရားသတင်းဌာနသည် သတင်းအမှောင်ချထားသည့ှ် မြန်မာနိုင်ငံ၏သမိုင်းတွင်အမြဲထင်ရှား နေမည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း သတင်းမှတ်တမ်းများကိုနေ့စဉ်နှင့်အမျှတင်ဆက်ခဲ့သည်။

Comment ရေးရန်

Rohingya Exodus