ဘူးသီးတောင်မြို့တွင်နစကနှင့်ရဲများမှအပြစ်မဲ့များကိုဖမ်းဆီး၍ငွေညှစ်နေ
M. Rafiq & Qutub Shah
RB News
ဒီဇင်ဘာ (၁၆) ၂၀၁၂
ဘူးသီးတောင်။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နယ်စပ်ဒေသကွပ်ကွဲရေး (နစက) စခန်းအမှတ် (၂၁) မှစခန်းမှူးနှင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြတ်ထွေးတို့သည် အပြစ်မဲ့ရိုဟင်ဂျာ များကိုဖမ်းဆီးညှင်း ပန်းနှိပ်စက် ၍ငွေညှစ်နေကြောင်း သတင်းရရှိပါ သည်။ ငွေကြေးတတ်နိုင်သူများ ကိုပြန်လွှတ် ၍ ငွေကြေး မတတ်နိုင် သူ များကိုဖမ်းဆီး ထားပြီးနှိပ်စက်လျက်ရှိ ကြောင်းသိရသည်။
လွန်ခဲ့သည့်ရက်ပိုင်းများတွင် ဘူးသီးတောင်မြို့နယ်ကင်းတောင်ကျေးရွာတွင် လေးမြို့နစကစခန်းအမှတ် (၂၁) မှစခန်းမှူး နှင့်တပ်ဖွဲ့ဝင်များမှ ညအချိန်မတော်၌ရိုဟင်ဂျာမွတ်စလင်များ၏နေအိမ်များကိုရှောင်တခင် စစ်ဆေးစရာရှိသည်ဟု အကြောင်းပြ၍စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးစဉ် ရွာအတွင်းရှိ ၁၂ နှစ်အထက် လူငယ်များကိုရွေး၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနစကစခန်းအမှတ် (၂၁) တွင်ချုပ်နှောင်ထားခဲ့သည်။ ဖမ်းဆီးခဲ့သောလူငယ်များကို လူမဆန်စွာရိုက်နှက်ခဲ့ပြီး၊ ငွေကြေးတတ်နိုင်သူများကိုပြန်လည်လွှတ်ပေး ခဲ့ သည်။ ငွေကြေးမတတ်နိုင်သောသူများကို တရားမ၀င်ဖုန်းကိုင်ဆောင်သည် ဟုဇတ်လမ်းဆင်၍ တရားစွဲ ဆိုရန်စီစဉ်နေကြောင်း ပြန်လွှတ်လာသူတစ်ဦးမှ RB News သို့ပြောသည်။
ပြန်လည်လွှတ်လာသူများမှာ -
(၁) ဦးအဘူလ်ဟာရှိမ်း (ဘ) ဦးအမိရ်ဟာမီဇာ ( ၂ သိန်းပေး၍လွတ်မြောက်လာသည်)
(၂) ဦးအာရ်ဖာမောဒ် (ဘ) ဦးအဘူကလာမ် ( ၁ သိန်းပေး၍လွတ်မြောက်လာသည်)
(၃) ဦးကော်လိမုလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ ( ၁ သိန်းပေး၍လွတ်မြောက်လာသည်)
(၄) ဦးမိုဟာမတ်အီနူစ် (ဘ) ဦးနော်ဇီရ်အာမတ် ( ၂ သိန်းပေး၍လွတ်မြောက်လာသည်)
(၅) ဦးနူရ်အာမီးန် (ဘ) ဦးမိုဟာမတ်ကဲရ်အစ္စလာမ် ( ၁ သိန်းပေး၍လွတ်မြောက်လာသည်)
(၆) ဦးမိလိန်ကာ (ဘ) ဦးအီစမိုင်လ် ( ၇ သောင်းပေး၍လွတ်မြောက်လာသည်)
(၇) ဦးမိုဟာမတ်ဟူဆောင် (ဘ) ဦးကာလူ ( ၅ သောင်းပေး၍လွတ်မြောက်လာသည်)
(၈) ဦးအဘူဇာဖရ် (ဘ) ဦးဟာရုန်မျာ ( ၂ သိန်းပေး၍လွတ်မြောက်လာသည်) - တို့ဖြစ်သည်။
ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဘူးသီးတောင်မြို့အမှတ် (၇) ရပ်ကွက် ဇာဘဲရ်ရွာရှိကွန်ပျူတာနှင့်မိတ္တူကူး သည့်ဆိုင်သို့ ဒုရဲအုပ်မြတ်ထွေးရောက်ရှိလာပြီး၊ ဆိုင်ကိုစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် တောင် ကုတ်မြို့တွင်လူမဆန်စွာသတ် ဖြတ်ခဲ့ရသည့် မြန်မာမွတ်စလင် (၁၀) ဦး၏ဓါတ်ပုံများကိုတွေ့ရှိသွားသဖြင့် ဆိုင်ပိုင်ရှင် ဦးဟာဆန် (ဘ) ဦးဒိလ်ဒါရ်ဂဖာရ် အားဖမ်းဆီးခေါ်ဆောင်သွားသည်။ ဖမ်းဆီးသွား သည့် အချိန်မှ စ၍ ယခုအချိန်ထိမိသားစုများနှင့်တွေ့ဆုံခွင့်မရဟု သိရသည်။
ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဘူးသီးတောင်မြို့၊ လ/ပြင်ရှည်ကျေးရွာမှ ဦးမာဘူရာမန် (ဘ) ဦးရှမ်ရှူး အား နိုင်ငံခြားရှိအစ်ကိုနှင့်ဆက်သွယ်ကိုသည်ကိုအကြောင်းပြ၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ဒုရဲအုပ် မြတ်ထွေး မှ ငွေခြောက်သောင်း ယူ၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဘူးသီးတောင်မြို့သရက်ပြင်ကျေးရွာအုပ်စုတွင် စိုင်းဒေါင်းတောင် မှ ပြန် လာသော ဦးရရှီဒ်အာမတ် (ဘ) ဦးအဘူရှားမားအား သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေး မှူးနေ အိမ် ရှေ့တွင်အရက်ဝိုင်းသောက်နေသော ရခိုင်လူမျိုးများ (၁၀) ဦးမှ ၀ိုင်းရိုက်ရာ သွား (၄) ချောင်းကျိုး ၍ ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်။ ဖြစ်စဉ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးအားတိုင်တန်းခဲ့သော်လည်း အုပ် ချုပ်ရေးမှူးမှ “မင်းတို့ကုလားတွေကိုသတ်လိုက်ရင်လည်းဘာမှမလုပ်နိုင်ဘူး” ဟုရိုင်းပျစွာဖြေကြားခဲ့သည်။ လူမဆန်စွာရိုက်နှက်ခံရသူ ဦးရရှီဒ်အာမတ်မှ နစကစခန်းသို့လည်းသွားရောက်တိုင်တန်းခဲ့ သည်။ သို့သော် နစကစခန်းမှူးမှလည်း“မင်းတို့ကုလားတွေကိုသတ်ရင်ငါတို့အမှုဖွင့်အရေးမယူဘူးကွ”ဟုသာ ပြန်ပြောခဲ့ကြောင်း အမည်မဖော်လိုသောကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက RB News သို့ပြောသည်။