နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြဿနာရဲ့လက်သည်တရားခံများ

(ဓါတ်ပုံ - AP)
နောင်ကြီး
RB News
ဒီဇင်ဘာ (၁၈) ၂၀၁၂

ကျနော်ရခိုင်ပြည်နယ်အရေးကို အတွင်းကျကျ လေ့လာနေသူတဦးပါ။ ရခိုင်ပြည်နယ်မှာ အဓိက နေထိုင်ကြ သူတွေကတော့ (၁) ရခိုင် (၂) ရိုဟင်ဂျာမူဆလင် (၃)ကမန်လူမျိုးတွေဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၆၂-ခုနှစ်တွေကာလထိ အခြေအနေ တော်တော်ကောင်းခဲ့တယ်လို့ ပြောလို့ရတယ်။ ၁၉၆၂ ခုနှစ် နောက် ပိုင်း တဖြည်းဖြည်းနဲ့တင်းကြပ်လာခဲ့တယ်။ ကျနော်သိသလောက်ဆိုရင် ၁၉၈၂-ခုနိုင်ငံသား ဥပဒေနဲ့ တဖြည်းဖြည်းပိုတင်းကျပ်လာခဲ့တယ်။ မြန်မာနိုင်ငံမှာအများစု ဗုဒ္ဓဘာသာဝင်တွေပါ။ နိုင်ငံသား ဥပဒေ ဘာကြောင့် ထုတ်ရသလဲဆိုတာကို ယထာဘူတကျကျဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ လွတ်လပ်ရေးရပြီး ရခိုင်ပြည်မှာ မေယုနယ်ခြားခရိုင် ဆိုပီး ပြည်မကနေ တိုက်ရိုက် အုပ်ချုပ်ခဲ့တယ်။ အဲဒါဘာကြောင့်လဲဆိုတာ ကိုဆန်းစစ်ကြပါစို့။ ရခိုင်သမိုင်းအရ မူဆလင်တွေဟာ ရခိုင်ဒေသမှာ(၁) ရခိုင်မင်းလက်ထက် (၂) လွတ်လပ်ရေး မတိုင်မီကတည်းက ရှိနေခဲ့တာပါ၊ လွတ်လပ်ရေးမရခင် ၁၉၄၂ -ခုနှစ် ဂျပန်အဝင် အင်္ဂလိပ် အထွက် ကာလမှာ ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့တယ်။ ရခိုင်က ရခိုင်အများအပြားသေဆုံး ခဲ့ရကြောင်း၊ မူဆလင်များကလည်းး သူတို့အများဆုံး သေကြေ ခဲ့ကြကြောင်း ပြော ဆိုကြပါ တယ်။ ရှေးမှီနောက် မှီလူကြီးတွေရဲ့ ပြောပြချက်တွေနဲ့ သမိုင်း အထောက် အထားရှိပါ တယ်။ အဲဒီ အကြောင်း အရာကို အခြခံပြီးတော့ လွတ်လပ်ရေးအပြီးမှာ သီးခြားခရိုင် (မေယုနယ်ခြားခရိုင်) အဖြစ်ပေါ်ထွန်းခဲ့တာပါ။ ဒီမို ကရေစီနိုင်ငံတော်ကနေ စစ်အစိုးရ၊ တော်လှန်ရေး ကောင်စီတက်လာတော့ တဖြည်းဖြည်းနဲ့ မဆလ ပါတီ ပေါ်လာခဲ့တယ်။ ဒီတော့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မူဆလင်တွေအပေါ်မှာ နည်းမျိုးစုံနဲ့နှိမ်နင်းလာ ခဲ့တာ နောက်ဆုံး ဘာနဲ့တူလာခဲ့သလဲဆိုတော့ (Open Prison) သဖွယ်လုပ် ထားတယ်။ တဖြည်းဖြည်းနဲ့ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးတွေတင်း ကျပ်လာခဲ့ တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် မင်္ဂလာလက်ထပ်ခွင့်တွေပါတင်းကြပ်ခဲ့တယ်။ 

ဒါတွေကို ရခိုင်လူမျိုးက အင်မတန် သဘောကျနေကြတယ်။ တဘက်မှာရှိတဲ့ ရခိုင်ပြည်နယ် ဒေသ ပါတီတွေ၊ အုပ်ချုပ်တဲ့ ရခိုင်အမျိုးသားတွေအတွက် ဒီကုလားတွေကို ဘာလုပ်ရမယ်ဆိုတာ သီးခြားမူဝါဒ ချစရာမလိုတော့ဘူး။ ဗမာပြည်အစိုးရက တိုက်ရိုက်ညွန်ကြားသလို တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ ၊ပြည်နယ် ကောင်စီတွေက ညွန်ကြားချက်တွေ ချပေးနေတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေ စီးပွားရေး အားဖြင့် သော်လည်းကောင်း၊ ပညာရေးအားဖြင့်သော် လည်းကောင်း နှိမ့် ကျသ ထက်နှိမ့် ကျလာခဲ့တယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရလာခဲ့တာ နှစ်ပေါင်း (၆၄) နှစ်ရှိပါပြီ။ ၁၉၈၂-ခု နိုင်ငံသား ဥပဒေပြဌာန်း တာလည်း နှစ်ပေါင်း (၃၀)ရှိနေပါပြီ။ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်တွေကို စစ်ဆင်ရေးပေါင်းမြောက် မြားစွာနဲ့စစ်ဆင်ခဲ့တာ ဒီနေ့ထိဘဲ။ အဲဒီစစ်ဆင်ရေးတွေထဲမှာ နဂါးမင်းစစ်ဆင်ရေးကအပြင်းအထန် ဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ (Dragon Operation) ဆိုပြီးနာမည်ကြီးပါတယ်။ ဒီမူဆလင်တွေအပေါ်မှာ ဦးနေဝင်းခေတ်ကစပြီး ဒီနေ့ထိ မူဝါဒဆိုးတွေကို ပေါ်လစီတွေအမျိုးမျိုးချပေးနေတာရယ်၊ အစိုးရထိပ်ပိုင်း သမ္မတ ဦးသိန်းစိန်အပါအဝင် ဦးခင်ရီ၊ ဗိုလ်ချုပ်သိန်းဌေး နဲ့ရခိုင်ပြည်နယ်အစိုးရအဆုံး သတင်းစာရှင်းလင်း ပွဲတွေကို လေ့လာရင် မြန်မာပြည်သူ/ သားတွေကို လိမ်နေတာထက် ကမ္ဘာကိုလိမ်ညာနေတာ ကမ္ဘာက သိနေပါပြီ။ ဥပမာပြောရမယ်ဆိုရင် ကုလသမဂ္ဂနဲ့ ကမ္ဘာ့ လူ့အခွင့်အရေးတို့က “ခင်ဗျားတို့ နိုင်ငံရေးအကျဉ်း သမားတွေ”ကိုအမြန်ဆုံးလွှတ်ပေးပါ။ မြန်မာအစိုးရက ကျနော်တို့မှာ နိုင်ငံရေးအကျဉ်းသမား လုံးဝမရှိ ကြောင်း ဖြေကြားလေ့ရှိပါတယ်။ ထိုနည်းတူစွာဘဲ မကြာသေးခင်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ရိုဟင်ဂျာကိစ္စ တညီတညွတ်တည်း ပြောဆို ဆွေးနွေးခဲ့တော့ ကျနော်တို့ဆီမှာ “ ရိုဟင်ဂျာ” ဆိုတာမရှိကြောင်း ထုံးစံအတိုင်း ဗြောင်လိမ်ခဲ့တယ်။ ကမ္ဘာ့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ အစည်းတွေက “ ရိုဟင်ဂျာ” တွေကို ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူသား အဖြစ် သတ်မှတ်ထားပါတယ်။ ရိုဟင်ဂျာ ကိစ္စအနည်းငယ်ပြောရရင် နိုင်ငံတော်အစိုးရက ဗြောင်လိမ်နေရင်လည်း ပြည်တွင်းနေ ရိုဟင်ဂျာပညာ တတ်တွေက နိုင်ငံတော်အစိုးရထုတ် စာအုပ်စာတမ်းတွေမှာ ရိုဟင်ဂျာ အသုံး အနှုန်းတွေ အများအပြား သုံးစွဲထားခဲ့ကြောင်း ထောက်ပြပြောဆိုနေကြတယ်။ ဥပမာ (၁) မြန်မာ့ စွယ်စုံ ကျမ်း၊(၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပညာရေးဝန်ကြီးဌာနမှ၁၉၇၈ခုနှစ်ထုတ် မြန် မာနိုင်ငံပထ၀ီဝင်အထက်တန်းပြစာအုပ်(ကျောင်းသုံးပြဌာန်းစာအုပ်(၃)၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး တတိ ယ တွဲ ၏ စာမျက်နှာ -၁၂၈ တို့နဲ့အခြား အထောက်အထားမြောက်မြား စွာတွေ့ရတယ်။ 

၁၉၈၂-ခုနိုင်ငံသားဥပဒေ (ရခိုင်ပြည်နယ်) ဟု ဖေါ်ပြမထားပါ။ ဥပဒေပြဌာန်းသည့်နေ့မှစ၍ ယနေ့ မျက်မှောက် ကာလအချိန်ထိ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များကို အထပ်ထပ် စစ်ဆေးနေ ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ အဖြေကရှင်းနေပါတယ်။ အစ္စလာမ်ဘာသာ မူဆလင်ဖြစ်၍ပင်။ ဤသည်ကို အကြောင်းပြု၍ ရခိုင်ပြည်နယ်၌ ရခိုင်အမျိုးသားများ၏ တပ်ဦးများဖြစ်သော ရခိုင်အမျိုးသား များ တိုးတက်ရေး ပါတီ (RNDP)၊ ရခိုင်ဒီမိုကရေစီပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့၏ခေါင်းဆောင်များဖြစ်ကြသော ဦးအေးမောင်၊ ဦးအေးသာအောင်နှင့် ရခိုင်အစွန်းရောက် များ သည် ဗြောင်တမျိုး၊ လျှို့ဝှက်၍တဖုံ ရခိုင်-ရိုဟင်ဂျာ အဓိကရုဏ်းဖန်တီးပေးသော အဓိကတရားခံ လက် သည် များ ဖြစ်ကြောင်း အထောက်အထားမြောက်မြားစွာတွေ့ရှိရကြောင်းတင်ပြလိုက်ရပါတယ်။

  1. I am very happy to hear you, U Htay Lwin Oo. This is Aye Chan.
    I accept your challenge with pleasure. I am waiting such a chance. Go ahead.
    Aye Chan

Comment ရေးရန်

Rohingya Exodus