March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်အကြမ်းဖက်သမားများဓါးပြတိုက်သော်လည်း ရိုဟင်ဂျာများကိုသာဖမ်းဆီးသွား

M. Rafiq
RB News
ဒီဇင်ဘာ (၁၅) ၂၀၁၂

ဘူးသီးတောင်။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နယ်၊ လ/ပြင်ရှည်ကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်အား ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါ သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၄) ရက်နေ့ညသန်းခေါင်ယံ (၁) နာရီခန့်တွင် လ/ပြင်ရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒိလ်မာမတ်၏နေအိမ်သို့ ရခိုင်အကြမ်းဖက်သမား များရောက်ရှိလာပြီး၊ နေအိမ်၏တံခါးကိုသေနတ် ပစ်ဖောက်၍ဖွင့်ပြီး၊ ဓါးပြတိုက်ခဲ့ကြောင်းသိရသည်။ ဆုံးရှူံးသွားသည့်ပစ္စည်းများနှင့်ပတ်သက်၍ တန်ဖိုး အတိအကျကို ဦးဒိလ်မာမတ်ထံမှမသိရသေးပါ။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ဒုရဲအုပ်မြတ်ထွေးနှင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးတို့ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာခဲ့ သည်။

ဒုရဲအုပ်မြတ်ထွေးနှင့်အဖွဲ့သည် အကြမ်းဖက်ဓါးပြတိုက်ခဲ့သည့်သူများကိုလိုက်လံရှာဖွေဖမ်းဆီးရမည့်အစား လ/ပြင်ရှည်ကျေးရွာတွင်နေထိုင်၍ အခင်းဖြစ်စဉ်တွင်ပါဝင်ပတ်သက်ခြင်းမရှိသော အပြစ်မဲ့ရိုဟင်ဂျာလူမျိုး ၁၄ ဦးကို ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများကို ဘူးသီးတောင်မြို့နယ်ရဲစခန်းတွင်ချုပ်နှောင်ထားပြီးရိုက်နှက်၍ငွေညှစ်ခဲ့ သည်။ ငွေကြေးတတ်နိုင်သူ ၉ ဦးထံမှ ငွေကျပ်သိန်း ၂၀ ယူ၍ ယနေ့နံနက် (၁၀) နာရီတွင်ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန်သည့် (၅) ဦးကို ဆက်လက်ဖမ်းဆီး၍ ရိုက်နှက်ညှင်းပန်းနှိပ်စက်နေကြောင်း သိရ သည်။

ငွေကြေးမတတ်နိုင်၍ဆက်လက်ဖမ်းဆီးခံနေရသူများမှာ -

(၁) ဦးအီစမိုင်လ် (ဘ) ဦးအမိရ်ဟူဆောင်
(၂) ဦးလီယာကောက်အလီ (ဘ) ဦးအမိရ်ဟူဆောင်
(၃) ဦးမာမတ်ဖယာစ် (ဘ) ဦးအယုအာမတ်
(၄) ဦးမာမတ်တာဟဲရ် (ဘ) ဦးအမိရ်ဟူဆောင်
(၅) ဦးဒိလ်မာမတ် (ဘ) ဦးကာဒဲရ်ဟူဆောင် - တို့ဖြစ်သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus