March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အကြမ်းဖက်ခံရသည့်ရိုဟင်ဂျာနှင့်ကမန်လူမျိုးများ၏ထွက်ဆိုချက်များ (အပိုင်း ၂)

ကျောက်ဖြူမြို့မီးလောင်ပြင် (ဓါတ်ပုံ - Carlos Sardiña Galache )

သိန်းအောင်
RB News
ဒီဇင်ဘာ (၁၅) ၂၀၁၂

ကျောက်ဖြူမြို့တွင် အောက်တိုဘာလ အတွင်းဖြစ် ပွားခဲ့သည့် အစ္စလာမ်ဘာ သာဝင်များအပေါ် အကြမ်းဖက် သတ်ဖြတ်  မှု များတွင် ရခိုင် အမျိုး သား များ တိုး တက်ရေး ပါတီ(RNDP)၀င်များ ဦးဆောင်ပါဝင်ခဲ့ သည့်အပြင် ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့ ၊ တောင် ကုတ်မြို့၊မာန်အောင်မြို့၊ လေးတောင်နှင့်ကျောက် နီမော်ရွာများမှ အစိုး ရ အမှု ထမ်း အချို့ နှင့် နာ မည်ကြီး စီးပွား ရေးသမားအချို့ပူးပေါင်းပါဝင် ခဲ့ကြောင်း ဒေသခံများ ၏ပြောပြ ချက်များ အရ သိရသည်။

ဒုသမ္မတ (ငြိမ်း) ဦးတင်အောင်မြင့်ဦး၏စီးပွားရေးပါတနာတစ်ဦးဖြစ်သောတောင်ကုတ်မြို့မှ နာမည်ကြီး စီး ပွားရေး သမား တစ်ဦးဖြစ်သူ ဦးကျောက်တောင်သည် အနယ်နယ်အရပ်ရပ်မှလူအင်အားစုဆောင်းရာတွင် လူအား၊ ငွေအားဖြင့်တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အစီအစဉ်များနှင့်ပတ်သက်၍ “ကျောက်နီမော်ရွာက ဆရာဝန်ဒေါက်တာအောင်စစ်ထွန်းက ၀ါဒဖြန့်ချီရေးနဲ့ စည်းရုံးရေး အပိုင်းကိုတာဝန်ယူခဲ့တယ်။ သယ်ယူပို့ဆောင်ရေးကိုတော့ ရမ်းဗြဲမြို့ကငါးလုပ်ငန်းဦးစီးဌာနက ဦးစီးမှူးကိုယ်တိုင်စီစဉ် ပေးခဲ့တယ်” ဟုကျောက်ဖြူမြို့ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

စည်းရုံးရေးအပိုင်းကို “ကျွန်တော်တို့မွတ်စလင်တွေကိုအကြမ်းဖက်ဖို့အတွက် မြို့တွေ၊ ရွာတွေအနှံ့က ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို လူတစ်ယောက်ကို နှစ်သောင်းပေးတယ်။ အဲဒါအပြင်မွတ်စလင်အိမ်တွေက ပစ္စည်းတွေကိုစိတ်ကြိုက်ခွဲယူ နိုင်တယ်လို့ပြောပြီးစည်းရုံးခဲ့တာ။ ကျောက်ဖြူမှာရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဗုဒ္ဓ ဘာသာဝင် လူကြီး၊ လူကောင်းတွေက အကြိမ်ကြိမ်တားတယ်။ ဒါပေမယ့်အစွန်းရောက်တွေက နား မထောင်ခဲ့ဘူး။” ဟုအဆိုပါဒေသခံကဆက်လက်ပြောသည်။

ယခုအခါကျောက်ဖြူမြို့တွင် ရခိုင်အစွန်းရောက်များမှကျူးလွန်ခဲ့သော လူသတ်မှုများ၊ လုယက်မှုများ၊ မီးရှို့ခဲ့သော အပြစ်များကို အာဏာပိုင်များနှင့်ပူးပေါင်း၍ မွတ်စလင်များအပေါ်သို့လွှဲချနေကြသည်။

“ကျောက်ဖြူမြို့မှာအကြမ်းဖက်မှုတွေဖြစ်ပြီးတဲ့နောက် အစိုးရကနောက်ကွယ်ကနေပါတီတွေကြိုးကိုင် လှုပ် ရှားနေ တယ်လို့သတင်းထုတ်တော့ RNDP ပါတီကဦးဆောင်ပြီး ကျောက်ဖြူမြို့မှာ နယ်တွေကရခိုင် အစွန်းရောက်ခေါင်း ဆောင်တွေကိုခေါ်ပြီးအရေးပေါ်အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်။ အဲဒီအစည်း အဝေးမှာ သူတို့ကကျောက်ဖြူမှာ ဖြစ်တဲ့ အကြမ်းဖက်၊ လူသတ်၊ အိမ်မီးရှို့တာတွေကို မွတ်စလင်တွေက စလုပ်တယ်ဆိုပြီးပြဿနာအားလုံးကို မွတ်စလင်တွေအပေါ်ပုံချဖို့စီမံကိန်းတွေဆွဲတယ်လို့ကျွန်တော် တို့ပြန် ကြား တယ်။ ကျွန်တော်တို့ကြားတဲ့အတိုင်းဘဲ အမှန်တကယ်လဲသူတို့တွေအကောင်အထည်ဖော်နေ တာ ကိုမြင်တွေ့နေရတယ်။”

“မွတ်စလင်အိမ်တွေနဲ့ကပ်နေတဲ့ဗုဒ္ဓဘာသာဝင်အိမ်အချို့မီးလောင်သွားတာရှိတယ်။ အဲဒီအိမ်ပိုင်ရှင်တွေက တရားလိုလုပ်ပြီးမွတ်စလင်တွေကသူတို့အိမ်တွေကိုမီးစရှို့ပါတယ်ဆိုပြီးတရားစွဲထားတယ်။”ဟု ကျောက်ဖြူမြို့ မှ ဒေသခံမှ RB News သို့ပြောသည်။

ကျောက်ဖြူမြို့တွင်အကြမ်းဖက်မှုကြောင့် စစ်တွေမြို့သဲချောင်းဒုက္ခသည်စခန်းသို့ရောက်ရှိလာသော ဒုက္ခ သည်များ ထဲမှ မွတ်စလင် (၆) ဦးကိုဖမ်းဆီးသွားပြီး စစ်တွေရဲစခန်းတွင် ရဲများနှင့်ရခိုင်အစွန်းရောက် များ က နည်းလမ်းပေါင်းစုံပြီး ညှင်းပန်းနှိပ်စက်၍ ကျောက်ဖြူမြို့မှဗုဒ္ဓဘာသာဝင်အိမ်များကိုစတင်၍မီးရှို့ ခဲ့ပါ သည်ဟုအတင်းအဓမ္မ၀န်ခံလက်မှတ် ရေးထိုးခိုင်းခဲ့သည်။ အစပိုင်းတွင်မလုပ်ခဲ့ဘူးအကြိမ်ကြိမ်ငြင်း ခဲ့သော် လည်း နောက်ဆုံးတွင်နည်းလမ်းပေါင်းစုံဖြင့် ညှင်းပန်းနှိပ်စက်ခြင်းကိုမခံနိုင်၍ ၀န်ခံလက်မှတ်ထိုးခဲ့ ရသည်။ ထို (၆) ဦးကို စစ်တွေအကျဉ်းထောင်မှ ကျောက်ဖြူမြို့ အကျဉ်းထောင်သို့ခေါ်ဆောင်လာပြီး ပုဒ်မ ၃၂၆/၄၃၆ နှင့်တရားစွဲဆိုထားသည်ဟုသိရသည်။

မွတ်စလင်များထဲမှ ၂၀ ဦးကိုထပ်မံဖမ်းဆီးမည်ဟု ကျောက်ဖြူမြို့၊ စစ်တွေမြို့များရှိဒုက္ခသည်စခန်းများတွင် သတင်းများပျံ့နှံ့လျက်ရှိသည်။

“ကျောက်ဖြူမှာမွတ်စလင်အိမ်တွေကိုဘယ်သူကဦးဆောင်ပြီးမီးရှို့တယ်၊ဘယ်သူကရေနံဆီထုတ်ပေးတယ်၊ ဘယ် သူက ကားတွေစီစဉ်ပေးတယ်၊ နယ်ကလူတွေကို ဘယ်နေရာတွေမှာ စုပြီးထားတယ်ဆို တာ ကို ကျောက်ဖြူမြို့မှာ ရှိတဲ့လူတွေတင်မဟုတ်ဘူး၊ ခွေးတွေကအစသိတယ်” ဟုဆက်လက် ၍ပြော သည်။

၎င်းကဆက်လက်၍ “ဘယ်သူတွေလုပ်တယ်ဆိုတာ ကျွန်တော်တို့မွတ်စလင်တွေကိုမေးနေစရာမလိုပါဘူး၊ သိက္ခာ သမာဓိရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကိုမေးကြည့်ကြပါ။ သူတို့အားလုံးပြောပြလိမ့်မယ်။ အခုအာဏာ ပိုင်တွေကိုယ်တိုင်က ရခိုင်အစွန်းရောက်တွေလက်ညိုးထိုးပြတဲ့သူတွေကိုလိုက်ပြီးဖမ်းနေတယ်။ ဒီလူ မျိုးတွေ ဘာကြောင့် ဒီလောက်လူစိတ်ကင်းမဲ့သွားရတယ်ဆိုတာကို ကျွန်တော်တို့မစဉ်းစားတတ်တော့ ဘူးဖြစ်နေ တယ်။ ကျွန်တော်တို့အပေါ်တော်တော်လေး ယုတ်မာရက်စက်ခဲ့တယ်။ သူတို့တွေနှုတ်က ခဏ ခဏရွတ်နေကြတဲ့ (ကံ၊ ကံ၏အကျိုး) ဆိုတဲ့စကားအတိုင်း အခုကျွန်တော်တို့ဒုက္ခခံစားနေရသလို သူတို့တွေရဲ့အလှည့်မရောက်ပါစေနဲ့လို့ဘဲ ကျွန်တော်တို့ဆုတောင်းပေးနေပါတယ်” ဟုဒေသခံမှ RB News သို့ပြောသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus