နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာလူမျိုးများကိုညှင်းပန်းနှိပ်စက်မှုများပိုမိုဆိုးရွားလာ


ညီညီအောင်
RB News
ဒီဇင်ဘာ (၁၆) ၂၀၁၂

မောင်းတော ။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ နယ်စပ်ဒေသကွပ်ကွဲရေးစခန်းအမှတ် (၁၄)၊ နယ်မြေ (၆) မှ အရာရှိ အောင်နိုင်အပါအ၀င် ရှစ်ဦးတို့သည် ရွှေဇားအလယ်ရွာသို့ ဒီဇင်ဘာလ (၁၂) ရက် နေ့တွင် လာရောက်၍ အပြစ်မဲ့ရိုဟင်ဂျာ မွတ်စလင်များကိုဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးသွားသူများကို ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့ပြီး၊ နောက်နေ့တွင်ငွေညှစ်၍ ပြန် လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။ 

ကံမကောင်းစွာဖမ်းဆီးခံရပြီး၊ ငွေပေး၍လွတ်မြောက်လာသူများမှာ - 

(၁) ဦးနဘီဟူဆောင်(ဘ)ဦးနူးရ်အစ္စလာမ်(အသက်၄၅ နှစ်)(နစကကိုပေးခဲ့ရသည့်ငွေကျပ် - တစ်သိန်း ရှစ်သောင်း) 
(၂) ဦးအီဘရာဟင်ခလိလ် (ဘ) ဦးဆမ်မျာ (အသက် ၆၀ နှစ်) (နစကကိုပေးခဲ့ရသည့်ငွေကျပ် - တစ်သိန်းနှစ်သောင်း) 
(၃) ဦးဇီယာအူဒင် (ဘ) ဦးဇကရီယာ (အသက် ၄၀ နှစ်) (နစကကိုပေးခဲ့ရသည့်ငွေကျပ် - တစ်သိန်း) 
(၄) ဦးအဗ်ဒူရှကုရ် (ဘ) ဦးနူးရ်ဟူဆောင် (အသက် ၄၀ နှစ်) (နစကကိုပေးခဲ့ရသည့်ငွေကျပ် - ငါးသောင်း) 
(၅) ဦးနူးရ်အာလမ် (ဘ) ဦးနူးရ်ဟူဆောင် (အသက် ၃၅ နှစ်) (နစကကိုပေးခဲ့ရသည့်ငွေကျပ် - ငါးသောင်း) 
(၆) ဦးအဘူဟာရှင် (ဘ) ဦးအဗ်ဒူရာမန် (အသက် ၅၀ နှစ်) (နစကကိုပေးခဲ့ရသည့်ငွေကျပ် - တစ်သိန်း) 

“ရိုဟင်ဂျာတွေရဲ့ဘ၀ရှင်သန်ရေးအတွက်အာဏာပိုင်တွေပိုက်ဆံပေးနေရတယ်။ တကယ်လို့မပေးဘူးဆိုရင် ဇွန်လမှာဖြစ်ခဲ့ တဲ့အရေးအခင်းမှာပါဝင်တဲ့သူ၊ ဒါမှမဟုတ် အရေးအခင်းကိုအားပေးကူညီခဲ့သူလို့သတ်မှတ် ပြီး အမည်မည်းစာရင်း  (Black List) ထဲထည့်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟုရွှေဇားရွာ အနီး မှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ရဲအရာရှိသိန်းဌေးနှင့်တရားသူကြီး (နှစ်ဦးလုံးမှာ ရခိုင်အစွန်းရောက်များဖြစ်) တို့သည်အသက် ၁၀ နှစ်အ ထက်အပြစ်မဲ့ ရိုဟင်ဂျာများကို ဇွန်လတွင်ဖြစ်ပွား ခဲ့သောအရေးအခင်း ၏တရားခံများ စာရင်းတွင်သွင်း ၍ ဖမ်းဆီးရန်စာရင်းပြုလုပ်ထား ကြောင်းသိရသည်။ တရားရုံးမှဖွင့်ခွင့်ဝရမ်းထုတ်ထားပြီး၊ ဖမ်းဆီး၍ ညှင်း ပန်းနှိပ်စက်ပြီး ငွေညှစ်ရန်နှင့်နောက်ဆုံးအဆင့် အနေဖြင့်ရခိုင်ပြည် နယ်မှထွက်သွားရန်အထိစီစဉ် ထားကြ သည်။ 

မင်းပြား ။ ။ တပ်ရင်း ၃၇၉ မှစစ်သားများသည် လက်တော်ရွှဲ (ကျွန်းအုပ်) နှင့်စပ်ကြာရွာများမှ ဆင်းရဲသော ရိုဟင်ဂျာ လယ်သမားများထံမှ မညှာမတာငွေညှစ်နေကြောင်းသိရသည်။ ဗိုလ်မှူးဇော်သက်ပိုင်နှင့် တပ်ကြပ်မြင့်မိုးတို့မှ ရိုဟင်ဂျာလယ်သမားများစွာကို ဒီဇင်ဘာ (၁၄) ရက်နေ့တွင်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီး သွားသူများထံမှငွေညှစ်၍ ပြန်လည်လွှတ်ပေးလိုက်ကြောင်းသတင်းရရှိပါသည်။ 

ဖမ်းဆီးခံရသူများမှာ - 

(၁) ဦးဇာဟိဒ်ဟူဆောင် (ခ) မောင်နီနှင့်သားဖြစ်သူ (ပေးခဲ့ရသည့်ငွေကျပ် - ခြောက်သောင်း) 
(၂) ဦးခင်မောင်ရွှေ (ပေးခဲ့ရသည့်ငွေကျပ် - သုံးသောင်း) 
(၃) ဦးအာလမ် (ပေးခဲ့ရသည့်ငွေကျပ် - နှစ်သောင်းခွဲ) 
(၄) ဦးနူးရ်ကူဒူ (ပေးခဲ့ရသည့်ငွေကျပ် - နှစ်သောင်းခွဲ) 
(၅) ဦးအဗ်ဒူနှင့် လယ်သမား ၁၂ ဦး (ပေးခဲ့ရသည့်ငွေကျပ် - နှစ်သိန်းခြောက်သောင်း - တစ်ဦးလျှင် နှစ်သောင်းစီ) 
(၆) ဦးနူးရ်မိုဟာမတ်နှင့် ဦးရဖိခ် (ပေးခဲ့ရသည့်ငွေကျပ် - ခုနှစ်သောင်း) 
(၇) ဦးနူးရ်အစ္စလာမ် (ပေးခဲ့ရသည့်ငွေကျပ် - ခုနှစ်သောင်း) 
(၈) ဦးကူးရ်ရှီဒ် (ပေးခဲ့ရသည့်ငွေကျပ် - ခုနှစ်သောင်း) 

“ဖမ်းခံရတဲ့သူတွေအားလုံးကလယ်သမားတွေ။ သူတို့စိုက်ထားတဲ့ယာခင်းတွေမှာသီးနှံတွေအခိုးမခံရဖို့နေ့နဲ့ ညနဲ့ စောင့်နေတဲ့သူတွေ။ အဲဒီတပ်ရင်း ၃၇၉ ကအရာရှိကတော့ ကျွန်တော်တို့ကိုအမြဲဒုက္ခပေးနေတယ်။ ခင်ဗျားတို့ရိုဟင်ဂျာ ကုလားတွေတရားမျှတတာကို ဆက်ပြီးတောင်းမယ်ဆိုရင် ကျွန်တော်တို့ဖမ်းပြီးရဲလက် အပ်မယ်လို့ခြိမ်းခြောက်တယ်။ သူတို့တပ်ရင်းကိုဒီမှာထား ကျွန်တော်တို့ကိုအကာ ကွယ်ပေး ဖို့၊  နှိပ်စက်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့မှာနေ့တိုင်း ကြက်၊ ဘဲ၊ ဆိတ်နဲ့အခြားစားစ ရာတွေ သူတို့ကိုပေးနေ ရ တယ်” ဟုမင်းပြားမြို့မှအမည်မဖော်လိုသူဒေသခံတစ်ဦးမှ RB News သို့ပြော သည်။ 

ပေါက်တော ။ ။ ပေါက်တောမြို့ရှိရိုဟင်ဂျာဒုက္ခသည်များကို မိမိတို့၏ကျေးရွာများသို့ပြန်ရန် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် အာဏာပိုင်များမှ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။ သို့သော်လည်း ဒုက္ခသည် များ မှာ အောက်ဖော်ပါအချက်အလက်များကိုသဘောတူညီမှသာပြန်မည်ဟုအာဏာပိုင်များသို့ပြန်ကြားခဲ့ကြောင်း သိရသည်။ 

(၁) မိမိတို့မီးလောင်ဆုံးရှူံးခဲ့ရသည့်မူရင်းနေရာများတွင် နေအိမ်ဆောက်လုပ်ခွင့်ပြုရမည်။ 
(၂) ရိုဟင်ဂျာများကိုလုံခြုံရေးကဏ္ဍတွင်ပါဝင်ဆောင်ရွက်ခွင့်ပြုရမည်။ 
(၃)အခြားဒုက္ခသည်ဘ၀ရောက်နေသောရိုဟင်ဂျာများကိုလည်းမိမိတို့၏နေရပ်သို့ပြန်လည်သွားခွင့်ပြုရမည်။ 

ယခုအချိန်ထိအာဏာပိုင်များတစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိဟုသိရသည်။ 

Comment ရေးရန်

Rohingya Exodus