နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိုက်ပါတယ် ဦးခင်ရီ


ဌေးလွင်ဦး
RB News
16.12.2012

လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက- မြန်မာနိုင်ငံမှာ နိုင်ငံသား အဖြစ် ဆုံးဖြတ်ချက်ကို “သွေးပေါ်မှာ မူ တည်ပြီး ဆုံးဖြတ်မယ်”လို့ လူသိရှင်ကြား တရားဝင်ပြောဆိုခဲ့ပါပြီ။ ဥပဒေ တစ်ရပ်ကို ပြဌာန်းတိုင်း ကျွန်ုပ်တို့ ဘက်မှ ကန့်လန့်တိုက် ငြင်းဆိုနေရန် အကြောင်းမရှိပါ။ မိမိနှင့် အတိုက်အခံ ဖြစ်လင့်ကစား-၊ ဥပဒေကို ဥပဒေ ကဲ့သို့ တန်းတူညီမျှ ဆောင်ရွက်လျှင် လက်ခံပေးရမည် ဖြစ်သည်။

သို့သော် ၀န်ကြီး ဦးခင်ရီနှင့် ထိုဥပဒေအား သဘောတူပေးသည့် သူအပေါင်း အား မေးမြန်းလို သည် မှာ- သွေးနှင့် ဆုံးဖြတ်မည့် ဥပဒေကို ဖြစ်စေ၊ ၈၂ နိုင်ငံသား ဥပဒေကို ဖြစ်စေ-၊ မြန်မာတစ်နိုင်ငံလုံးရှိ လူ သား အားလုံးအတွက် တန်းတူညီမျှ သက်ရောက်မှု ရှိရန် ပြန်ဌာန်းပါသလား-၊ သို့မဟုတ် အစ္စလာမ် သာသနာဝင်များ အတွက်သာ ရည်ရွယ်ချက်နှင့် ပြဌာန်းပြောဆိုနေပါသလား။

ထို့အပြင်- ရခိုင်နယ်ရှိ လူမျိုးတို့၏ သမိုင်းအမှန်နှင့် ပထ၀ီအနေအထားများကို ၀န်ကြီး ဦးခင်ရီတို့ တိကျသေ ချာ စွာ လေ့လာပြီးပါပြီလား၊ ထိုလေ့လာချက်အား မှန်၏၊ မမှန်၏- မွတ်ဆလင် အပါအ၀င် ရခိုင်နယ်ရှိ လူမျိုး စု အားလုံးမှ ပညာရှင်များနှင့် ကမ္ဘာသိ တရားဝင် ဆွေးနွေးဖလှယ်ပြီးပါပြီလား။- ဆိုသည်များကို ဆင်ခြင်စေလိုပါ တယ်။

သို့မဆင်ခြင်သေးနိုင်စေကာမူ- အားတော့အားနာပါ၏၊ သို့သော် တည့်မေးရမည့် မေးခွန်းများက ရှိနေ ပါသေး သည်။ ဦးခင်ရီတို့၏ ဆရာသမားကြီးများ ဖြစ်သည့် ဦးနေ၀င်း၊ ဦးစန်းယု၊ ဦးခင်ညွှန့် တို့မှာ မြန် မာပြည် ထဲသို့ ရောက်လာသည့် သွေးဆက် ဘယ်နှစ်ဆက်ခန့် ရှိပြီဟု ထင်ပါသလဲ။ (လိန်မယ်တော့ မကြံ ပါနဲ့ ကမ္ဘာက သိနေ ပါတယ်။)

အနီးစပ်ဆုံး သက်သေအဖြစ် ထုတ်ပြန်ရန် ကြံသေးသည်မှာ-၊ ဦးခင်ရီအပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှ ဗုဒ္ဓ ဘာသာဝင် အများစုကြီး ကြည်ညိုလေးစား အမြတ်တနိုးထားနေသည့် သီတဂူ ဆရာတော်ကြီး က မြန်မာပြည် ၏ သွေးဆက်ဘယ်နှစ်ဆက်ရှိပြီဟုထင်မှတ်ပါသလဲ။(ထိုဆရာတော်ကြီးကိုလည်း မြန်မာနိုင် ငံသား မဟုတ်ဟု သတ်မှတ်ထားပါသလား။) ထိုဆရာတော်ကြီး မှာ- တောင်ကုတ်မြို့ တွင် အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရသည့် မွတ်ဆလင် ဆယ်ဦးနှင့် သွေးချင်းတူသည့်အိန္ဒိယ တောင်ပိုင်းမှ ဆင်းသက်လာသည့် လူမျိုးသာ ဖြစ်ကြောင်း ဦးခင်ရီတို့ အစိုးရမှ မသိလေ သလား။ တောင်ကုတ် တွင် အကြမ်းဖက်သတ်ဖြတ်ခံသူများကို ဦးခင်ရီက ဘယ်လို အမည်နာ မနဲ့ ခေါ်ခဲ့ ပါသ လဲ။ သို့မဟုတ် ဘယ်လို အမည်နာမမျိုးနဲ့ လူမျိုးစုဟု စိတ်ထဲမှာ သတ်မှတ်ထားပါ သလဲ။

တောင်ကုတ်မြို့မှာ သတ်ဖြတ်ခံရတဲ့ လူပုဂ္ဂိုလ်ဆယ်ဦးကို ဦးခင်ရီတို့ အစိုးရက “ကုလားလူမျိုး”ဟု အစိုးရ သတင်းစာမှာ ဖေါ်ပြခဲ့ခြင်းဟာ ပူပူနွေးနွေးသာ ရှိပါသေးတယ်။ သီတဂူဆရာတော် ဦးဉာဏိသရ မှ မြန်မာလူမျိုး စစ်စစ် ဖြစ်သွားပါသလား။ ဒီလို ဆိုရင်တော့ ဦးခင်ရီတို့ရဲ့ “သွေး ဥပဒေ”က အလွန် ယုတ္တိ မဲ့နေ ပါလိမ့်မယ်။ သို့ မဟုတ် “ဗုဒ္ဓဘာသာ ဥပဒေ”ရယ်လို့ ကမ္ဘာက သတ်မှတ်လိုက်ပါလိမ့်မယ်။

ကုလားဖြစ်ဖြစ်၊ ဘင်္ဂလီဖြစ်ဖြစ်-ဗုဒ္ဓဘာသာကိုလက်ခံလိုက်ရင် အလိုအလျှောက်  မြန်မာနိုင်ငံ သား ဖြစ် သွားပြီး၊ ဗမာ ဖြစ်ဖြစ် ရခိုင်ဖြစ်ဖြစ် အစ္စလာမ်ကို ကိုးကွယ်လိုက်တာ နဲ့ အလိုလို နိုင်ငံခြားသား ဥပဒေ ဖြစ် သွားရမယ်- ဆိုတဲ့ ဥပဒေက သွေးဥပဒေ မဟုတ်ပါ။ ဘာသာ ဥပဒေသာ ဖြစ်ပါတယ်။ စစ်တပ်က လာခဲ့တဲ့ ပုဂ္ဂိုလ်ပဲ ရဲရဲ တင်း တင်း ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်ပါ။

လူမျိုးစု သမိုင်းကို လိန်၊ ပြီးတော့- သွေး ဘယ်နှစ်ဆက်က မြန်မာပြည်ထဲ မှာ နေခဲ့မှ မြန်မာနိုင်ငံ သား ဖြစ်ရမယ် ဆိုပြီး လျှောက်ပြော၊ ယုတ္တိမရှိ၊ ဗဟုသုတမရှိတဲ့ စကားတွေနဲ့ ၀န်ကြီးတစ်ဦးရဲ့ ပါးစပ်က မပြောသင့်ပါ။ အဲ့ဒီဝန် ကြီး ပါဝင်နေတဲ့ အစိုးရ တစ်ရပ်လုံး ပညာဉာဏ်အလွန်ကင်းမဲ့နေတယ်လို့ ကမ္ဘာက သတ်မှတ်နေတာကို ရပ် သင့်ပြီ ထင်ပါတယ်။ ကိုယ့်အစိုးရ ကိုယ့်ပါတီကို ကမ္ဘာက လေးစားအောင်၊ ဂုဏ်ရှိအောင်၊ အသိအမှတ်ပြု အောင် ကြိုးစားဘို့ ၀န်ကြီးတိုင်းမှာ တာဝန်ရှိနေတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဘယ်ဖွဲ့စည်းပုံနဲ့ ကိုင်ထားကိုင် ထား- လက်ရှိဝန်ကြီးတွေဟာ ရာသက်ပန် အာဏာ မမြဲနိုင်ပါ။ မိမိပါတီ သိက္ခာရှိနေမှ အဲ့ဒီပါတီက အာဏာကို ထိန်းထားနိုင်မှာ ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း ထည့်စဉ်းစားစေလိုတယ်။

ဘယ်လိုဖြစ်ဖြစ်- ဦးခင်ရီ ပြောသလို “သွေး ဥပဒေ”ကိုလည်း “ဥပဒေ ရဲ့ ဂုဏ်အင်္ဂါရပ်နဲ့ အညီ ပြဌာန်း လိုက်ပါ။ အဲ့ လိုဆိုရင် “ကျွန်ုပ်တို့ ကြိုက်ပါတယ်”လို့ ထောက်ခံလိုက်ပါမယ်။ ကျွန်ုပ်တို့ မြန်မာ မွတ်ဆ လင်တွေ က ဥပဒေရဲ့ ဂုဏ်အင်္ဂါနဲ့ညီတဲ့ ဘယ်ဥပဒေကိုမှ မငြင်းဘူး ဆိုတာ ဦးခင်ရီ လက်တွေ့ တွေ့ရ ပါလိမ့်မယ်။

တစ်ခုပဲ ပြောလိုက်ပါရစေ။ ဦးခင်ရီပြောတဲ့ “သွေး ဥပဒေ”ကို ပြဌာန်းပြီးပြီ ဆိုရင်-၊ ဦးခင်ရီတို့ အစိုးရသည် ဥပဒေကို ကျောသားရင်သား မခွဲခြား ဘူးဆိုတာ သက်သေပြတဲ့အနေနဲ့- မြန်မာတစ်ပြည်လုံးက သိနေတဲ့ သီ တဂူ ဆရာတော်လို ပုဂ္ဂိုလ်၊ ဦးခင်ညွှန့်လို လူမျိုး၊ မြန်မာအထက်ပိုင်းကို မြိုထားတဲ့ လူမျိုးတွေ ကို နိုင်ငံသား မှတ် ပုံတင် အရင်စီစစ်ပြီး မြန်မာတစ်ပြည်လုံးနဲ့ ကမ္ဘာကိုသက်သေပြလိုက်ပါ။ အဲ့လို သက်သေပြနိုင်တဲ့ ဥပဒေမျိုး၊ ခိုင်မာတဲ့ ဥပဒေမျိုးကို ကျွန်ုပ်တို့ မြန်မာမွတ်ဆလင်တွေ နာခံလိုက်နာဘို့ အသင့်ပါပဲ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Rohingya Exodus