နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အစွန်းရောက်များ၏ယခုတလောလှုပ်ရှားမှုများ

အမ်၊ အက်စ်၊ အဏ္ဏ၀ါ 
RB News 
17.1.2013

အခုရေးမယ့် အကြောင်းအရာတွေကို ဆန့်ကျင်မယ့်သူတွေရှိမယ် ဆိုတာသေချာပါတယ်။ ဘယ်လို ဘဲဖြစ်ဖြစ် အမှန်တရားဆို တာတော့ အမှန်တရားပါ။ ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး။ ရိုးသားစွာ အမှန် တရားကိုလိုလား တဲ့သူတွေ အတွက်တော့ တကယ်ကိုသိသင့်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ် မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြီးက ရိုဟင်ဂျာ (မြန်မာတွေက တရားမ၀င်ခိုး ၀င်လာတဲ့ ဘင်္ဂလီ လို့မြင်တဲ့သူ များ) တွေကြောင့်ဖြစ်ခဲ့ တာမဟုတ်သလို ဂိုဏ်းဂဏ စွဲကြောင့်ဖြစ်ခဲ့တာလည်း မဟုတ် ဘူး။ ဒါက ဘာသာရေး၊ လူမျိုးဖိနှိပ်မှု တစ်ရပ် အနေနဲ့သေချာစနစ် တကျအကွက်ချပြီးမှ ရိုဟင်ဂျာနဲ့ ကမန်တွေကိုလုပ်ခဲ့ တာပါ (ကမန်တွေရဲ့ ဘာသာကိုးကွယ်မှုပေါ်မှာ အခြေခံပြီး အသတ်ခံ ရတာဖြစ်တယ်)။ အမိ ရခိုင်ပြည်ရဲ့ မူရင်းဒေသ ခံတွေဖြစ် ကြတဲ့သူတို့ လူမျိုးနှစ်မျိုးစလုံး တို့ဟာ တကိုယ်ကောင်း ဆန်ပြီးနိုင် ငံရေး ဦးတည်ချက် မတူညီ တဲ့နိုင်ငံရေး အုပ်စုနှစ်စု တို့ရဲ့ ရက်စက်လွန်း တဲ့နိုင်ငံရေး ကစားကွက်အောက်မှာ ဓါးစာခံဖြစ်နေ ကြရတာ ကြာမြင့်လှပါပြီ။ နိုင်ငံရေး ကစားကွက်တွေကို ကစားခဲ့တဲ့ အုပ်စုတွေကတော့ တခြား သူတွေ မဟုတ်ဘူး။ မြန်မာအစိုးရနဲ့ ရခိုင် အစွန်းရောက်တွေ ဘဲဖြစ်ပါတယ်။ မြန်မာ အစိုးရရဲ့ ရည် ရွယ် ချက်ကတော့ ဒီအကြမ်း ဖက်မှုမဖြစ်ခင် ကြုံတွေ့နေခဲ့ ရတဲ့ နိုင်ငံရေးပြဿ နာတွေကို အာရုံလွှဲဖို့ အတွက်ဘဲဖြစ်တယ်။ 

မြန်မာ အစိုးရက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကြီးကို အဆုံးသတ် ချင်ပေမယ့်လည်း ရခိုင်အစွန်းရောက်နိုင် ငံရေး ခေါင်းဆောင်တွေ ကတော့ ရိုဟင်ဂျာတွေကို ဘာသာရေး၊ လူမျိုးရေး အရဖိနှိပ်မှုတွေ လုပ်ခဲ့ တာတွေမှာ အစိုးရ ကိုယ်တိုင်ပါဝင်ခဲ့ တဲ့အကြောင်းကို မြင်သာအောင် လုပ်ပြီး အခြေအနေ ကို တည် ငြိမ်အေး ချမ်းခွင့်မပေးဘူး။ အဲဒီလို ဘာကြောင့်လုပ်နေ ရသလဲဆိုတော့ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ မဟာရက္ခိ တနိုင်ငံတော်ကြီး (သီခြား လွတ်လပ်တဲ့ရခိုင်နိုင်ငံတော်) ကိုမြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂ လားဒေ့ ရှ်နိုင်ငံက စစ်တကောင်း တောင်တန်းဒေသကို ပူးတွဲပြီး တည်ထောင်ချင် လို့ပါ။ ကျွန်တော့်ရဲ့မြန်မာ သူငယ်ချင်း တစ်ယောက်ကတော့ ဒီကိစ္စကိုသရော်ပါတယ်။ မဖြစ်နိုင်ဘူးလို့ပြောတယ်။ တကယ်ဖြစ်နိုင် ပါ့မလား? ဒါကတော့ ဒီနေ့လူတွေ တော်တော် များများအတွက် ရယ်စရာ ဟာသတစ် ခုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်မနက်ဖြန်တော့ တကယ် ဖြစ်လာနိုင်မယ်။ ဒီနေ့မဖြစ်နိုင်ဘူးဆိုတဲ့အမှန်တရားကမနက်ဖြန်တော့ အမှန်တရားဖြစ်လာနိုင်မယ်။

မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကရခိုင်များရဲ့ပူးတွဲလှုပ်ရှားမှုများ 

မြန်မာနိုင်ငံမှာ ရှိတဲ့ရခိုင်တွေက သူတို့နဲ့ လူမျိုးတူလို့ စဉ်းစားတဲ့ လူမျိုးကွဲ ဗုဒ္ဓဘာသာဝင်  ၁၀ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာရှိပါတယ်။ ဂျာမူးတောင်တန်းနွယ်လူမျိုးစုလို့ပြောကြတဲ့ မာရမာ (မြန်မာနိုင်ငံကရခိုင် လူမျိုး)၊ ဘရ်ဝါ (မာရမာကြီး သို့မ ဟုတ် မြန်မာကြီး) နှင့် ချက္ကမာ (သက်) တို့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာနေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့တွေ ထဲမှာ ဘရ်ဝါနဲ့ သက်လူမျိုးတွေရဲ့ ဘာသာ စကား တွေက ရိုဟင်ဂျာတွေနဲ့ တူတယ်။ ဘရ်ဝါရဲ့သွင်ပြင်လက္ခဏာကတော့ ရိုဟင်ဂျာနဲ့ပိုပြီး နီးစပ်ပါ တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာနိုင်ငံက ရခိုင်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ၀င်လူ နည်း စု တွေ ကို တတ်နိုင် သမျှသွေးဆောင်ဖြားယောင်းပြီး အင်အားဖြစ်အောင် စုစည်းထား သလိုသူတို့ရင်ထဲကို လည်း ခွဲထွက်ခြင်း ဆိုတဲ့ အမုန်းတရား၊ မကောင်းတရားတို့ကို စိုက်ပေးနေကြတယ်။ 

အဲဒါကြောင့် ရခိုင်အနည်းစုကလွဲပြီး၊ ရခိုင်နိုင်ငံပါတီများ (သို့မဟုတ်) လက်နက်ကိုင်အုပ်စုများ၊ မီဒီ ယာအုပ်စုများ၊ အမျိုးသ မီးအဖွဲ့များ၊ လူငယ်အုပ်စုများ၊ ပညာရှင်များနဲ့ တစ်ဦးချင်းတွေက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့အကျိုးကိုယုတ် အောင်လုပ်နေရုံတင်မကဘဲ ရိုဟင်ဂျာနဲ့ကမန်တွေကိုပါ ဆန့် ကျင်ရေးလုပ်နေတာဖြစ်တယ်။ အဲဒါတွေအားလုံးကို အကြမ်း ဖက်အုပ်စုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ညီညွတ်သောပြည်သူများဒီမိုကရက်တစ်တပ်ဦး (UPDF) ရဲ့အဖွဲ့ဝင်ပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသား ဒီမို ကရေ စီအဖွဲ့ချုပ် (ALD)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ဒီမိုကရက်တစ်ပါတီ (DPA)၊ ရခိုင်အမျိုး သမီးသမဂ္ဂ (RWU)၊ ရခိုင်ကျောင်းသားများနှင့်လူငယ်များကောင်စီ (AASYC) နဲ့ ဒက္ကားမြို့ မှာအခြေစိုက်တဲ့ နိရဉ္စရာ သတင်းဌာနတို့ကလုပ်နေတာဖြစ်ပါတယ်။ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဟာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက်သတ် ဖြတ်ခံရတာမှာ ရခိုင် အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ပူးပေါင်းပြီး ပါဝင်ခဲ့တဲ့အတွက် တာဝန် မကင်းတဲ့ ပါတီတစ်ခုဖြစ်တယ်။ အောက်မှာဖော်ပြထားတဲ့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့စာရွက်ကိုကြည့်ပါ။ရိုဟင်ဂျာတွေနဲ့ဘယ်လိုသဘောတူညီချက်မျိုးလုပ်ခဲ့ပြီးတော့ ဖောက် ဖျက်ပြီး ရခိုင်နိုင် ငံတော်ဖြစ်ပေါ်ရေးအတွက် ဘယ်လိုကြိုးစားနေ တယ်ဆို တာ လေ့ လာကြည့်ပါ။ 


အခုတော့ စာဖတ်သူတွေအနေနဲ့ ရခိုင်တွေရဲ့ လှုပ်ရှားမှုတွေ ဘာလဲဆိုတာကို သဘောပေါက်နိုင် ပါလိမ့် မယ်။ဘာကြောင့် တစ်ချိန်တုန်းက သူတို့ ကိုယ်တိုင်အသိအမှတ်ပြုခဲ့တဲ့ ရိုဟင်ဂျာကို အမြစ်ဖြတ်ချေမှုန်း ချင်နေ တယ် ဆိုတာ သဘောပေါက်နိုင် ပါလိမ့်မယ်။ 

အခု တလောရခိုင် အစွန်းရောက် လှုပ်ရှားမှုတွေထဲက - ဒေါ်စောမြရာဇာလင်း ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာနေပြီး ဒက္ကားမြို့အခြေစိုက် ရခိုင်အမျိုးသမီးများသမဂ္ဂ (RWU) ရဲ့ ဥက္ကဌဖြစ်ပြီး၊ ရခိုင် လွတ်မြောက်ရေးပါတီ(ALP)ရဲ့ဗဟိုအလုပ်မှု ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ဒက္ကားမြို့မှာနေတဲ့ဘင်္ဂလားဒေ့ ရှ်နိုင်ငံသားရခိုင်ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ အိမ်ထောင်ပြုထားတယ်။ သူကတော့ ဘင်္ဂ လား ဒေ့ရှ်နိုင် ငံအစိုး ရထံမှာ အန်ဂျီအိုအဖြစ်မှတ်ပုံတင်ထားတဲ့ ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တည်ထောင်သူနဲ့ လက်ရှိ အကြီးအကဲ တစ်ဦးဖြစ်ပါတယ်။ ဒေါ်စောမြရာဇာလင်းရဲ့ယောင်းမဖြစ်သူ ဒေါ်မြအေး သိန်းကတော့ ဘဂုံး နား၊ ဘရီရှဲလ် ကဖြစ်ပါတယ်။ ဒေါ်မြအေးသိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက အင်အား ကြီး ပါတီ တစ်ခုဖြစ် တဲ့ အာဝါမီလီဂ်က လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ်ခန့်အပ်ခြင်း (ရွေးချယ်ခံ ထား ရ ခြင်းမဟုတ်) ခံထားရသူတစ်ဦးပါ။ 


၂၀၁၂ ခု သြဂုတ်လ (၂၇) ရက်နေ့မှာ ဒေါ်စောမြရာဇာလင်းနဲ့ ALP နဲ့ UPDF တို့ကအဖွဲ့ဝင် ၆ ဦးတို့ဟာ တခ်နာ့ဖ်ကနေမောင်တောနယ်စပ် နတ်မြစ်ကိုဖြတ်ပြီးမြန်မာနိုင်ငံ ကိုတရားမ၀င်ဝင်ရောက် ခဲ့တယ်။ သူတို့တွေကို ခွဲထွက်ချင်နေတဲ့ ရခိုင်တွေနဲ့ အစွန်းရောက်နေတဲ့ ရခိုင်တွေက နွေးနွေးထွေးထွေးကြိုဆိုခဲ့ တယ်။ စစ်တွေမြို့မှာ လျှို့ဝှက် အစည်းအဝေးပေါင်း များစွာလုပ်ခဲ့ပြီးတော့ ရခိုင်ဗုဒ္ဓဘာသာ အစွန်းရောက် တွေထဲက အထူးသဖြင့် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) နဲ့အများ ဆုံးဆွေးနွေးဖြစ် ခဲ့ကြတယ်။ မြန်မာအစိုးရနဲ့ ALP ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ်မှာ ဖွင့်ဖို့အတွက် သဘော တူညီ ခဲ့ကြတယ်။ ဒေါ်စောမြ ရာဇာလင်းဟာ စစ်တွေကနေရန်ကုန်မြို့ကိုလာခဲ့ပြီး အစိုးရအရာ ရှိတွေ၊ RNDP အဖွဲ့ဝင်တွေနဲ့တွေ့ဆုံ ခဲ့ပါသေးတယ်။ ဒီမှာမေးစရာဖြစ်လာတာက - ဒက္ကားမြို့ မှာနေပြီး မြန်မာ အစိုးရ ဆန့်ကျင်ရေးကို အစဉ်တ စိုက်နှစ်ပေါင်းများစွာလုပ်ကိုင်လာတဲ့သူတစ်ယောက် တရား မ၀င် နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံ ထဲဝင်တယ်။ ပြီးတော့ ရန်ကုန် သွားပြီးအစိုရ အဆင့်မြင့် အရာ ရှိတွေနဲ့ တွေ့တယ်။ ဒါတွေကိုဘယ်လိုဖြစ်လို့လုပ်နိုင်ခဲ့တာ လဲ? 

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့အစည်းအဝေး 

၂၀၁၃ ဇန်န၀ါရီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ရခိုင်အစွန်းရောက်တွေနဲ့ ခွဲထွက်ချင်သူတွေရဲ့ လျှို့ဝှက် အစည်း အဝေး တစ်ခုကို ကျင်းပခဲ့တယ်။ RNDP အဖွဲ့ဝင်များ၊ ALP အဖွဲ့ဝင်များနဲ့ အပေါ် မှာရေးခဲ့တဲ့ ရခိုင်ပါတီးများရဲ့ထင်ရှားတဲ့အဖွဲ့ဝင်တွေနဲ့ အတူဘင်္ဂလားဒေ့ရှ်နိုင်ငံက ခွဲထွက်ချင်တဲ့ ဗုဒ္ဓဘာသာ ရခိုင်တွေ လည်း ဒီအစည်းအဝေးကို တက်ရောက်ခဲ့တယ်။ ဒီ အစည်းအဝေးကတော့ ၂၀၀၄ ခုနှစ်နောက် ပိုင်း မှာ နိုင်ငံ အနှံ့ အပြားမှာ ရှိတဲ့ ရခိုင်အဖွဲ့တွေ ပထမဆုံးတွေ့ဆုံပွဲဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးကနေ ထုတ်ပြန်ခဲ့ တဲ့ကြေညာ ချက်တွေ ကိုအောက်မှာ ဖတ်နိုင်ပါတယ်။ 









အစည်းအဝေးမှစွပ်စွဲချက်များကိုချေပခြင်း 

(၁) ရခိုင်တွေမှာ ညီညီညွတ်ညွတ်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး ခွင့်ရှိတယ်။ သို့သော် ကိုယ့်ကံကြမ္မာကိုယ် ဖန် တီး ရာ မှာအခြား လူသားတွေကို မဖျက်ဆီးစေရဘူး။ 

(၂) ရခိုင်လူမျိုးတွေ စည်းလုံးညီညွတ် ဖို့ကော်မီတီဖွဲ့တာကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီကော်မီတီက ဖက် ဆစ် ၀ါဒကို မထူ ထောင်ဘူးဆိုရင်တော့ ကြိုဆိုရမှာပါ။ 

(၃) ရိုဟင်ဂျာတွေက တရားမ၀င် ကျူးကျော်လာတဲ့ ဘင်္ဂလီတွေဆိုရင် သူတို့ကဘာလဲ? ရခိုင်တွေကနှ စ်နိုင်ငံ ခွပြီး ဘင်္ဂလား ဒေ့ရှ်နဲ့မြန်မာနိုင်ငံ မှာနေတယ်။ ရိုဟင်ဂျာတွေက ရခိုင်ပြည်ထဲကို ၀င်လာနေတာ မဟုတ်ဘူး။ ရခိုင်ပြည်ထဲကနေထွက်သွားနေတာဖြစ်တယ်။ ရခိုင်လူမျိုးတွေ အစိုးရအုပ်ချုပ်ရေးပိုင်းမှာ ရှိတာကိုအခွင့် အရေးယူပြီး ရခိုင်ပြည်ထဲကို သူတို့ရခိုင်တွေဘဲခိုးဝင်နေတယ်ဆိုတာအသေအချာဘဲ။ 

အပေါ်မှာဖော်ပြထားတဲ့ ALP ရဲ့သဘောတူ ညီချက်ကိုကြည့်ပါ။ ရခိုင်တွေရဲ့ တယူ သန်ဝါ ဒကြောင့် နိုင်ငံ တကာက ပညာရှင်တွေပြောတာကို လက်ခံဖို့ငြင်းဆိုနေတာဖြစ်ပါတယ်။ တကယ် လို့ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး ရေးဆွဲထားတဲ့ ၁၉၈၂ ခုနှစ်နိုင်ငံ သားဥပဒေကို ဆက်လက်အကောင် အထည်ဖော်ပြမယ် ဆိုရင် မြန်မာနိုင်ငံကမြန်မာတွေ အားလုံးနဲ့ ရခိုင်တွေအတွက် ပါအကောင် အထည်ဖော် ပါ။ သို့သော် ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ တပ်ခေါ်နေတဲ့ အသုံးအနှုန်း သုံးစွဲတာကို ရပ်တန့်ရလိမ့်မယ်။ ဒီလိုမှမရ ဘူးဆိုရင် လည်း ရိုဟင်ဂျာတွေအနေနဲ့ ရခိုင်တွေရဲ့သမိုင်းဝင်အသုံးအနှုန်းတစ်ခု ဖြစ်တဲ့ မော့ဂ် ဆိုတာကို သုံးရ လိမ့်မယ်။ တကယ်တော့ ရခိုင်တွေက အဲဒီအသုံးအနှုန်းကို ရှက်ကြပါတယ်။ 

(၄) ရသေ့တောင်မှာ ၂၀၁၂ စက်တင်ဘာ ၂၅ - ၂၆ ရက်နေ့တွေမှာကျင်းပခဲ့တဲ့ ရခိုင် အစွန်းရောက် တွေရဲ့ အစည်းအဝေးက တောင်းဆိုချက်တွေကိုမြန်မာအစိုးရ လိုက်လျောမယ် မလိုက်လျောဘူးဆို တာ မြန်မာ အစိုး ရပေါ်မှာမူတည်ပါတယ်။ လိုက် လျောတာမလိုက်လျောတာထက် တကယ်လို့ အဒေါဖ့် ဟစ်တလာ သာအသက်ရှင် လျက်ရှိနေမယ်ဆိုရင် သူ့ရဲ့နောက်လိုက် တွေရခိုင်ပြည်ထဲမှာရှိနေတယ်ဆိုပြီး ၀မ်း သာပျော်ရွှင် မှာသေချာတယ်။ 

(၅) ကမ္ဘာအ၀န်းမှာ ရှိတဲ့အပြစ်မဲ့တဲ့ ရခိုင်တွေကို ထိခိုက်မနစ်နာအောင် ကာကွယ်ပေးရမယ်။ ဒါပေမယ့် သူတို့ကိုမြန်မာနိုင်ငံ မှာရော၊ နိုင်ငံတကာမှာပါ ခြိမ်းခြောက်နေတာကိုကြုံနေရတယ်ဆိုပြီး မလိမ်ရဘူး။ 

(၆) ထိုးစစ်ဆင်နေတဲ့ ကချင်စစ်ပွဲရပ်ဖို့တောင်း ဆိုတာက မိမိတို့ရဲ့နိုင်ငံရေး အကျိုးအမြတ်အတွက် မဟုတ် ဘဲ တောင်းဆို တယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ 

အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ မလုပ်ဘဲ ထိုင်းနိုင်ငံမှာ လုပ်ခဲ့တယ်။ ဘာကြောင့်အဲဒီမှာ လုပ်ခဲ့ရတာလဲ? ဘင်္ဂလားဒေ့ရှ် နဲ့မြန်မာနိုင်ငံတို့ရဲ့ အကျိုးနဲ့ ဆန့်ကျင်နေလို့လား? မြန်မာအစိုးရက သူတို့နဲ့ ဆန့်ကျင်နေ မှန်းသိရက်နဲ့ဘာ ကြောင့် RNDP အဖွဲ့ဝင်တွေကို ဒီအစည်းအဝေးပေး တက်ခဲ့တာလဲ ဆိုတာ ရင်သပ် ရှူမောဖွယ်ရာ တစ်ခုပါ။ မြန်မာနိုင်ငံဖွား ဒေါ်စောမြရာဇာလင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူးလက် မှတ် ပေးကိုင်ပြီး ထိုင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကျိုးကို ဆန့်ကျင်မယ့် အစည်းအဝေးကို အစိုးရက ခွင့်ပြု ခဲ့သလား ဆိုတာလည်း ရင်မောရှူမောဖွယ်ရာ တစ်ခုပါ။ သက်ဆိုင် တဲ့နိုင်ငံတွေက ဒါတွေ ကိုဖြေကြား ရမှာဖြစ် ပါတယ်။ ဒါတွေအပြင် Kritine Gould, PACRIM Research Associates ရဲ့ CEO, US Special Operations Command (USSOCOM) ရဲ့ Counterterrorism Plans Officer ကနေဒီလို ဖက်ဆစ် အစည်းအဝေးတစ်ခု စီစဉ်ပေးခဲ့ပြီးတော့ လူနည်းစုတွေကို လူမျိုးတုန်းသန့်စင်နေတဲ့ သူတွေကို ကုန်ကျစရိတ်တွေ တာဝန်ယူပြီး ဘာလို့ကျင်းပပေး ခဲ့တာလဲ? ဒါကလေးလေး နက်နက်တွေး ရမယ့် ကိစ္စတစ်ခု မဟုတ်လား? 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားများနှိုးထလော့ 

ကံ မကောင်းစွာနဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဟာ ရခိုင်တွေရဲ့ စစ်ဥပဒေချိုးဖောက်မှုတွေနဲ့ သူတို့ ရဲ့ ရေရှည်စီမံကိန်းနဲ့ ခွဲထွက်ဖို့ကြိုးစားနေ တာတွေကို နားမလည်ဘူးဖြစ်နေ တယ်။ ပြည်ထောင်စု ကနေခွဲ မထွက်နိုင်ဖို့အတွက် ကူညီနိုင်တာ ရိုဟင်ဂျာတွေဘဲ ရှိတယ်ဆိုတာရခိုင်ခေါင်းဆောင်တွေ  ကောင်းကောင်း နားလည်တယ်။ အရေးကြီးဆုံး သိနေသင့်တာက ရခိုင်လူ မျိုးလူဦးရေက မြန်မာနိုင်ငံရဲ့ ၅% သာရှိပေ မယ့် မြန်မာအုပ်ချုပ်ရေးနဲ့စစ်တပ်ထဲမှာ ၃၀% အင်အား ရှိနေတယ်။ တကယ်လို့ သူတို့သာ တောခိုသွား မယ်ဆို ရင် မြန် မာနိုင်ငံ အတွက် အကြီးမားဆုံးစိန်ခေါ်မှု တစ်ခုဖြစ်လာလိမ့်မယ်။ ပြီးတော့ ရခိုင်အကြမ်း ဖက် အုပ် စု တွေဖြစ် တဲ့ ALP နဲ့ ရခိုင်တပ်မတော် တို့ဟာလည်း တူညီတဲ့ရည်ရွယ် ချက်နဲ့ရပ် တည်နေ တာဖြစ် တယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း သုတေသနတွေရဲ့ အဆိုအရ စစ်တကောင်းတောင်တန်းက လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ UPDF ကိုလည်း မြန်မာနိုင်ငံက ခွဲထွက်ချင်သူရခိုင်တွေ ကသွေးထိုးလှုံ့ဆော်မှုတွေကိုကျယ် ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ် လို့သိရတယ်။ ရခိုင်ဘုန်းကြီး တစ်ချို့ ဘင်္ဂလားဒေ့ရှ်မှာ လက်နက်တွေသယ်တာ ရှာတွေ့ခဲ့ တယ်။ ဒေသတွင်းလုံခြုံရေးအတွက် ဘင်္ဂလားဒေ့ ရှ်နိုင်ငံအနေနဲ့ စစ်ဥပဒေ ချိုးဖောက်နေ တဲ့သူ တွေရဲ့ လှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့် သင့်တယ်။ ရခိုင်အစွန်း ရောက်တွေက ရိုဟင် ဂျာတွေ ကို သတ်ဖြတ်နေ တာတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကမသိကျိုးကျွန်လုပ်နေမယ်ဆိုရင် - တကယ်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကမ္ဘာကြီးရဲ့တစ်နေရာ မှာပြစ်မှုကြီးတွေကို ကျူးလွန်နေတဲ့ အဲဒီလူတွေကို ဖမ်းဆီး ပြီးနိုင်ငံတကာ တရားရုံးကို ပို့ကိုပို့ရမယ်။ တကယ်လို့ အချိန်မှီ အရေးမယူဘူး  ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင် ငံတို့ရဲ့ငြိမ်သက်နေမှုတွေအတွက် ကြီးမားတဲ့အရာ တစ်ခုပေးရလိမ့်မယ် ဆိုတာသေ ချာတယ်။ အဲဒီကြီးမားတဲ့ အရာကတော့ ရခိုင်ပြည်နယ်နဲ့ စစ်တကောင်းတောင်တန်းဒေသကို ရခိုင်ခွဲထွက် ချင်သူတွေလက်ထဲထည့် ပေးလိုက်ရမှာဖြစ်ပါတယ်။ 

ရိုဟင်ဂျာတွေရဲ့တောင်းဆိုမှု 

ရိုဟင်ဂျာ အသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်အစွန်းရောက်တွေ ကိုတောင်းဆိုချင်တာကတော့ အစွန်းရောက်တဲ့ အတွေးခေါ်တွေကို စွန့်လွှတ်ပြီးတော့ သီးသန့် မူဝါဒကိုလည်းစွန့်လွှတ်ဖို့ ဖြစ်တယ်။ ဗုဒ္ဓလမ်းစဉ်ကိုမိမိတို့ရဲ့ အကျိုးတစ်ခု ကိုမျှော်ကိုးပြီး မကစားဖို့နဲ့ ကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး၊ ညီအစ်ကို အသိုင်းအ၀ိုင်း နဲ့အတူ အရင်တုန်းကဖြစ်ခဲ့တာတွေကိုမေ့ဖျောက်ပြီးတော့ အခု လက်ရှိဖြစ်နေတာ ကိုလည်းရပ်တန့်ဖို့ပါ။ အဲဒါတွေ အားလုံး ကို တည်ငြိမ်အေးချမ်းစွာနဲ့ဒေ သတွင်းဖွံ့ဖြိုးတိုးတက်ရေးဆို တဲ့အချက်တွေပေါ်မှာ မူတည်ပြီး ပြောင်း လဲပစ်ဖို့လိုတယ်။ တကယ်လို့ အသိုင်းအ၀ိုင်းနှစ် ခုပူးတွဲပြီးနေမယ် ဆိုရင် ပြည်ထောင် စု မြန် မာနိုင် ငံထဲ မှာဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (သို့မဟုတ်) ဖဒရယ်ပြည်နယ် တစ် ခုဖြစ်ဖို့ အတူဝိုင်း ၀န်းကြိုးစားလို့ရတယ်။ရခိုင်ပြည်ကိုမြန်မာနိုင်ငံကနေခွဲထွက်ဖို့မကြိုးစားပါနဲ့။ဒါကတော့ကောင်းမွန် တဲ့ အတွေး တစ်ခုတော့ မဟုတ်ဘူး။ 

(မှတ်ချက် ။ ။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာနေထိုင်တဲ့ဗုဒ္ဓဘာသာဝင်အားလုံး (သို့မဟုတ်) ရခိုင်လူမျိုးအားလုံး ဟာအစွန်းရောက်တွေမဟုတ်ဘူး။ ကျွန်တော်ရေးတဲ့အချက်အလက်တွေအားလုံးဟာ ငြိမ်းချမ်းရေးချစ်မြတ်နိုးတဲ့ ဗုဒ္ဓဘာ သာဝင်များ၊ ရခိုင်လူမျိုးများနဲ့ အခြားသောသူများနဲ့သက်ဆိုင်ခြင်းမရှိပါ။ ကျွန်တော်ရေးခဲ့တာတွေက Dr. Abid Bahar နဲ့ ဦးစိုးမင်းတို့ရေးထားတွေကို စိတ်ဝင်တစားနဲ့ပြန်လည်ပြီး အကျယ်တ၀န့်ရှင်းလင်းအောင်ရေးပြခြင်းဖြစ်ပါတယ်။) 

အမ်၊ အက်စ်၊ အဏ္ဏ၀ါသည် နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံတွင် ပညာသင် ကြားနေသည်။ 

(ဆောင်းပါးရှင်၏အာဘော်သာဖြစ်သည်။)

Comment ရေးရန်

Rohingya Exodus