March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ထိုင်းနိုင်ငံသို့ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၇၁ ဦးထပ်မံဆိုက်ရောက်

ယနေ့ရောက်ရှိသွားသော ရိုဟင်ဂျာလှေစီးဒုက္ခသည်များ (ဓါတ်ပုံ - Kritsada Mueanhawong/Phuket News)
ကျော်စွာဝင်း 
RB News 
17.1.2013 

ဖူးကတ် ။ ။ ရခိုင်ပြည်နယ်တွင် ဇွန်လမှစ၍ အကြမ်းဖက်မှုဖြစ်ပွားရာ ၌ မြန်မာနိုင်ငံအစိုးရ၏ စာရင်းဇယား များ အရ လူဦးရေ ၁၁၅၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ရိုဟင်ဂျာ လူမျိုးမှာ ရာခိုင်နှုန်း အများဆုံး ခံစား ခဲ့ရပြီး၊ ကမန် မွတ်စလင် များနှင့် ရခိုင်ဗုဒ္ဓ ဘာသာအချို့လည်း ပါဝင်သည်။ ရခိုင်ပြည်နယ် အ၀န်းတွင် နယ်စပ်ဒေသ ကွပ်ကဲရေးတပ်ဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင် အစွန်းရောက် အချို့တို့၏ နည်းမျိုး စုံနှင့်ပေးသည့်ဒုက္ခ များ၊ သွားလာကူးသန်းရောင်းဝယ်ခွင့်များ ပိတ်ဆို့ထားခြင်း ကြောင့် ရိုဟင်ဂျာ မွတ် စလင်အများအပြားသည် စက်လှေဖြင့် ရက်ပေါင်းများစွာ စွန့်စွား၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ယခု ထက်ကောင်းမွန်သောဘ၀ရ ရန်သွားရောက်လျက်ရှိသည်။ 

ဇန်န၀ါရီလ (၁) ရက်နေ့တွင် ထိုင်းနိုင်ငံ ဖူးကတ်မြို့တောင်ပိုင်းသို့ လှေစီးဒုက္ခသည် ၇၃ ဦးဆိုက်ရောက် ခဲ့ပြီး ၎င်းတို့ကို ဇန်န၀ါရီလ (၂) ရက်နေ့တွင် ရနောင်းမြို့သို့ခေါ်ဆောင် သွားပြီး မြန်မာနိုင်ငံ သို့ပြန်ပို့ လိုက် ကြောင်းသိရ သည်။ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများမှ တွေ့ဆုံခွင့် ရရန်ကြိုးစား ခဲ့သော်လည်း မရခဲ့ပေ။ 

လှေစီးဒုက္ခသည်များ ကမ်းသို့ ဆိုက်သည့်အခါ လူသားချင်း စာနာစိတ်မရှိသော ထိုင်းလူမျိုးများမှ မလေးရှားပို့ ပေးမည်ဟုလိမ် လည်၍ လူကုန်ကူး မှုဂိုဏ်းများသို့ရောင်း ချလျက်ရာ လွန်ခဲ့သည့်ရက်ပိုင်းတွင် ဒုက္ခသည် ၈၅၇ ဦးကို ထိုင်းစစ်တပ်မှ ၀င် ရောက်စီးနင်းပြီး ကယ်တင်နိုင်ခဲ့သည်။ ထိုင်းအစိုးရ မှမြန်မာနိုင်ငံ သို့ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနှင့်နိုင်ငံ တကာလူ့အခွင့် အရေးအဖွဲ့အ စည်းများ၏ကြိုးပမ်း မှုကြောင့် ဒုက္ခသည်များနှင့်တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရသည်။ ထိုဒုက္ခသည်များ၏ လိုအပ်ချက်များကို ထိုင်းနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ အတတ်နိုင်ဆုံး ကူညီသွားမည်ဟု UNHCR သတင်းများ အရသိရသည်။ 

ယနေ့နေ့လည် ၁ နာရီ (ထိုင်းစံတော်ချိန်) တွင် ထိုင်းနိုင်ငံ ကူရာဘူရီခရိုင်၊ ကိုးဖရာသောင် ကမ်းခြေ တွင် လှေစီးဒုက္ခသည် ၁၇၁ ဦးကို ထိုခရိုင်မှ ရဲတပ်ဖွဲ့ဝင် ၂၀ ဦးမှဖမ်းဆီးခဲ့ကြောင်း Phuket News သတင်း တစ်ရပ်တွင်ဖော်ပြထားသည်။ 

ကူရာဘူရီခရိုင် ရဲတပ်ဖွဲ့မှ ခရိုင်မှူးက “ငါးဖမ်းသမားတွေက ကျွန်တော်တို့ကို အကြောင်းကြားတယ်။ သူတို့ လှေနှစ်စီးနဲ့ လူတွေ အများကြီးကို ကိုးဖရာသောင်ကမ်းခြေနဲ့ ၁၀ မိုင်ခန့်အကွာ မှာတွေ့ခဲ့တယ်လို့ပြော တယ်”  ဟုပြောကြောင်း အဆိုပါ သတင်း တွင်ဖော်ပြထားသည်။ ထို့နောက် ခရိုင်ရဲ တပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ရာ လှေနှစ်စီးပေါ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၁၇၁ ဦးတွေ့ခဲ့ပြီး၊ အမျိုးသား ၁၃၉ ဦး၊ အမျိုး သမီး ၁၂ ဦးနှင့် အသက် ၂ နှစ်မှ ၈ နှစ်အတွင်း ကလေး ၂၀ ဦးပါဝင်ကြောင်း သိရ သည်။ 

“သူတို့ဟာ အလုပ်အကိုင်ရှာဖွေဖို့ ထိုင်းနိုင်ငံ (သို့မဟုတ်) မလေးရှားနိုင်ငံကို သွားနေတာပါ။ သူတို့ အားလုံး မောပန်းနေကြပြီး၊ ဆာလောင်နေကြတယ်။ ကျွန်တော်တို့ သူတို့ကို အစားအသောက် နဲ့ရေတွေပေးဝေပြီး တော့ ဖန်းငါက လူဝင်မှုကြီးကြပ်ရေးဌာနကို အပ်လိုက်တယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးမှ Phuket News သို့ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus