ရက္ခပူရ ဘယ်မှာလဲ
ကျွန်တော်အပါအ၀င် ဒီနေ့ သံကွဲမြန်မာ စကားကို ပြောနေတဲ့ ရခိုင် တစ်ဦးမှ တိုင်းရင်းသား မဟုတ် ပါ။ တိုင်းရင်းသား မဟုတ်ဘူး ဆိုလို့ နိုင်ငံခြားသားလို့လည်း မဆိုလိုပါ။ မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေမှာ တိုင်းရင်းသား ဆိုတာ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ် ပိုင်ဓလေ့တွေ ရှိရပါမယ်။ ရှမ်း၊ ချင်း၊ မွန်၊ ကရင်၊ ကချင်၊ စတဲ့ လူမျိုးနွယ်တွေမှာ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ် ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့တွေ သီးခြားစီ ရှိနေပါတယ်။ သူတို့တွေကသာ ဥပဒေနဲ့ညီတဲ့ တိုင်း ရင်းသားများ ဖြစ်ပါတယ်။
ဒီနေ့ ရခိုင်လို့ ဖြစ်နေသူများ အားလုံးဟာ သမိုင်းလိမ်ခံထားရတဲ့ လူမျိုးတစ်မျိုးသာ ဖြစ်ပါတယ်။ ဘာ သာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ အားလုံး ဗမာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ စကားပြော အသံကွဲ ယုံမျှသာ ဖြစ်ပြီး- အသံကွဲတိုင်းသာ တိုင်းရင်းသား ပေးရမယ် ဆိုရင်- အညာသားများကိုလည်း အညာ တိုင်းရင်းသား၊ အကြေသားများကိုလည်း အကြေတိုင်းရင်းသား အဖြစ် သတ်မှတ်ပေးရပါတော့မယ်။
ဒီနေ့ ကျွန်တော်တို့ ရခိုင်တွေက- မိမိတို့တိုင်းပြည်သည် “ရက္ခပူရ” တိုင်းပြည် ဖြစ်ခဲ့တယ်၊ ကျွန်တော် တို့ ဟာ ရက္ခ တွေ ဖြစ်တယ်လို့ ပြောဆိုနေခြင်းဟာ- လုံးဝ မှားယွင်းနေပါတယ်။ မြန်မာနိုင်ငံ ဧရိယာထဲ မှာ “ရက္ခပူရ” ဆိုတဲ့ နိုင်ငံက မွန်လူမျိုးများ မရောက်မှီ သထုံဒေသ နေ မူလဘူတလူမျိုး သို့မဟုတ် မွန် များမရောက်မှီ ကတည်းက အရင်အဦးရောက်နေတဲ့ လူမျိုးသာ ဖြစ်ပါတယ်။ အဲ့ဒီ ရှေ့ဦးလူမျိုးဟာ သူတို့ ကိုယ်သူတို့ ရက္ခလို့ ခံယူခဲ့ပါတယ်။ သထုံမြို့ကိုလည်း “ရက္ခပူရ”လို့ အမည်နာမနဲ့ တိုင်းပြည် ထူ ထောင် ခဲ့ ပါတယ်။ ခရစ်နှစ် ၁၄၈၀မှာ ရေးထိုးတဲ့ ရာမာဓိပတိမင်းရဲ့ ပဂိုးကလျှာဏီကျောက်စာမှာ အဲ့ဒီ ဒေသ အကြောင်းကို အတော် အတန် ပြည့်စုံအောင် ဖေါ်ပြ ထားတာကို တွေ့ ရပါတယ်။
သထုံကျောက်စာ တစ်ချို့မှာ သထုံကို “ရက္ခပူရ”ဟု ခေါ်ကြောင်းဖေါ်ပြထားပြီး- ရခိုင်ကျောက်စာများ မှာ ရခိုင်ဒေသကို “အရက္ခဒေသ”ဟုသာ ခေါ်ကြောင်း တွေ့ရပါတယ်။ (အာနန္ဒစန္ဒြ အမည်ကို သုံး ၍ ရေး ထိုးသည့် သျှစ်သောင်းပုတိုး ကျောက်စာတိုင်) “အရက္ခဒေသ” ဆိုတာ ရက္ခ တို့ ရဲ့ ဒေသ မဟုတ် ဘူးလို့ပဲ အဓိပ္ပါယ်ကို ပေးပါတယ်။ ဒီစကားကို အခြေခံပြီး အရ်ကန် ပြည်လို့ ဖြစ်လာခြင်းပါ။
ကျောက်စာပညာရှင်များက သထုံ (ရက္ခပူရ)က လူမျိုးတွေဟာ မွန်တို့နဲ့ အကြီးအကျယ် စစ်ဖြစ် ခဲ့ပြီး အောက်ဘက်ကို ဆင်းပြေးခဲ့တယ်၊ “ဘီလူးကျွန်း”ဆိုတာ သူတို့တွေနေခဲ့လို့ အမည်ဖြစ် တည်လာတာ လို့ သုံးသပ်ပါတယ်။ နောက်ဆုံး ပင်လယ်ထဲကို ဆင်းပြေးပြီး မလေး ကျွန်း ဆွယ်တွေက လူမျိုးတွေ ဖြစ် လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့မှာ မလေးကျွန်းဆွယ်နေ လူ မျိုးနွယ်များက သူတို့ကိုယ်သူတို့ ရက္ခ လို့ ခံယူသူများကို မတွေ့ရပါ။
ဒီနေရာမှာ “ရက္ခ” ဆိုတာ ဘယ်သူလဲ။ သူတို့တွေ ဘယ်ကလာသလဲ၊ ဆိုတာ နောက်ကြောင်းပြန် လိုက်ဘို့ လိုပါမယ်။ အန္ဒိယဘက်က သမိုင်းအရ- အသားမဲပြီး နှခမ်းထူတဲ့ လူမျိုးကို ရက္ခုလို့ ခေါ် ကြောင်းတွေ့ ရပါတယ်။ တနည်းအားဖြင့် အိန္ဒိယတောင်ပိုင်းသား မျိုးနွယ်စုကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သူ တို့တွေ ထဲမှာလည်း လူမျိုးစုပေါင်းများစွာ ရှိနေပြီး- ဘာသာစကားမတူညီမှုတွေ ရှိပါတယ်။ အိန္ဒိ ယ တောင် ပိုင်း လူမျိုးစုတွေဟာ မွန်လူမျိုးများ မြန်မာနိုင်ငံထဲကို မရောက်မှီ နှစ်ရာပေါင်းများစွာ ကတည်း က မြန်မာ၊ ထိုင်း၊ မလေး၊ ကမ္ဘောဒီးယား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ကို သွားလာအခြေချနေ ခဲ့ပါပြီ။ သူတို့နဲ့ အတူ သူတို့ရဲ့ ဟိန္ဒူဘာသာထဲက ဂိုဏ်းတွေဟာလည်း ပါလာခဲ့ပါတယ်။ ( သမိုင်းကို လေ့လာသူများ သတိထား ရမယ့် အချက်က ဟိန္ဒူများက သာသနာမပြုပါ။ ဟိန္ဒူဘာသာမှာ ဇာတ်စနစ် ရှိနေပြီး- သူမျိုးနွယ်နဲ့ သူဂိုဏ်းဘာသာစနစ် ဖြစ်ပါတယ်။ အခြားသူတစ်ဦး၊ လူမျိုးတစ်မျိုးက ဟိန္ဒူ ဘာသာထဲကို ၀င်ဘို့ရာ- ဇာတ်မရှိပါ၊ တနည်းအားဖြင့် နေရာ မရှိပါ။ ဟိန္ဒူဘာသာထဲကမှ အခြားဘာ သာများ ဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာများကို ကူးပြောင်းခဲ့တာပဲ ရှိပါ တယ်။ ကမ္ဘာ့ ဘာသာကြီးများထဲမှာ အဲ့ဒီ သုံးဘာသာကပဲ ဇာတ်စနစ်မရှိ၊ ဘာသာထဲကို ၀င်ရောက်နိုင် ခွင့် ပိတ်ပင် ဟန့်တားထားခြင်းမရှိ- ယုံကြည်ရင် ၀င်ခွင့်ရှိတဲ့ ဘာသာဖြစ်ပါတယ်။)
တနည်းအားဖြင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်မှာ စတင်နေထိုင် အခြေချခဲ့တဲ့ လူမျိုးနွယ် အားလုံး ကို ရက္ခုလို့ ခေါ်တွင်ခဲ့ခြင်း ဖြစ်ပြီး- မြန်မာနိုင်ငံအောက်ပိုင်းဒေသမှာ သူတို့ဟာ မွန်တို့ရဲ့ နှိမ် နှင်းခြင်းကို ခံလိုက်ရပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက မြန်မာနိုင်ငံအောက်ပိုင်းက ရက္ခတွေ အားလုံး စစ်ရှုံးပြီး ပင်လယ်ထဲကို ဆင်းပြေးသလား- ဆိုတဲ့ အချက်ပါ။
သေချာတဲ့ အချက်က အချို့လည်း စစ်ပွဲမှာ သေဆုံးတယ်၊ အချို့လည်း မွန်တို့နဲ့ ကပြားဖြစ်သွားတယ်၊ အချို့လည်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် လွတ်ရာကျွတ်ရာကို ထွက်ပြေးတယ်-လို့ပဲ ဆိုရမှာပါ။ မွန်လူမျိုးစုထဲမှာ “တလိုင်း”လို့ ခေါ်တဲ့ မျိုးစုက သီးခြားလို ဖြစ်နေပါတယ်။ မွန်တွေဟာ သူတို့ မွန် အစစ် တွေကို “တလိုင်း”လို့ မခေါ်ပါ။ “တလိုင်း”လို့ အခေါ်ခံရရင်လည်း မနှစ်မြို့ပါ။ ဒါဆို “တလိုင်း” ဆိုတာ ဘယ်သူတွေလဲ--၊ ဒီလိုလေ့လာရင် တလိုင်းဆိုတာ “မွန်နဲ့ ကုလား ကပြားများ”ကို ခေါ်တွင်တဲ့ အမည် ဖြစ်နေပြီး မွန်တို့က သွေးမစစ်သူများလို့ သတ်မှတ်ပါတယ်။ ထူးခြားတာက မွန်နဲ့ကရင် ကပြား ကို ကပြား ဖြစ်လင့်ကစား- တလိုင်းလို့ မခေါ်တွင်ခြင်းပါပဲ။ (ဒီ သမိုင်းကြောင်းကို လိုအပ်တဲ့အခါ ထပ်ရှင်း ပါမယ်။)
မြန်မာပြည်အောက်ပိုင်းမှာ ရက္ခတို့နဲ့ မွန်တို့ အကြီးအကျယ် တိုက်ပွဲ ဖြစ်ခဲ့တဲ့ ခံတပ် အထောက်အထား ကို တွံတေးအနီး ရွှေဆံတော် တောင်ဘက်မှာ တွေ့ရပါတယ်။ အဲ့ဒီအရပ်က စစ်ရှုံးသူများက ပင် လယ် ပြင်ကို ကျော်ဖြတ်ပြီး ယခု တနင်္သာရီတိုင်းဘက်ကို ဆင်းသွားနိုင်သလို၊ကမ်းရိုးတန်းတစ်လျှောက် ယခု ရခိုင်လို့ ခေါ်တဲ့ အရပ် ဘက်ကိုလည်း ပတ်တက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ရခိုင် လို့ ခေါ်နေ တဲ့ အရပ်မှာလည်း ရက္ခ မဟုတ်တဲ့ နောက်ထပ်လူမျိုးစုများ ရှိနေပါတယ်။ ဒါကြောင့် ရက္ခ တွေ ဟာ မြောက်ပိုင်းဘက်ကို တိုးပေါက်ဘို့ရာ မလွယ်ကူခဲ့ပါ။
မွန်တွေနဲ့ ခေတ်ပြိုင် သို့မဟုတ် နောက်အနည်းကျပြီး ၀င်လာတဲ့ ဗမာတွေဟာ- အခု ရခိုင်လို့ ခံယူထား သူများနေထိုင်ရာ ဒေသကို ရက္ခိုင် လို့ ခေါ်ဆိုနေခြင်းက “ရက္ခပူရ” နိုင်ငံက ထွက်ပြေးခဲ့တဲ့ ရက္ခ လူမျိုး များကို အခု ရခိုင်ခေါ်ဒေသဘက်ကို ထွက်ပြေး အခြေချ နေခဲ့ကြောင်းကို သက်သေ ထုတ်ပြ သ လို ဖြစ် နေပါတယ်။
ရန်ကုန် တွံ့တေးဘက်နဲ့ ပိုမိုနီးစပ် ထိစပ်တဲ့ ရခိုင်တောင်ပိုင်းနယ်ကို ရောက်တဲ့ ရက္ခများကိုလည်း ပျူတွေ က၊ ကမ်းယံ၊ သက်တို့က စတင်မြိုခဲ့ တယ်၊ မြန်မာအင်ပါယာ မဖြစ်မှီကတည်းက မြန်မာပြည် အနှံ့ ဟိုတစ်စု ဒီတစ်စုရောက်နှင့်ပြီး ဖြစ်တဲ့ ဗမာတို့ကလည်း ရခိုင်တောင်ပိုင်းဘက်ကို ဆင်းလာပြီး မြိုခဲ့ပါတယ်။
ဗမာများက အခု ရခိုင်ဆိုတဲ့ ဒေသကို- ရက္ခ (ရက္ခိုင်)ဒေသ လို့ခေါ်တွင်ပေမယ့်- အမှန်တကယ်မှာ ရက္ခ လူမျိုးများ မဟုတ်တော့ပါ။ အထူးသဖြင့် ဒီနေ့ ရခိုင်လို့ ခံယူထားသူများထဲက အများစုကြီးဟာ ရက္ခသွေးပါခဲ့ရင်တောင် အင်မတန်မှေးမှိန်ခဲ့ရပါပြီ။ သရက်ပင်ကို ညောင်ပင်က မြိုလိုက်လို့- သရက် ကိုင်း တစ်ကိုင်းလောက် ကျန်နေရင်တောင်- အဲ့ဒီအပင်က ငါ- သရက်ပင်ဟေ့ လို့ အော်နိုင်ပေမယ့်၊ အခုအခါမှာ သရက်တစ်ပင်လုံးကို ညောင်က မြိုလိုက်ပါပြီ။ ရှိကို မရှိတော့ပါ။ ဆိုလိုတာက ရက္ခ မျိုးနွယ် တစ်ခုလုံးဟာ အမြိုခံလိုက်ရပါပြီ။ အခုအချိန်မှာ ငါတို့က “ရက္ခပူရ” နိုင်ငံသားများ၊ ငါတို့က “ရက္ခ- ရခိုင်”များလို့ ခံယူ ထားပြီး- ရက္ခပူရ ဇာတိစိတ် သွေးကြွနေသူများဟာ အာဏာရမက်အောက် က လှုံ့ဆော်မှု များ သာ ဖြစ် ပါတယ်။ ရခိုင်နယ်-ဒေသဟာ မြန်မာအင်ပါယာစတင် ထူထောင်ကတည်း က မြန်မာနိုင်ငံထဲမှာ ပါ ၀င်ကြောင်း အဲ့ဒီခေတ်ကာလ အိန္ဒိယ ချိုလာမင်းဆက်ကလည်း အသိအမှတ်ပြု ပေးခဲ့ ပါတယ်။ ရှေးမြန် မာမင်းဆက်များရဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံအရ အလှမ်းဝေးတဲ့နေ ရာဒေသများကို ကိုယ်ပိုင် အုပ်ချုပ်ရေး သဖွယ် နယ်စားပါယ်စားသဘော ထားပေးခဲ့တယ်။ မင်းဆက်ပြတ်လတ် အုပ်ချုပ် မှု မထိန်းသိမ်းနိုင်ချိန်မှာ- နယ်စား ပါယ်စားများက တစ်မင်းတစ်ချင်း ထူထောင်ခဲ့တယ်၊ မင်းဆက်များ အင်အားကောင်းလာပြန် ရင် နိုင်ငံပိုင် နယ်နမိတ်ကို မပွန်းပဲ့အောင် ပြန်ထိမ်းပြန်တယ်-၊ ဒီလို ရှိခဲ့တဲ့ သမိုင်းကို ကိုယ့်ထီးကိုယ့်နန်းနဲ့ ထာဝရ ရပ်တည်ခဲ့တယ်လို့ မဆိုနိုင်ပါ။ အလားတူ လက်ရှိ ရခိုင်လူမျိုး ဆိုတာလည်း- လက်ရှိဥပဒေနဲ့ ညီညွတ် တဲ့ တိုင်းရင်းသား မဟုတ်တော့ပါ။
အရက္ခဒေသ ကို ရက္ခပူရ လို့ ဘာသာပြန်သူများဟာ (၁) ပါဠိစာပေကို မတတ်လို့ (၂) ကျောက်စာမူ ရင်းများကို မဖတ်တတ်လို့သာ ဖြစ်ပါတယ်။
လက်ရှိ ရခိုင်နယ်မှ လူမျိုးများ အကြောင်း- ဆက်လက်တင်ပြပါမယ်။ ကျွန်တော်နဲ့ သမိုင်းကို ငြင်းချင် သူများ မြန် မာကျောက်စာ မူရင်းများ၊ နာဂရီ (ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘန်ဂေါအက္ခရာ) ရခိုင်ကျောက် စာမူရင်း များကို ဖတ်တတ်အောင် အရင်ကြိုး စားဘို့ လိုပါမယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု