ထိုင်းအစိုးရမှ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မည်
လူကုန်မှုဂိုဏ်းမှပြန်လည်လွတ်မြောက်လာသောကလေးငယ်များ (ဓါတ်ပုံ - AP) |
ကျော်စွာဝင်း
RB News
15.1.2013
လွန်ခဲ့သည့် ရက်ပိုင်းများတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ နယ်စပ်ရှိတောအုပ်များ၌ လူကုန်ကူးမှု ဂိုဏ်းများမှ ရောင်းစားရန် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ဒုက္ခသည်များကို အဆိုပါနေရာရှိ စခန်းများမှ ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းပြီး ကယ်တင်နိုင်ခဲ့သည်။ လူကုန်ကူးမှုဂိုဏ်းမှဒုက္ခသည်တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၆ သောင်းဖြင့်ရောင်း ချရန်စီစဉ်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံတွင်နေရာထိုင်လျက်ရှိသော ရိုဟင်ဂျာတစ်ဦး မှ ၎င်း၏ဆွေမျိုးနှစ်ဦးအား ထိုင်းဘတ်ငွေ ၉၅၀၀၀ ဖြင့်ဝယ်ယူရန်စီစဉ်ပြီးနောက်၊ ထိုင်းစစ်တပ်နှင့်ပူးပေါင်း ၍ ယခုအချိန်ထိဒုက္ခသည်စုစုပေါင်း ၈၅၇ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင်း သို့ရောက်ရှိလာသောလှေစီး ဒုက္ခသည်များကို အစာရေစာများနှင့် စက်လှေအား ဆီဖြည့်၍ ပြန်လည်ထွက်ခွာစေခဲ့ပြီး၊ ယခုအခါ ဒုက္ခသည်များအား မူရင်းနိုင်ငံဖြစ် သည့်မြန်မာနိုင်ငံ သို့ပြန်ပို့ ရန်စီစဉ် လျက်ရှိသည်။ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးနှင့်နိုင်ငံတကာ လူ့အခွင့် အရေးစောင့် ကြည့်ရေးအဖွဲ့ များမှမြန်မာနိုင်ငံသို့ပြန်ပို့လျှင် ထိုဒုက္ခသည် များအတွက် အန္တရာယ် ရှိကြောင်းနှင့် ဒုက္ခသည် များကိုတွေ့ဆုံခွင့်ပေး၍ လိုအပ်သည်များ ကိုဖြည့်ဆည်းပေးနိုင် ရန်အ တွက် ထိုင်းအစိုးရ သို့တောင်းဆိုခဲ့ သည်။
ထိုင်းနိုင်ငံ အခြေစိုက်ရိုဟင်ဂျာ အဖွဲ့တစ်ခုဖြစ်သည့် Burmese Rohingya Association in Thailand (BRAT) မှ ယနေ့ ထိုင်းနိုင် ငံဝန်ကြီးချုပ်ရုံးသို့ သွားရောက်၍ အဆိုပါ ဒုက္ခသည်များအားနေရပ် သို့ပြန် မပို့ ရေး အတွက် တောင်းဆိုသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်မှ လူသားချင်းစာနာ သည့်စည်းမျဉ်းနှင့် ဥပဒေဘောင် အတွင်းမှယခုကိစ္စ ကိုကိုင်တွယ်ဖြေရှင်းသွားမည်ဟု ယနေ့ပြောကြားကြောင်း ထိုင်းနိုင်ငံမှ သတင်းစာတစ် စောင်ဖြစ်သည့် The Nation တွင်ရေး သားဖော်ပြထားသည်။ ၎င်းမှပြောရာကြားတွင် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ နိုင်ငံတ ကာပြောင်းရွှေ့ နေထိုင်သူများအား ကူညီပေးရေးအဖွဲ့၊ ကုလသမဂ္ဂနိုင်ငံ တကာကလေးများအတွက်အရေးပေါ်ငွေကြေးရန်ပုံငွေအဖွဲ့များမှ ကူညီ ရန် အသင့်ရှိ ကြောင်းပြောကြားသည်။
ထိုင်းနိုင်ငံ အစိုးရနှင့် အဆိုပါအဖွဲ့များမှ လိုအပ်သည်များကို ပူးတွဲ၍ဆွေးနွေး မည်ဖြစ်ပြီး၊ အကယ်၍ ထိုသို့ ဆွေးနွေးမှုဖြစ်ပေါ်မလာပါကထိုင်းနိုင်ငံဥပေဒနှင့်လုပ်သင့်လုပ်ထိုက်သည်များပြုလုပ်၍ နေရပ်သို့ ပြန်ပို့ မည့် ကိစ္စကိုစဉ်းစား ရမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးအမြဲတမ်း အတွင်း ၀န်မှပြောကြောင်း ယနေ့ထုတ်TheNationသတင်းစာတွင်ကြားဖြတ်သတင်းတစ်ရပ်အနေဖြင့်ဖော်ပြထားသည်။