နောက်ဆုံးသတင်း/ဆောင်းပါးများ

အရဗီကျောင်းများတွင်ခွင့်ပြုချက်မရဘဲစာသင်ခွင့်မပြုရန်ညွန်ကြားချက်ထုတ်

မောင်ဘို
RB News
27.1.2013

မောင်တော ။ ။ မောင်တောမြို့နယ် အ၀န်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း များတွင် မြို့နယ်အုပ် ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက်မရရှိဘဲ စာသင်ခွင့်မပြုရန်နှင့် အစ္စလာမ် ဘာသာရေး ဆရာများနှင့် ဗလီဝတ် ကျောင်းတော်များ၏ တာဝန်ခံများ ကို ၀န်ခံလက်မှတ် ထိုးခိုင်း ရန် မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင်ကြေညာချက် တစ်စောင် ထုတ်ပြန်၍ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ညွန်ကြား ခဲ့ကြောင်းသိရသည်။ 

အဆိုပါကြေညာ ချက်တွင် “မောင်တောမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ ဗလီ/အာရ် ဗီစာ သင် ကျောင်းများ အားခွင့်ပြုချက် မရရှိဘဲ စာသင်ကြားမှု မရှိစေရေး အတွက် ဗလီ/အာရ်ဗီကျောင်း ဆရာနှင့် တာဝန်ခံ များအား ဂတိခံဝန်ချက် လက်မှတ်ရေးထိုး ရယူပြီး ဤရုံးသို့ အမြန်ပြုလုပ် တင်ပြသွားရန် အကြောင်းကြားပါသည်” ဟုရေး သားထားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းမှ လက်မှတ်ရေး ထိုး ထား သည်။ 

ကြေညာချက်အပြည့်အစုံကိုအောက်တွင်ဖော်ပြထားသည်။



Comment ရေးရန်

Rohingya Exodus