နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှမိသားစု ၆၄ စုအားလူဦးရေစာရင်းမှပယ်ဖျက်


Qutub Shah
RB News
27.1.2013

မောင်တော ။ ။ လွန်ခဲ့သည့်နှစ်လကျော်မှ စ၍ မြန်မာအစိုးရသည် ရိုဟင်ဂျာများအား “ဘင်္ဂလီ” လူမျိုး ဟု အတင်း အဓမ္မမှတ်တမ်း တင်လျက်ရှိသည်။ သို့သော်လည်း ရိုဟင်ဂျာ များမှ လက်မှတ်ထိုး ရန်ငြင်း ဆို သောကြောင့် အဆိုပါ စီမံကိန်း မှာအောင်မြင်မှု နည်းပါးနေသည်။ ထို့ကြောင့် ရိုဟင်ဂျာများအား ဖမ်း ဆီး ခြင်း၊ ညှင်းပန်းနှိပ် စက်အနိုင်ကျင့်ခြင်း၊ ပိုင်ဆိုင်မှုများကို ပယ်ဖျက်ခြင်း၊ အိမ်ထောင်စု စာရင်းများ ကိုဖျက် သိမ်းခြင်းနှင့် ယာယီ မှတ်ပုံတင် ကဒ်ပြားများကို ဖျက်သိမ်းခြင်း များပြုလုပ်လျက်ရှိသည်။ 

အစိုးရ၏ စီမံကိန်းကို ခဏတာရပ်တန့် ခဲ့ပြီးနောက်၊ ယခုအခါ လက်မှတ် မထိုးဘဲနေခဲ့ သူများကို လူမဆန် စွာညှင်း ပန်းနှိပ်စက်၍ လက်မှတ်ထိုး ရန်ပြုလုပ်  လျက်ရှိသည်။ ဇန်န၀ါရီလ(၂၅) ရက်နေ့ တွင် မောင် တော မြို့နယ် ကူး နီယား ဟာ လီ (လိပ်ရ) ကျေးရွာ အခြေစိုက် နစကနယ်မြေ (၄) မှ နယ်မြေ မှူး ဦးအောင်မျိုးဇော်ဌေးမှ လက်မှတ် မထိုးခဲ့သော ရိုဟင်ဂျာမိသားစု ၆၄ စုကို နယ်မြေစခန်းသို့ ဆင့်ခေါ် ခဲ့သည်။ စခန်းသို့ရောက် သည်နှင့် အမျိုးသမီးများကို စခန်းဝင်းအတွင်း တနေ ကုန် ပတ်ပြေးစေခဲ့ပြီး၊ အမျိုး သားများကို လူမဆန် စွာရိုက်နှက်ခဲ့ကြောင်း သိရသည်။ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်များ၊ လူမ မယ် အရွယ်များ၊ မသန်မစွမ်းသူများနှင့်နို့ တိုက်ကျွေးနေသော မိခင်များကိုပင် ထိုကဲ့သို့ အပြစ်ပေး ခဲ့ ကြောင်း သိရပါသည်။ 

ညနေပိုင်းတွင် ဆင့်ခေါ်ခံ ရသူများကိုပြန် လည်လွှတ်ပေး လိုက်သော်လည်း၊ မော်လ၀ီ ဦးဆယာဒ်အလမ် (ဘ) ဦးအမီးရ်ဟမ်ဇာ (အသက် ၄၂ နှစ်) အား နစကတပ်ဖွဲ့ဝင် ၆ ဦးမှ လက်ထိပ်ခတ် ၍ခေါ်ဆောင် သွားခဲ့သည်။ ထို့အပြင် ကူးနီယားဟာလီ အစ္စလာမ် ဘာသာရေးကျောင်း မှကျောင်းအုပ်ကြီး မော်လ၀ီ ဦးဟာရှင်ကိုလည်း ရွာသူရွာသားများအား လက်မှတ်မထိုးရန် စည်းရုံးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ၍ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါမိသားစု ၆၄ စုအား လူဦးရေ စာရင်းကောက်ခံရာတွင် ထည့်သွင်းတော့မည် မဟုတ်ကြောင်းနှင့် နှစ် စဉ်နှစ်ကြိမ်လူဦးရေကောက်ခံခြင်းစာရင်းမှလည်းပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။ 

Comment ရေးရန်

Rohingya Exodus