နောက်ဆုံးသတင်း/ဆောင်းပါးများ

BROUK ဥက္ကဌ ကိုထွန်းခင်နှင့် အင်တာဗျူး

ကိုထွန်းခင်အားရိုဟင်ဂျာရိုးရာဝတ်စုံဖြင့် ဒီမိုကရက်တစ်မြန်မာ့အသံစတူဒီယို၌တွေ့ရစဉ်

ရခိုင်ပြည်နယ်မှ လူ့အဖွဲ့အစည်းနှစ်ခုကြား ယုံကြည်မှုတံတိုင်းအား ပြန်လည်တည်ဆောက် ရန်ကြိုးစားနေသော လူ့အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ အင်ဂျင်နီယာတစ်ဦး 

မင်းသိန်း
RB News
13.1.2013

ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး Burmese Rohingya Organisation UK ရဲ့ ဥက္ကဌ တစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံ London Southbank University မှာ Civil Engineering ဘာသာရပ်နဲ့ ပါရဂူဘွဲ့ (Ph.D) တက်ရောက် သင်ကြားနေတဲ့ ကိုထွန်းခင် (ခ) Ziabul Gaffar ကို ကျွန်တော်မေးခွန်း တစ်ချို့မေးဖြစ်ခဲ့ပါတယ်။ ကိုထွန်းခင်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာပညာသင်ကြားကြီးပြင်းလာသူဖြစ်ပြီး ၊ အခုတော့ အင်္ဂ လန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆက်လက် ပညာသင်ကြားနေသူ တစ်ဦးဖြစ်ပါတယ်။ 

ကိုထွန်းခင်ရဲ့ရိုဟင်ဂျာလူမျိုးစုအရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားမှုတွေထဲက တချို့ကိုပြောပြရမယ်ဆို ရင် Burmese Rohingya Organisation UK အဖွဲ့ကို ဦးဆောင်ပါဝင် တည်ထောင်ခဲ့သူ တစ်ဦးဖြစ်သလို ၂၀၀၅ခုနှစ်ကစပြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဦးဆောင် ဖြတ် သန်း လာတဲ့ (၇) နှစ်ကာလအတွင်း ရိုဟင်ဂျာလူမျိုးစုတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှု အခြေ အနေအရပ်ရပ်ကို ဗြိတိသျှပါလီမန်အပါအ၀င်၊ ဥရောပသမဂ္ဂနဲ့ အခြားဥရောပအဖွဲ့အစည်းအားလုံးကို ရှင်း လင်းပြောကြားနိုင်ခဲ့တဲ့ အပြင် ရိုဟင်ဂျာလူမျိုးစု အရေးနဲ့ပတ်သက်ပြီး US Congress, US State Department, US Senate, UN Indigenous Forum in New York နဲ့ UN Human Right Council in Geneva တို့အတွင်းမှာ ဆွေးနွေးပြောကြားခဲ့သူ တစ်ဦး လည်းဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ်တဲ့ The Independent သတင်းစာကြီးမှာ ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ် သက်ပြီး သတင်းဆောင်းပါး အချို့ကို လည်းကိုထွန်းခင်ရေးသား ခဲ့တယ်။ ဒါတွေအပြင် ပြည်ပမြန်မာ သတင်း ဌာန အချို့တွေမှာလည်းတွှေ့ ဆုံမေးမြန်း ခန်းတွေပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့သတင်း ဌာနကြီးတွေဖြစ် တဲ့ CNN, BBC နဲ့ Al Jazeera တို့မှာလည်း ကိုထွန်းခင်ရဲ့ အင်တာ ဗျူးတွေတွေ့နေရပါတယ်။ အနှစ်ချုပ်ပြောရ ရင်တော့ မြန်မာပြည်အတွင်း ပြည်သူလူထု တစ်ရပ်လုံး လူ့အ ခွင့်အရေး နစ်နာ ဆုံးရှူံးနေမှုနဲ့ ရိုဟင်ဂျာ လူမျိုး စု များရဲ့မတရား လူ့အခွင့် အရေးချိုးဖောက်ခံ စားနေရ မှုတွေကို ကမ္ဘာ့နိုင်ငံကြီးများကသိရှိ နားလည် လာအောင်မြန်မာနိုင်ငံပြင်ပမှာ ဦးဆောင်ကြိုး စားဆောင် ရွက်နေသူတစ်ဦး လည်းဖြစ်တယ်။ သူ့ရဲ့အတွေး အခေါ်၊အယူအ ဆနဲ့ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည် နယ်က လူထုတွေ အပေါ်ထားတဲ့ စေတနာ၊  မေတ္တာတရားတွေကို သိရှိသူတွေအနေနဲ့ ရခိုင် အစွန်းရောက် တစ်စု ရဲ့မိမိတို့ရဲ့ အကျိုးအတွက် လိမ်ညာဖန်တီးပြီး သူ့အပေါ်စွပ်စွဲထားတဲ့ အချက်တွေဟာ အခြေ အမြစ်လုံးဝ မရှိကြောင်းသိရှိကြပါတယ်။ ဒီနေ့ကမ္ဘာ ကြီးကိုနယ်စည်းမခြားတဲ့ ကမ္ဘာကြီးဖြစ် လာအောင် တဆင့် ချင်းကြိုးစားနေကြတယ်။ မကြာ ခင်အချိန်အတွင်း မှာ ASEAN ဟာလည်း လူတွေအလွယ်တကူ သွားလာ လှုပ်ရှား ကူးသန်းရောင်းဝယ်လာနိုင် အောင်အတားအ ဆီးတွေကို တဆင့် ချင်းချိုးဖျက်တော့ မယ်။ဒီလို အခြေအနေမျိုးမှာရခိုင်အစွန်းရောက်တွေကကမ္ဘာကြီးနဲ့ ပြောင်းပြန်တွေး  ခေါ်နေတာကိုအံ့သြစွာတွေ့နေရ တယ်။ အခုရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံမှာ ဒုတိယအ ဆင်းရဲ ဆုံးပြည် နယ်ဖြစ်နေပြီး၊ ရခိုင် အစွန်းရောက်တွေဟာနောက် ထပ်ဘယ်ချောက်ထဲထိ ဆွဲချသွား မလဲဆိုတာကို ရခိုင်ပြည်နယ် ရဲ့ပြည်သူ တစ်ယောက်အနေနဲ့ ရင်တထိတ်ထိတ် နဲ့ကြည့်ရှူနေရတယ်။ ရိုဟင်ဂျာ လူမျိုး စုခေါင်းဆောင်တွေဟာ မိမိတို့ ရဲ့ဘိုး၊ ဘေး၊ ဘီ၊ ဘင်နေလာခဲ့၊ သေလာခဲ့တဲ့ ဒီအာရ်ကန်မြေ (ရခိုင်ပြည် နယ်)နဲ့  ပြည်သူပြည် သားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု့တွေကိုဘယ်လောက်ထိလိုလားကြတယ် ဆိုတာကို ကိုထွန်း ခင်ရဲ့ စကားတွေ အတွင်းမှာရှာတွေ့နိုင်ပါတယ်။ ကိုထွန်းခင်ကိုကျွန်တော်မေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကတော့ … 

MT - မေး ။ ။ ရခိုင်ပြည်နယ် အရေးအခင်းအတွင်းမှာ ရိုဟင်ဂျာနဲ့ ကမန်မွတ်စလင်တွေရဲ့ အိုးအိမ်တွေ၊ စီးပွား ဥစ္စာတွေမီးရှို့ဖျက်ဆီးခဲ့ရတဲ့အပြင် လူတွေလည်းများစွာအသတ်ခံခဲ့ရတယ်။ ဒီနေ့အချိန်ထိလည်း ရခိုင်ပြည် နယ်အတွင်းက မွတ်စလင်တွေဟာ ရခိုင်အစွန်းရောက်တွေ၊ နယ်မြေခံ အာဏာပိုင်တွေရဲ့ ပုံစံ အမျိုးမျိုးရဲ့ ဒုက္ခ ပေးခြင်းကိုခံနေရတယ်။ ဒုက္ခသည်စခန်းတွေမှာရောက်နေကြတဲ့ မွတ်စလင်တွေဟာ လည်း စားနပ်ရိက္ခာ မလုံလောက်မှု၊ ကျန်းမာရေးချို့တဲ့မှုစသဖြင့် ဒုက္ခပေါင်းစုံခံစားနေရတယ်။ ဒါတွေ နဲ့ပတ် သက်ပြီး၊ ရိုဟင်ဂျာလူမျိုး စုခေါင်းဆောင် တစ်ယောက်အနေနဲ့ နိုင်ငံတကာ အဖွဲ့အ စည်းတွေနဲ့ မြန်မာအစိုးရကို ဘာတွေပြောချင်ပါသလဲ?

TK - ဖြေ ။ ။ ရခိုင်ပြည်နယ်အရေးအခင်းကို RNDP ပါတီက စနစ်တကျ စီမံကိန်းဆွဲပြီး ရခိုင်ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေကို မက်လုံး အမျိုးမျိုးပေး စည်းရုံးပြီးတော့ ဒီအရေးအခင်းကို ဖန်တီးခဲ့တာဖြစ်တယ်။ RNDP ပါတီရဲ့စီမံကိန်းတွေဟာ ဂျာမဏီနိုင်ငံက ဟစ်တလာဦးဆောင်တဲ့ နာဇီပါတီရဲ့ စီမံကိန်းတွေနဲ့ အဆင့်တိုင်း အဆင့် တိုင်း သွားတူနေတာကို ဂရုစိုက်ပြီးစောင့်ကြည့်နေတဲ့လူတွေသိနေ၊ မြင်နေကြပါတယ်။ RNDP ရဲ့စီမံ ကိန်းတွေ ကိုဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေရော၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် အများစုရော၊ ဗဟိုအစိုးရ၀န် ကြီးတချို့ပါပူးပေါင်းပါဝင်ပြီး အကောင် အထည်ဖော်နေတာ ကိုနိုင်ငံတကာ အဖွဲ့အ စည်းတွေနဲ့ အစိုးရတွေကပါ အထောက် အထား အပြည့်အစုံနဲ့ သိရှိနေကြတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ လည်း ဒီအကြောင်း အရာတွေကို တိတိကျကျသိရှိနေပြီလို့ ကျွန်တော်ယုံကြည်တယ်။ ရခိုင်ပြည်နယ် အရေးအခင်း အတွင်းဆင်းရဲ ဒုက္ခရောက် နေကြတဲ့ လူ ၉၀% ကျော်ဟာ မွတ်စ လင်တွေဖြစ် တယ်။ အခုပြည်နယ် အစိုးရကအရေးအခင်းကို ဖန်တီးတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ လူတွေ ထဲမှာ၈၀% ကျော်ဟာ မွတ်စလင်တွေဖြစ်နေတယ်။ မွတ်စလင်ဒုက္ခသည်တွေ ဆီကိုရိက္ခာတွေ မရောက်နိုင်အောင် RNDP ပါတီဝင်တွေ ဦးဆောင်ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ နှောက်ယှက်နေကြတယ်။ ရခိုင်ပြည်နယ် အတွင်းပြဿနာ မဖန်တီးနိုင်ခဲ့ တဲ့နေရာတွေက မွတ်စလင်တွေကို လည်းစီးပွားရေး မလုပ်နိုင်အောင်၊ မွတ်စလင်ကလေးတွေ ကိုပညာမ သင်နိုင်အောင်လုပ်ထားကြတယ်။ ဒါတွေကိုပြည်နယ် အစိုးရမျက် ကွယ်ပြုထားတယ်။ လုံးဝတားဆီး အရေး ယူခြင်းမရှိသေးဘူး။ သမ္မတ ဦးသိန်းစိန် အနေနဲ့နိုင်ငံ တကာ မျက်နှာစာမှာ သမ္မတရဲ့ ဂုဏ်သိ က္ခာ၊ မြန် မာနိုင်ငံနဲ့ မြန်မာပြည် သူတစ်ရပ်လုံးရဲ့ ဂုဏ်သိ က္ခာ မဲ့အောင် လုပ်နေကြတဲ့ လူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ 

ကျွန်တော်တို့ အနေနဲ့ ကုလသမဂ္ဂအပါအ၀င်၊ ဥရောပကော်မရှင်နဲ့ နိုင်ငံတကာ အစိုးရတွေကိုတောင်းဆို ထား တာကတော့ ဇွန်လအတွင်းပထမ အကြိမ်အရေး အခင်းမှာ ရိုဟင်ဂျာနဲ့ကမန်မွတ်စလင်တွေရဲ့ အိမ်တွေ၊ လုပ်ငန်းတွေ မီးရှို့ဖျက်ဆီး ခံရတယ်။ လူတွေလည်း အများကြီးသေခဲ့ရတယ်။ ရခိုင်တွေ ဖက်ကလည်း ပျက်စီး တာတွေ အနည်းငယ် ရှိခဲ့တယ်။ အစိုးရ ကိုယ်တိုင်က ဒုက္ခရောက်နေတဲ့  မွတ်စ လင်တွေကို ဘာ အကာအကွယ် မှ မပေးတဲ့အပြင် မွတ်စလင်တွေကို အမျိုးမျိုးပြောဆို စွပ်စွဲခဲ့ တယ်။ လေး လကြာပြီး အောက် တိုဘာလမှာ ဒုတိယ အကြိမ်ဖြစ် လာတော့ မွတ်စလင်တွေ အကြီးအကျယ် ခံခဲ့ရ တယ်။ ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ် အတွင်းက မွတ်စလင်တွေဟာ လုံခြုံစိတ်ချမှု့ ကိုပြည့်ပြည့်၀၀ မခံစား ရသေးဘူး။ RNDP ပါတီဥက္ကဌ တိကုအေးမောင်ရဲ့ တတိယအကြိမ် အရေးအခင်းဖန်တီး မယ်ဆို တဲ့ဆော်သြမှုတွေ၊ ခြိမ်းခြောက်မှုတွေ လည်းရှိနေတော့၊ အကယ် ၍မြန်မာအစိုးရက ရခိုင်ပြည်နယ် အတွင်း က မွတ်စလင်တွေ ကိုပြည့်ပြည့် ၀၀လုံခြုံမှုမပေးနိုင်ဘူးဆိုရင် ကုလသမဂ္ဂငြိမ်း ချမ်းရေးတပ်တွေ ၀င်ရောက် ပြီးတော့ ပြဿ နာဖြစ် မလာအောင် ၀င်ရောက်တားဆီး သင့်တယ်လို့ တောင်းဆို ထားပါ တယ်။ နောက် တစ်ချက်ကနိုင်ငံ တကာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စုံစမ်းစစ်ေ ဆးရေး ကော်မရှင် တစ်ရပ် ဖွဲ့ စည်းပြီး ရခိုင်ပြည် နယ်အတွင်း၊ မွတ်စလင်တွေကို လူမျိုးတုန်းနှောက် ယှက်၊ ဖျက်ဆီး၊ သတ်ဖြတ် မှု့ရှိ/မရှိ သွားရောက် စုံစမ်းပြီးတွေ့ တယ်ဆိုရင် ထိထိရောက်ရောက် အရေးယူပေး သင့်တယ်။ ဒါမှမဟုတ် ရင် (၂၁) ရာစုအတွင်း ကမ္ဘာ့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံေ တွ၊ လူ့အဖွဲ့အစည်းတွေ ရှိနေပါ လျက်နဲ့ ဘာသာ ကိုးကွယ်မှု့တစ်ခုကို အခြေခံပြီးလူသားမျိုးနွယ်စုငယ်တစ်ခု မျိုးဖြုတ်သတ်ဖြတ်ခြင်း ခံနေရ တာကို လက်ပိုက် ကြည့်နေမယ်ဆိုရင် (၂၁) ရာစုကမ္ဘာ့သမိုင်းစာမျက်နှာမှာ အလွန်တရာအကျည်း တန်တဲ့ အဖြစ် အပျက် တစ်ခုကို မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ ဒီလူမျိုးတုန်း သတ်ဖြတ်မှု့ရဲ့ တရားခံတွေ ဟာ အမှန် တကယ် ကိုယ်ထိ လက်ရောက် အပြစ်ကျူးလွန် သူများသာ မဟုတ်တော့ဘဲ ဒီအချိန် ကာလကို ဦးဆောင် ဖြတ်သန်းနေကြ တဲ့မြန် မာ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့ဂုဏ် သိက္ခာ ရှိတဲ့ပုဂ္ဂိုလ် ကြီးတွေပါအနာဂတ် လူသားတွေရဲ့ ကဲ့ရဲ့ပြောဆိုခြင်းကို ခံရမှာဖြစ်တယ် ဆိုတာကို ကျွန်တော့် အနေနဲ့အသိ ပေးပြောကြားချင်ပါ တယ်။ 

MT - မေး ။ ။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒီစကားလုံး ရဲ့နောက် ကွယ်မှာကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်လို့ ရခိုင်အစွန်းရောက်ခေါင်းဆောင်တွေက ရိုဟင်ဂျာလူမျိုး စုအပေါ်စွပ်စွဲ ထားတာရှိနေပါတယ်။ ဒီစွပ်စွဲမှု့တွေအပေါ်မှာ ကိုထွန်းခင် အနေနဲ့ ဘာပြော ချင်ပါသလဲ? 

TK - ဖြေ ။ ။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို မကြားဖူးဘူး၊ ရိုဟင်ဂျာလူမျိုးစုဆို တာမြန်မာ့ သမိုင်းမှာ ဘယ်တုန်း ကမှမရှိခဲ့ဘူးလို့ပြောနေတဲ့ လူတွေဟာအလွန် တရာမှဗဟုသု တနှုံချာတဲ့ လူတွေဖြစ် ရမယ်။ ဒါမှမဟုတ်လူမျိုး ရေးခွဲခြားစိတ်ပြင်း ထန်တဲ့လူတွေဖြစ်ရမယ်။ ရိုဟင်ဂျာ လူမျိုးစုနဲ့ပတ်သက်ပြီး သမိုင်း ရှူထောင့်ကနေ ကျယ် ကျယ်ပြန့်ပြန့် မပြောချင်တော့ဘူး။ ကျွန်တော်ထောက်ပြချင်တာ တစ်ခုက ဒီနေ့ ရခိုင် လူမျိုးလို့ ခံယူထားတဲ့ လူ တွေက ဘယ်တုန်းကနေ စပြီး မိမိကိုယ်ကို ရခိုင်လူမျိုး အဖြစ်ခံ ယူခဲ့ကြ တာ လဲ။ အရင် တုန်းက သူတို့လူမျိုးစုရဲ့ နာမည်ကဘာလဲ။ လူမျိုးစုတစ်စုဟာ မိမိလူမျိုးစုအမည်ကို မိမိတို့ ကိုယ် တိုင်ရွေးချယ်ခံယူပိုင်ခွင့်ရှိတယ်ဆို တာကို ရခိုင်ပြည်နယ် အတွင်းမှာ လူမျိုးစုကြီးဖြစ်တဲ့ ရခိုင် လူမျိုးတွေ ကိုယ် တိုင်ကသက်သေပြထားပြီးပြီ။ ရခိုင် ပြည်နယ် အတွင်းတစ်ခြား လူမျိုးစုတစ်စုက မိမိ လူမျိုး စု နာမည်ကို မိမိစိတ်ကြိုက်ရွေးချယ်ခံယူပိုင်ခွင့်မရှိရဘူးလို့ တားဆီးပိတ်ပင်နေတာဟာ ဗမာ လူမျိုးကြီး ၀ါဒ ကို မုန်းပါတယ်လို့ တကျော်ကျော်အော်နေတဲ့ ရခိုင်မျိုးချစ်ဆို သူတွေ၊ ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင် လူမျိုးကြီးဝါဒ တည်ဆောက်နေတယ် ဆိုတာကို မြန်မာရော၊ ကမ္ဘာကပါ သိအောင်ပြ သနေတာဖြစ် ပါတယ်။ မြန်မာပြည်မကလူအများစုက ရိုဟင်ဂျာဆိုတဲ့စကားလုံးနဲ့ စိမ်းနေကြတာ ကိုကျွန်တော် တို့နား လည် ပါတယ်။ ရိုဟင်ဂျာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲ။ ဒီစကားလုံးကို ဘယ်တုန်း ကတည်းက ဒီလူ မျိုး စုတွေ ခံယူထားကြတာလဲ။ ဒါတွေကိုမြန်မာပြည် သားအများစု သိရှိနား လည်လာအောင် ရှင်းပြခွင့် ကို အစိုးရအဆက်ဆက်က ရိုဟင်ဂျာလူမျိုးတွေကို ခွင့်မပြုခဲ့ဘူး။ ရိုဟင်ဂျာ လူမျိုး စုတွေအများစုနေ ထိုင် တဲ့ဒေ သတွေမှာ အမျိုးသမီးတွေ ပညာရေးနိမ့်ပါးတာ၊ အထွေထွေ ဗဟုသုတ မကြွယ်ဝတာ၊ တခြား လူမျိုးစုတွေနဲ့ တချို့ကိစ္စတွေမှာ သဟဇာတမဖြစ် တာတွေဟာ အစိုးရရဲ့ ရိုဟင်ဂျာ လူမျိုးစု အပေါ်ခွဲခြားသတ်မှတ်ထားတဲ့ မူဝါဒတွေကြောင့်ဖြစ်နေရ တာလို့ကျွန်တော်ပြော ချင်တယ်။ ရိုဟင်ဂျာ ပညာ တတ်တွေ၊ ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးသမားတွေကမိမိတို့လူမျိုးစုအတွက် ပညာရေး၊ စီးပွားရေး၊ လူ မှုရေး ၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေ ကို ဖွံ့ဖြိုးတိုးတက်ပြောင်းလဲ လာအောင်ဆောင် ရွက်ပေးနိုင်ခွင့်ကို အစိုးရ အဆက်ဆက်က ခွင့်မပြုခဲ့ဘူး။ အခုအချိန်ထိလည်းငြင်း ပယ်နေဆဲဘဲ။ ရိုဟင်ဂျာ လူမျိုးတွေ ဟာမိမိတိုရဲ့ အရည် အချင်းတွေကို မိမိတို့နိုင်ငံ အတွက် လည်း ပြန်လည်ပေးဆပ်ခွင့်မရရှိသလို မိမိတို့ လူမျိုး အတွက် လည်း အသုံးပြုခွင့် မရရှိဘူးဖြစ်နေတယ်။ ရိုဟင်ဂျာ လူမျိုးစုတွေ မှာမြန်မာနို င်ငံအတွင်းမှာ တခြားတိုင်းရင်း သားအားလုံး နည်းတူ၊ နိုင်ငံသား အခွင့် အရေး ရရှိခွင့်၊ လူမျိုးစု အခွင့်အရေး ရရှိခွင့်တောင်း ဆိုနေရခြင်းရဲ့ ရည်ရွယ်ချက်က RNDP ပါတီ ဥက္ကဌ တိကုအေးမောင်နဲ့ အဖွဲ့က စွပ်စွဲထား သလိုနယ်မြေခွဲ ထွက်ဖို့ မဟုတ် ဘူး။ ရခိုင် ဘုရင် အဆက် အဆက်၊ မြန်မာနိုင်ငံ ကိုလိုနီဘ၀လွတ် မြောက်ရေးရုန်း ကန်လှုပ်ရှားမှု သမိုင်းအဆက်ဆက်၊ လွတ်လပ် ရပြီးမြန် မာ့ ဒီမိုကရေစီကာလ အတွင်းကျွန် တော်တို့ရဲ့ဘိုး၊ ဘေး၊ ဘီ၊ ဘင်အဆက်ဆက်က ဒီနိုင်ငံ အတွက်၊ ဒီလူ မျိုးတွေအတွက် တာဝန်နဲ့အခွင့်အရေး ကိုပီပီပြင်ပြင် စွမ်းဆောင်နိုင်ခွင့်ရရှိခဲ့သလို၊ ကျွန်တော်တို့ မျိုး ဆက်တွေ အနေနဲ့ လည်းမြန်မာနိုင်ငံနဲ့ မြန်မာလူ ထုအတွက် အများနည်း တူမိမိအရည် အချင်းအလိုက် ပါ ၀င်ဆောင်ရွက်နိုင် ခွင့်ရရှိလိုတဲ့ဆန္ဒတစ်ခုတည်း အတွက် ကျွန်တော်တို့ နိုင်ငံသား အခွင့် အရေးနဲ့ လူမျိုး စု အ ခွင့်အရေးကိုတောင်းဆိုနေရခြင်းဖြစ်တယ်။ 

ရှေးလူသားတွေဖြတ် သန်း လာခဲ့ကြတဲ့ သမိုင်းတွေထဲက အားသာချက်၊ အားနည်းချက်တွေကို သင်ခန်း စာယူ ပြီး စုစည်းလုပ်ဆောင်မှု့ အင်အားရဲ့ တန်ဖိုးကို ခံစားသိရှိလာ တာနဲ့အမျှ၊ စည်းမျဉ်း၊ စည်းကမ်း၊ အတား အဆီး တွေကိုဖြေလျှော့ပြီး ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာသိမ်၊ ရွာငယ်လေး တစ်ခု လိုဖြစ် လာအောင်ကြိုး စားဆောင် ရွက် နေကြတဲ့ အခုလိုခေတ် ကာလမှာ၊ နိုင်ငံတစ်နိုင်ငံကနေ နယ်မြေ တစ်ခု ခွဲထွက်ဖို့ စိတ်ကူး ယဉ်ဆောင် ရွက်နေကြတဲ့ လူတွေကိုခေါင်း တစ်ခြမ်းပျက်နေတဲ့ လူထူးလူ ဆန်းတွေ အဖြစ်ကမ္ဘာက သိမြင်ကြ လိမ့်မယ်။ ဒီလို ရူးကြောင် ကြောင် အတွေးမျိုး၊ လုပ်ရပ်မျိုးကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံ အားပေးမှာမဟုတ်ပါဘူး။ 

MT - မေး ။ ။ နောက်ဆုံးအချက်အနေနဲ့မေးလိုတာက ရခိုင်ပြည်နယ်အတွင်း လူမျိုးစုတွေအကြား ယုံကြည်မှုကို ဘယ်လိုပြန်လည် တည်ဆောက်နိုင်မလဲ? ရေရှည်လုံခြုံငြိမ်းချမ်းစွာနေနိုင်အောင် ဘာတွေပြုပြင်ပြောင်း လဲ ပါသလဲ? 

TK - ဖြေ ။ ။ ရခိုင်ပြည်နယ် အရေးအခင်းအတွင်းမှာ ရခိုင်ဗုဒ္ဓဘာသာဝင်အားလုံး ပါဝင်ပတ်သက်ခဲ့တာ မဟုတ်ဘူး။ ရခိုင်ဗုဒ္ဓ ဘာသာဝင် လူ့အဖွဲ့အစည်း ကိုယေဘုယျအားဖြ င့်နှစ် မျိုးခွဲကြည့်လို့ရတယ်။ ပထမ အုပ်စုက ရခိုင် ပြည်နယ်ကို မြန်မာနိုင်ငံကခွဲထွက်ပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေ သီးသန့်နေထိုင်တဲ့ အဖ ရခိုင်နိုင် ငံတော် ထူထောင်မယ်ဆိုတဲ့ အုပ်စု၊ ဒီအုပ်စုက အရေအတွက် အရလူဦးရေနည်းပေမယ့် ပါတီတွေက ဦးဆောင်ထားပြီး၊ အာဏာပိုင်အဖွဲ့အစည်းတစ်ချို့၊ စီးပွားရေးသမား တစ်ချို့နဲ့ သူတို့တွေနဲ့ ပတ်သက်တဲ့ လူတွေအားလုံးပါဝင်တယ်။ ဒီလူတွေကဘဲ မိမိအာဏာအတွက်၊ မိမိကိုယ်ကျိုးအတွက် ရခိုင်ပြည်နယ်ကို ပြဿ နာဝဲဂယက်မှာ နစ်ထားကြတာ။ ဒီအုပ်စုဟာ သူတို့လုပ်ချင်တာကို စိတ်ကြိုက် လုပ်ခွင့်ရနေသရွေ့ရခိုင် ပြည်နယ် အတွင်းက ပြည်သူလူထုတွေဟာ လူ့အဆင့်  အတန်းနိမ့် ကျနေဦး မှာဘဲ။ မြန်မာနိုင်ငံ အတွင်း မှာရှိနေတဲ့ တခြားတိုင်းရင်းသားတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။ သူတို့ကတော့ သူတို့ ကိုယ်သူတို့ နာဇီ လက်သစ် ၀ါဒီတွေလို အမျိုး၊ ဘာသာ၊ သာသနာကိုစောင့်ရှောက်နေတဲ့ ရခိုင်မျိုး ချစ်ဝါဒီတွေ လိုခေါင်းစည်း တပ်ထားကြတယ်။ 

နောက်အုပ်စု တစ်စုကတော့ ရခိုင်လူမျိုးတွေရဲ့ ပင်ကိုယ်စရိုက်အရ ဗုဒ္ဓတရား ကိုလေးစားလိုက်နာပြီး၊ လူသား ပီသစွာဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ လူတွေဖြစ်တယ်။ ဒီအုပ်စုဟာ လူဦးရေ များပေးမယ့် အာဏာရှိတဲ့လူတွေ၊ လောဘရမက်ကြီးတဲ့ စီးပွားရေးသမားတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူစားမျိုးတွေနည်းတယ်။ ဒီလူအုပ်စုဟာ အမှန်တစ်ကယ် ရခိုင်ပြည်နယ်နဲ့ ရခိုင် လူမျိုးတွေရဲ့ ပုံရိပ်မှန်ကို ကိုယ်စားပြုတဲ့ လူတွေဖြစ်တယ်။ အမှန်တကယ် ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းစေချင်တဲ့ စေတနာရှိကြ တယ်ဆိုရင်  မြန်မာအစိုး ရရော မြန်မာလူမှု့ရေးအဖွဲ့ အစည်းတွေရော၊ နိုင်ငံ တကာ အနေနဲ့ရော ဒီအုပ်စုက လူတွေနဲ့ များများထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဗဟိုအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်အရေး အခင်းအတွင်း အမှန်တကယ် အပြစ်ကျူးလွန်ခဲ့ သူတွေကို ထိထိရောက်ရောက် အရေး ယူပြီး၊ ရခိုင်ပြည်နယ် အတွင်း ဥပဒေစိုးမိုးရေးကို အရေးပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးစုအပါအ၀င် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် များအနေနဲ့ အရေးအခင်း ကာလအတွင်း မိမိတို့ ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ် ဥစ္စာတွေဆုံးရှူံးနစ်နာခဲ့ ရပေမယ့် လူစိတ်ကင်းမဲ့နေတဲ့ လူတစ်ချို့ က လွဲပြီး၊ သီလ၊ သမ္မာဓိနဲ့ပြည့်စုံတဲ့ မည်သည့်ရခိုင်လူမျိုးနဲ့မဆို ရခိုင်ပြည် နယ်တိုးတက် စည်ပင်ရေး အတွက် လက် တွဲဆောင် ရွက်နိုင်မယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံကြည်ပါတယ်။ 

ရခိုင်ပြည်နယ် မှာမွေး ဖွားကြီးပြင်း လာခဲ့တဲ့ ကျွန်တော်ဟာနို င်ငံခြားမှာနေထိုင်ပြီး အဆင့်မြင့် ပညာတွေကို သင်ယူနေရတာဟာ၊ ရခိုင်ပြည်နယ်ဆိုတဲ့ ပန်းဥယျာဉ်ကြီး သာယာ စိုပြေလာရေးအတွက် မိမိသင်ယူ တတ် မြောက်ထားတဲ့ ပညာနဲ့တစ်ထောင့် တစ်နေရာကပါဝင်ပြီး ဆောင်ရွက်ပေးနိုင်ခွင့် ရရှိလာ မယ့်နေ့ တစ်နေ့ ကို မျှော်လင့်စောင့် စားနေသူ တစ်ယောက်ဖြစ် တယ်ဆို တာကိုလည်း အသိပေးပြောကြား ချင်ပါ တယ်။ 

Comment ရေးရန်

Rohingya Exodus