April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးသိန်းစိန်


သိကြားမင်း
RB News
January 12, 2013

မြန်မာပြည်မှ ဗုဒ္ဓ၀ါဒီဖက်ဆစ် အကြမ်းဖက် သမားများသည် ရိုဟင်ဂျာမွတ်စလင်များ အပေါ် ၁၉၄၂ ခုနှစ်မှစ၍ လူမျိုး သုဉ်းသတ်ဖြတ်မှုများ တစိုက်မတ်မတ် လုပ်လာခဲ့သည်။ ၁၉၉၀ခုနှစ်မှ စ၍ စနစ်တကျ စီမံကိန်းများရေးဆွဲ ပြီးပို၍ ရိုင်းပျစော်ကားစွာ လုပ်ဆောင် လာခဲ့သည်။ စစ်တပ်ရင်းနှင့် ညီမျှသော “နစကနယ်မြေ” (သို့မဟုတ်) “နစကစခန်း” ပေါင်း (၃၅) ခုဖြင့်ဖွဲ့စည်းသည့် “နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာန (နစက)” ဆိုသောမြန်မာနာဇီ “ဂတ်စတာပို” တပ်မတစ်ခု၊ စစ်တပ်ရင်း (သို့မဟုတ်) စစ်တပ်ဖွဲ့ပေါင်း (၂၀) ခုဖြင့် ဖွဲ့စည်းသည့် “အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာန” ဆိုသော တပ်မတစ်ခု၊ ရဲတပ်ရင်း (၂) ခုနှင့် ရခိုင် ပြည်နယ် (သို့မဟုတ်) ပြည်မမှ ဗုဒ္ဓဘာသာဝင် ရာဇ၀တ် သားများ၊ ဘင်္ဂလားဒေ့ရှ်မှခေါ်သွင်းလာသောနိုင်ငံ ခြားသား ဘင်္ဂလီမောဂ် ရခိုင်များဖြင့် တည်ထောင် လာသော “နတလ” ဓားပြရွာ (၄၅) ရွာတို့ဖြင့် ဘူးသီး တောင်၊မောင်တောနှင့် ရိုဟင်ဂျာ တို့နေထိုင်ရာ အခြားဒေ သ များကို “လောကငရဲပြည်” အဖြစ်သို့အသွင် ပြောင်းလဲပစ်ခဲ့သည်။ ရိုဟင်ဂျာများ၏နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊  ကျန်းမာရေး၊ ဘာသာရေးတို့ ကိုချေမွ ဖျက်ဆီးပစ်ခဲ့သည်။ ရိုဟင်ဂျာများ၏ အထောက် အထား စာရွက်စာတမ်းများ၊ ရာစုနှစ်ချီ သက်တမ်းရှိသော ရိုဟင်ဂျာရွာများ၊ ရိုဟင်ဂျာများ၏ သမိုင်းဝင် ဗလီနှင့် အဆောက် အဦးများ ကိုမြေလှန်ဖျက်ဆီး ပစ်ခဲ့သည်။ ရိုဟင်ဂျာတို့နေထိုင်ရာဒေသ၏ ရုပ်သွင်ကို ဗုဒ္ဓဘာ သာဝင် များနေထိုင်ရာဒေသ ရုပ်သွင်ပေါက်အောင်ပြောင်းလဲ ပစ်ခဲ့သည်။ ရိုဟင်ဂျာ မွတ်စလင်များကို အမိမဲ့ သားရေနည်းငါး ကဲ့သို့ ဖမ်းချင်တိုင်းဖမ်း၊ ညှဉ်းပန်းချင်တိုင်းညှဉ်းပန်း၊ ထောင်ချချင်တိုင်းချ၊သတ်ဖြတ် ချင် တိုင်းသတ်ဖြတ်ခဲ့သည်။ မိမိတို့နေရပ် မှမောင်းထုတ်ချင်တိုင်း မောင်းထုတ်ခဲ့သည်။ ဗုဒ္ဓ၀ါဒီ အကြမ်း ဖက်သမား များသည် ထိုမျှနှင့်အားမရနိုင်သေး၍ “၂၀၁၂ခုနှစ် ဇွန်၊ အောက်တိုဘာ ရိုဟင်ဂျာ လူမျိုး သုဉ်း သတ်ဖြတ်မှုကြီး”ကိုထပ်မံကြံစည်ကျူးလွန်ခဲ့ပြန်သည်။ 

ကမ္ဘာပေါ်က လူသား စိတ်ဓာတ်ရှိသူများက မြန်မာဗုဒ္ဓ၀ါဒီ အကြမ်းဖက်သမားများ၏ ကြမ်းကြုတ်ရက်စက်မှု များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆို လာသောအခါ နိုင်ငံတကာ မှခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့မှ ပုဂ္ဂိုလ်များ လာရောက်ပြီြး မန်မာပြည်ကခေါင်းဆောင် ဆိုသူများကို ရိုဟင်ဂျာများ အပေါ်ရက် စက်ကြမ်း ကြုတ် မှု များ ရပ်တန့်ရန်၊ လူသားစိတ်ဓာတ်ဖြင့် ဆက်ဆံရန် အထပ်ထပ်နှိုး ဆော်ပြော ကြားခဲ့သည်။ သို့ရာ တွင်မြန်မာ အကြမ်းဖက် ခေါင်းဆောင်များက ဘာမျှကျူးလွန်မှု မရှိကြောင်း လျှာမှာ အရိုးမရှိတိုင်း လိမ်ပြော သည်။ ရိုဟင်ဂျာ ကိစ္စကိုဆောင်ရွက်ပေးပါမည်ဟု ဟန်လုပ်၍ ဟိုကတိသည်ကတိပေးသည်။ သို့ရာ တွင် လက်တွေ့တွင် ထိုကတိ အတိုင်းမလုပ် ဘဲပြောင်းပြန် လုပ်သည်။ ရိုဟင်ဂျာများအပေါ် ရက် စက်နေမှုများကို ယနေ့ထိ အနည်းငယ်မျှလျှော့ပေးခြင်းမရှိ၊တိုး ၍သာစော်ကားလျက်ရှိသည်။

သမ္မတသိန်းစိန်ဆိုသူ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးဆိုသည်တို့မှာ ရိုဟင်ဂျာနှင့် မွတ်စလင်များ အတွက်မဟုတ်။ ဗုဒ္ဓ၀ါဒီ Buddhists များ၊ Mongoloids များအတွက်သာဖြစ်သည်။ သမ္မတ ဦးသိန်းစိန်ဆိုသူသည်“၂၀၁၂ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု”၏ နံပါတ်(၁)တရားခံဖြစ်သည်။ မင်း သား ခေါင်းေ ဆာင်း ထားသောဘီလူး တစ်ကောင်ဖြစ်သည်။ သူက ရိုဟင်ဂျာများကို မိမိတို့နေ အိမ်များမှ ဆွဲချပြီး ဒုက္ခသည်စခန်းများတွင်ထားရန်၊ ထို့နောက်တတိယနိုင်ငံသို့ပို့ရန်ခြိမ်းခြောက်ခဲ့သည်။ ခြိမ်းခြောက် ခဲ့သည့် အတိုင်းလည်းလုပ်ြပီးဖြစ်သည်။ သူက သူ့အမျိုးဗုဒ္ဓ၀ါဒီ အကြမ်းဖက်သမား များအား ထိုကဲ့သို့ အချက်ပြ စကား ပြောဆိုပြီး ရိုဟင်ဂျာများကို မီးရှို့ သတ်ဖြတ်စေခဲ့သည်။ ထို့နောက် ဒုက္ခသည် စခန်းများ သို့ တွန်း ပို့ခဲ့သည်။ သူ့ကြောင့် ရိုဟင်ဂျာများသည် ဒုက္ခသည်စခန်းများ၌ ဘ၀ပျက်နေကြရသည်။ သူ့ကြောင့် ရိုဟင်ဂျာများသည် မိမိမွေးရပ် ဇာတိမြေကို စွန့်ခွာ၍ အခြားနိုင်ငံများသို့ ထွက်သွားနေရသည်။ ယခု အခါ တွင် သူက ရိုဟင်ဂျာကိစ္စ နှင့် ပတ်သက်၍ ကမ္ဘာကို မင်းသားဟန်သရုပ်ဆောင်ကာ လိမ်ညာပြော ဆိုနေသော် လည်းမြေပြင်တွင်မူ ဘီလူးထွက်ထွက်နေဆဲ ရှိသည်။ ရိုဟင်ဂျာများ အပေါ် ထားရှိသော သူ့ပေါ် လစီကို တစ်လုံးတစ်ပါဒ မျှပြောင်းလဲခြင်း မရှိ၊သူ၏ ရိုဟင်ဂျာလူမျိုးသုဉ်းရေး ယန္တရား များဖြစ်သည့် နစက၊ ရဲ၊ စစ်တပ်၊ နတလ၊ ရခိုင်အကြမ်းဖက်သမား များကိုသုံး၍ ရိုဟင်ဂျာ များကိုနေ့စဉ်နှင့် အမျှဖမ်းဆီး၊ ညှဉ်း ပန်းနှိပ်စက်၊ မောင်းထုတ်၊ ထောင်ချ၊ သတ်ဖြတ် နေဆဲ၊ သွားလာ လုပ်ကိုင် စားသောက်လို့ မရအောင် ရပ်ရွာများကို ၀ိုင်းရံပိတ်ဆို့ ထားဆဲ၊ ရပ်ရွာများကို အမိုးဖွင့် ထောင်များ ပမာဖြစ်စေပြီးနေ့စဉ်လိုလိုလု ယက်၊ မုဒိမ်း ကျင့်ေ နဆဲ၊ လူမှုရေး၊ ဘာသာရေး အရစော်ကားဆဲရှိ သည်။ ရိုဟင်ဂျာများ၏ အခြေအနေကို တိုး တက်ကောင်း မွန်လာအောင်ဆောင် ရွက်ပေးမည့် အရိပ်အရောင် လုံးဝမတွေ့ရ။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဆိုသူမှာလည်း ရိုဟင်ဂျာများ အဖို့ ဖွတ် ထွက်သောတောင်ပို့ သာဖြစ်နေသည်။ သူမသည် အာဏာ ယစ်မူးနေသော ဗုဒ္ဓအမျိုး သားရေး ၀ါဒီ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလာသည်။ သူမ၏ဒီမိုကရေစီ၊ လူ့အခွင့်အရေးများ ဆိုသည် တို့မှာ လည်း ရိုဟင်ဂျာများအတွက်မဟုတ်ဘဲဖြစ်နေသည်။ 

လူ့အခွင့် အရေးကိုလေးစားပါသည်ဆိုသော ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီး များသည်လည်း လူ့အခွင့် အရေး ထက် မြန်မာပြည်မှ သယံဇာတများကို လုယက်ရန်သာ ဦးစားပေး အာရုံစိုက်နေကြသည်။ ကမ္ဘာ့ ကုလ သမဂ္ဂကလည်း“ရိုဟင်ဂျာလူမျိုးသည်ကမ္ဘာပေါ်တွင်ညှဉ်းပန်းနှိပ်စက်အခံရဆုံးလူမျိုးဖြစ်သည်” ဟူ၍ သတ် မှတ် သည် မှအပမည်မည်ရရဘာမှဆောင်ရွက်ပေးခြင်းမရှိသေး။ 

မြေပြင်တွင် ရိုဟင်ဂျာများ၏ အခြေအနေသည် အလွန်တရာ  စိုးရိမ်ရသည့် အခြေအနေသို့ရောက် ရှိနေ သည်။ သမ္မတဦးသိန်းစိန်ဆိုသူ၏ ဖက်စစ်အစိုးရနှင့် အပေါင်းပါများက ဆက်လက်၍ ကြမ်းကြုတ် စွာ အကြမ်းဖက်နေသဖြင့် ရိုဟင်ဂျာများသည် မိမိတို့ ရပ်ရွာများကို စွန့်ခွာကာခြေဦး တည့်ရာသို့ တိမ်းရှောင်နေ ရ သည်။ လမ်းခရီး တွင်သေသူသေ၊ ပျောက်သူပျောက်နေကြသည်။ ရပ်ရွာ၊စခန်းများ တွင်ဝိုင်းရံ ပိတ်ဆို့ ခံထားရသော ရိုဟင်ဂျာများသည်လည်း အစားဆင်းရဲ၊ အနေဆင်းရဲ၊ အရာရာချိုတဲ့ ၍နေ့စဉ်နှင့် အမျှအ သက်ပေါင်းမြောက်မြားစွာ သေဆုံးနေကြရသည်။ ဤအတိုင်းနှစ်မဆိုထားနှင့်၊ လအနည်း ငယ် ဆိုလျှင် ပင်ရိုဟင်ဂျာလူမျိုးများအတွက် မတွေးဝံ့စရာပင်။ 

သမ္မတ ဦးသိန်းစိန်ဆိုသူသည်ကောက်ကျစ်စွာ အချိန်ဆွဲနေသည်။ ရိုဟင်ဂျာကိစ္စကို အချိန်တိုအတွင်းမဖြေ ရှင်းနိုင်ဟု ဆိုနေသည်။ သူသည် ရိုဟင်ဂျာကိစ္စု၌ ရိုးသားမှုလုံးဝမရှိ။ သူ့တွင် ရိုဟင်ဂျာ ကိစ္စကိုဖြေရှင်း ရန်ဆန္ဒ အလျဉ်းမရှိ။ ရိုဟင်ဂျာ တစ်မျိုးသားလုံးနှင့်လူ့သားစိတ်ဓာတ်ရှိသူ များအနေဖြင့် လူယုတ်မာ သမ္မတ ဦးသိန်းစိန်ဆိုသူ၏ လုပ်ရပ်များ ရပ်တန့်သွားစေရေးအတွက် ထိရောက်သောခြေလှမ်းကို အမြန် ဆုံးလှမ်းရန် လိုအပ်နေပြီဖြစ်သည်။ သို့မဟုတ်ပါက မင်းသားခေါင်းဆောင်း ထားသော ဘီလူး သိန်းစိန် သည် ရိုဟင်ဂျာ တစ်မျိုးသားလုံး မကြာမီပြုတ်ပြုတ်ပြုန်း မည့်အခြေသို့ ဆိုက်ရောက်စေတော့မည်ဖြစ် သည်။ ရိုဟင်ဂျာများ သတိရှိကြလော့။ သမ္မတသိန်းစိန်ဆိုသူသည် ရိုဟင်ဂျာများ အပေါ်မိုက် ရိုင်း လျက် ရှိနေပြီ။

(ဆောင်းပါးရှင်၏အာဘော်သာဖြစ်သည်)

Comment ရေးရန်

Pages 22123456 »
Rohingya Exodus