နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖက်ဆစ်မြန်မာအစိုးရအဆက်ဆက်၏ရိုဟင်ဂျာမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှု (၁)

သိကြားမင်း 
RB News 
26.1.2013 

“ဒီ ကုလားတွေကို မရှင်းနိုင်သရွေ့မင်းတို့ ရခိုင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ပေးမှာ မဟုတ်ဘူး"
(ဗိုလ်ချုပ်ကြီးနေဝင်း- ၁၉၆၃ ခု တွင်ကျောက်ဖြူမြို့တွင် ရခိုင်များနှင့်တွေ့ ဆုံစဉ်ပြောကြားချက်) 

“တစ်နေ့ကျရင် ဒီက ကုလားတွေ အကုန်လုံးကို ဟိုဘက်ကို  မောင်းထုတ်မယ်” 
(ဗိုလ်မှူးခင်ညွှန့် (နောင်ဗိုလ်ချုပ်ကြီးခင်ညွှန့်) - ၁၉၇၈ ခုတွင်မောင်တောမြို့နယ် ရှိတောင်ကုန်း တစ်ခု ပေါ် တွင် စခန်းချစဉ် ဘင်္ဂလားဒေ့ရှ်ဘက်သို့ လက်ညိုးထိုးညွှန်ပြရင်း   ပြောကြားချက်) 

“ရိုဟင်ဂျာတွေကိုဒုက္ခသည် စခန်းတွေမှာ ထားမယ်။ ပြီးတော့ တတိယနိုင်ငံ ပို့မယ်။ ရိုဟင်ဂျာတွေက   နိင်ငံ တည်ငြိမ်  အေးချမ်းမှုကို  ခြိမ်းခြောက်  နေတယ်။ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ် နိုင်တော့ ဘူး။” 
(သမ္မတဦးသိန်းစိန်၂၀၁၂ ခု၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် ကုလလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Gutterres အားနေပြည်တော် တွင်ပြောကြားချက်) 

မြန်မာ နာဇီဟစ်တလာ လက်သစ်များ၏ ရိုဟင်ဂျာများ အပေါ်ထားရှိသော မူဝါဒသဘောထား များဖြစ် သည်။ ရိုဟင်ဂျာ များ မွတ်စ်လင်များ၊ မြန်မာနိုင်ငံမှ အခြားမွတ်စ်လင်များနှင့် ၎င်းတို့ကိုးကွယ်သော အစ္စ လာမ်ဘာသာ တို့အားမုန်းတီးသည့် စိတ်ဓာတ် သည်မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်ဆိုသူများ ၏နှုတ် ဖျားတွင် သာမကမျိုးရိုးဗီဇ ထဲတွင်ပင် စွဲကပ်နေသည်။ ၎င်းတို့သည်ရိုဟင်ဂျာများ၊ အခြားမွတ်စ်လင် များနှင့် အစ္စ လာမ်ဘာသာ တို့ကိုမြန်မာ့မြေပေါ်မှ အပြီးတိုင်သုတ်သင်ပစ်ရန် စနစ်တကျနှင့် ရန်ငြိုးကြီးစွာ အစဉ် ကြံစည်လုပ်ဆောင် လျက်ရှိသည်။ အထက်ပါမြန်မာ စစ်ရာဇ၀တ်  ကောင်များ၏   နှုတ်ထွက် စကားများ ကိုထောက် ရှူခြင်း အားဖြင့် နာဇီဂျာမဏီအစိုးရက ဂျူးများမျိုးသုဉ်းရေးကိုကြံစည် လုပ်ဆောင်ခဲ့ သကဲ့ သို့ မြန်မာနာဇီ အစိုးရ အဆက်ဆက်ကလည်း ရိုဟင်ဂျာများမျိုးသုဉ်းရေးကို အစဉ်တစိုက် လုပ်လျက်ဆောင် လျက်ရှိကြောင်းထင် ရှားနေသည်။ 

မြန်မာနိုင်ငံတွင် မွတ်စ်လင်များ စုစုစည်းစည်းနှင့် ဟူ၍ူ ရခိုင်ပြည်နယ်    မြောက်ပိုင်းတွင် သာရှိသည်။ ၎င်း တို့ ကိုရှင်း ပစ်နိုင်လျှင် မြန်မာပြည်မှ မွတ်စ်လင်နှင့် အစ္စလာမ် ဆိုသည် တို့ကိုလည်း မကြာမီ ရှင်းပစ်နိုင် လိမ့် ဟုမြန်မာ ဗုဒ္ဓနာဇီ ဖက်ဆစ် လူသတ်သမားများက တွက်ဆသည်။ ထို့ကြောင့် ထိုမြန်မာ ဖက်စစ် များက ရခိုင် ပြည်နယ်မြောက် ပိုင်းအထူးသဖြင့် ဘူးသီးတောင် ၊မောင်တောဒေသတွင် ရိုဟင်ဂျာ လူမျိုး သုဉ်း စစ် ဆင်ရေး များကိုစနစ် တကျ စီမံကိန်း  ရေးဆွဲ၍ တစိုက် မတ်မတ်ဆင်နွှဲနေခြင်းဖြစ်သည်။ 

မြန်မာဖက်ဆစ် စစ်ဘီးလူးများက ရခိုင်အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ရိုဟင်ဂျာမျိုးနွယ် အပေါ်မည် ကဲ့သို့ ပြစ်မှုများ (Crimes Against Rohingya Ethnic Minority) ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲရှိနေသည်ကို ဤ ဆောင်းပါးဖြင့် အတတ်နိုင် ဆုံးပြည့်ပြည့်စုံစုံ တင်ပြသွား မည်ဖြစ်သည်။ ဦးစွာထိုသို့ လူမျိုး သုဉ်း စစ် ဆင်ရေးများ ကိုထိရောက်စွာလုပ်ဆောင်နိုင်ရန် ယန္တရားများ တပ်ဆင်ချထားလာပုံ အကြောင်းကို တင်ပြ ပါမည်။

၁။ လူမျိုးသုဉ်းစစ်ဆင်ရေးယန္တရားများချထားခြင်း 
(က) နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန(နစက) 

မြန်မာနိုင်ငံ တွင်တနိုင်ငံလုံး အတိုင်း အတာအားဖြင့် ဘင်္ဂလားဒေ့ရှ်မှ BGB (Border Guard Bangladesh) ကဲ့သို့ နယ်ခြားစောင့် တပ်ဖွဲ့ စည်းထားခြင်း မရှိပါ။ ထို့ကြောင့် အိန္ဒိယ၊ တရုတ်၊လော၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော  မြန်မာနိုင်ငံ၏ မည်သည့် နယ်စပ်တွင်မျှ သီးသန့် နယ်ခြားစောင့်တပ် ချထားခြင်း မရှိပါ။ ပုံမှန် စစ်တပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများသာ ရှိသည်။ သို့ရာတွင်  မြန်မာအစိုးရက ရိုဟင်ဂျာ လူမျိုး သုဉ်း ရေးကို အဓိက လုပ်ဆောင်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော ရိုဟင်ဂျာ တို့နေထိုင်ရာ ရခိုင်ပြည် နယ်မြောက် ပိုင်း ဒေသတွင် ပုံမှန်စစ်တပ်နှင့်ဌာန ဆိုင်ရာအဖွဲ့အစည်းများအပြင် “နယ်စပ်ဒေ သ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာန (နစက)” ဆိုသော“အထူးတတပ်မ” တစ်ခုကို တမင်ဖန်တီး ဖွဲ့စည်းချ ထားလာသည်။   မြန်မာနိုင်ငံ၏ အခြား မည်သည့် နယ်စပ်တွင်မျှ ဤနစကတပ်မျိုး ချထားခြင်း မရှိပါ။ အထက် ပါ နစက တပ်မ ကိုစစ်တပ်၊ ရဲ၊လ၀ကနှင့် အကောက်ခွန်ဌာနတို့မှ ၀န်ထမ်းများကို ရာထူးတစ်ဆင့် တိုးပေး ၍ အလှည့်ကျခေါ်ယူစုစည်းကာဖွဲ့စည်းသည်။ 

၁၉၉၂ ခုနှစ်တွင် မောင်တောမြိ့နယ် ခ၀ါရ်ဘီလ် (KhawarBeel) ရိုဟင်ဂျာ ကျေးရွာကို ဖျက်ဆီးပြီးနောက် ၎င်း ရွာအား “ကျီးကန်းပြင်”ဟုအမည်  ပြောင်းလျက် “နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာန (နစက) ချုပ်”ဆိုသည်ကို စတင်ဖွင့် လှစ်သည်။ ထို့နောက် ရိုဟင်ဂျာကျေးရွာများ တွင် နစက “နယ်မြေ” (command sector) များ၊ “စခန်းများ” (Camp) များ ၊ရွာစောင့်ကင်းများ၊ တံတားစောင့် ကင်းများ၊မြစ် ၀ချောင်း ၀ စောင့် ကင်းများကို တစ်ခုပြီး တစ်ခုတိုးချဲ့ဖွင့်လှစ်နေရာချ ထားလာခဲ့သည်။ ယနေ့ အထိ ရိုဟင်ဂျာ တို့နေ ထိုင်ရာ ရွာများ၌  အောက်ပါ နစက တပ်စခန်းများကို ချထားပြီးဖြစ်သည်။

နစက တပ်စခန်းများ

(ခ) စစ်တပ်ရင်းများ 

၁၉၉၁ ခုနှစ်တွင် ရိုဟင်ဂျာတို့နေ ထိုင်ရာ အဓိကမြို့ တစ်မြို့ ဖြစ်သော ဘူးသီးတောင်မြို့ ကိုအောက်ပါတပ် များ ချ ထားခြင်းအားဖြင့်တပ်မြို့(Cantonment)တစ်မြို့သို့အဖြစ်ပြောင်းလဲပစ်ခဲ့ပြီး ရိုဟင်ဂျာတို့၏ ဘ၀ကို ဖျက်ဆီး လျက်ရှိသည်။

(ဂ) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး (နတလ) ရွာများ 

အစ္စရေးက ပါလက်စတိုင်းနယ်မြေများ  ပေါ်တွင် ကျူးကျော်၍ “ဂျူး” ရွာများ တည်ဆောက် သကဲ့ သို့ မြန် မာ ဖက်ဆစ် အစိုးရကပြည်မ မှခြေသလုံး အိမ်တိုင် အခြေအနေမဲ့ လူရမ်းကား ဗမာ များ၊ ထောင် ထဲမှ ဗမာ ရာဇ၀တ် သားများ၊ဘင်္ဂလာဒေ့ရှ်မှသူခိုးဓားပြရခိုင်၊ ဒိုင်းနက်များခေါ်ဆောင် စုဆောင်းပြီး ရိုဟင်ဂျာတို့၏ လယ်မြေ များတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုး (နတလ) ရွာများဟူ၍ တည်ဆောက် လာသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ယနေ့ထိ ချပြီးသော နတလရွာများမှာ အောက်ပါ အတိုင်းဖြစ် သည်။

နတလရွာများ (မောင်တော)


 နတလရွာများ (ဘူးသီးတောင်နှင့်ရသေ့တောင်)


ဖက်ဆစ်မြန်မာ အစိုးရသည် အထက်ပါ အထူးချထား လာသော နစက၊ စစ်တပ်၊ နတလ ယန္တရားများ ကို ပုံမှန်ရှိ ရင်းစွဲ အစိုးရ ဌာနများနှင့် ပေါင်းစပ် အသုံးပြု၍ ရိုဟင်ဂျာ လူမျိုးသုဉ်းရေးပေါ် လစီကိုလူ မဆန်စွာ အကောင် အထည် ဖော်လျက်ရှိ သည်။ လူသားမျိုးနွယ် အပေါ်ပြစ်မှု (Crime Against Humanity) မြောက်လောက် အောင် မည်ကဲ့သို့ ယုတ်မာရိုင်းပျစွာ ကျူးလွန်ခဲ့၊ ကျူးလွန် ဆဲရှိကြောင်းကို လာမည့်ဆောင်းပါးများတွင် ကဏ္ဍ အလိုက် ဆက်လက်ဖော်ပြပါမည်။

Comment ရေးရန်

Rohingya Exodus