နောက်ဆုံးသတင်း/ဆောင်းပါးများ

စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်တွေ့ဆုံခဲ့သူများကိုဖမ်းဆီးရန်ကြိုးစားနေ


QS Madani 
RB News 
24.2.2013 

မောင်တော ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စစ်တွေမြို့မှ မောင်တောမြို့ အလယ် သံကျော် သို့ ရောက်ရှိ လာသော ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့်လူငယ် ၂ ဦးတို့ကို ဖမ်းဆီးရန် လိုက်လံရှာဖွေ နေကြောင်း သတင်း ရရှိပါသည်။ 

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဦးမောင်ဇော်လင်း၊ ဦးသက်ပိုင်၊ ဒေါ်ကြည်ကြည်သိန်း တို့နှင့် အတူ အခြား သော အဖွဲ့နှစ် ဦးပါဝင်လာကြောင်းသိရှိရပါသည်။ 

အဆိုပါ အဖွဲ့ရွာမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် အလယ်သံကျော်ရွာမှ ရဲအရာရှိ ဦးအောင်ကျော်၊ စရဖအရာရှိ ဦးကြည်လှိုင်၊ နစကနယ်မြေ (၇) မှနယ်မြေမှူး ဦးအောင်နိုင်ဦးနှင့် မောင်တောမြို့နယ် အုပ် ချုပ်ရေးမှူး ဦးကြည်သိန်းတို့မှာ စုံစမ်းရေးကော်မရှင်နဲ့ ပြောဆိုခဲ့သူများကို ဖမ်းဆီးရန်ရှာဖွေလျက် ရှိ ကြောင်းဒေ သခံများ မှတဆင့်သိရပါသည်။ 

ထိုသို့ဖမ်းဆီးရန်လိုက်လံရှာဖွေနေသောကြောင့် ကော်မရှင်နှင့်ပြောဆိုခဲ့သူများမှာ ရှောင်တိမ်းနေရပြီး၊ ထိုသူများမှာ ရွာကိုစွန့်ခွာ၍အပြီးအပိုင်ထွက်သွားရမည့်အခြေအနေဖြစ်နေပါသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မောင်တောမြို့ရှိ ရခိုင်ရွာဖြစ်သည့် မောရ၀တီရွာအုပ်ချုပ်ရေးမှူး ဦးခိုင် ထွန်း ၊ ရွာသားများဖြစ်ကြသည့် ဦးမောင်လှ၊ ဦးထွန်းမြရီတို့မှ ရခိုင်လူငယ် အချို့ကို ၀ါချရွာနှင့် သောင် ပညာကျေးရွာ အုပ်စုတို့ရှိ ဗလီဝတ်ကျောင်းတော်များ ရှိရေကန်များနှင့် ပိုက်လိုင်းများတွင် အဆိပ် ခတ်ရန်စေ လွှတ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာများ၏ အသိလျင်မြန်မှု ကြောင့် အဆိုပါ ရခိုင်များ၏ အစီအစဉ် အထ မမြောက်ဘဲ ထိုရခိုင်လူငယ်များ ထွက်ပြေးသွားကြောင်းသိရပါသည်။ 

ဘူးသီးတောင်။။ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ည ၁၁နာရီတွင် နစကစခန်းအမှတ်(၂၂)မှ ဘူးသီး တောင်မြို့ နယ် ရာဇာဘီလ်ကျေးရွာအုပ်စုတွင်နေထိုင်သော အောက်ဖော်ပြပါရိုဟင်ဂျာ (၄) ဦးကို ခိုင်လုံသော အကြောင်းပြ ချက်တစ်စုံတစ်ရာမပြဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။ 

(၁) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဘာရူ (အသက် ၃၀ နှစ်) 
(၂) ဦးအလီအကဘာရ် (ဘ) ဦးဒီန်မိုဟာမတ် (အသက် ၂၂ နှစ်) 
(၃) မော်လ၀ီဦးရဖိခ် (ဘ) ဦးယူစွပ် (အသက် ၂၃ နှစ်) 
(၄) ဦးဘာရူ (ဘ) ဦးအဒူကရီမ် (အသက် ၅၅ နှစ်) 

အထက်ဖော်ပြပါ (၄) ဦးအား ငွေကျပ် ၇၅၀၀၀ စီပေးစေပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါသည်။ 

ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ရာဇာဘီလ်မှ ရိုဟင်ဂျာနှစ်ဦးဖြစ် သည့်ဦး ဆူ လေမန်(ဘ)ဦးကာလူ(အသက်၄၀ နှစ်) နှင့်ဦးနူရ်အစ္စလာမ်(ဘ)ဦးနူရ်မိုဟာမတ်(အသက်၂၂ နှစ်)တို့ အား ကေရာရန် ဖရန်ကျေးရွာ အုပ်စုအမည်ရှိ ရခိုင်ရွာသို့ ရခိုင်လူမျိုးများအတွက်ကောက်ပဲသီးနှံ များသယ်ဆောင် ရန် ခေါ်ဆောင် သွားခဲ့သည်။ သို့သော်လည်း နယ်မြေခံစစ်တပ် တပ်ရင်းဖြစ်သည့် တပ်ရင်း ၅၃၆ မှ ၎င်းတို့နှစ်ဦးအားတွေ့ရှိသွားပြီး ရခိုင်ရွာကိုလာသည့်အတွက်ဟုဆို၍ လူမဆန်စွာ ရိုက် နှက် ခဲ့ကြောင်း သိရပါသည်။

Comment ရေးရန်

Rohingya Exodus