March 31, 2025
နောက်ဆုံးသတင်း/ဆောင်းပါးများ
ရိုဟင်ဂျာသတင်း
မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...
မြန်မာသတင်း
ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...
ဆောင်းပါး
ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...
ဘလောဂါများ
ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...
ကမ္ဘာ့သတင်း
ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...
ကြေညာချက်များ
ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...
ရိုဟင်ဂျာသမိုင်း
ရိုဟင်ဂျာဝီကီ
အစ္စလာမ်ဝီကီ
ကမ္ဘာ့အသက်အငယ်ဆုံး ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်သည့် မိန်းကလေးငယ်
အသက် ၁၂ နှစ်အရွယ်တွင် ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကိုအာဂုံဆောင်ခဲ့သည့်မိခင်နှင့် အသက် ၃ နှစ် ၈ လ တွင် ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကိုအာဂုံဆောင်နိုင်ခဲ့သည့်သမီး
RB News 
15.2.2013 
နိုင်ဂျီးရီးယားနိုင်ငံက သုံးနှစ်အရွယ်သာ ရှိသေးတဲ့ မွတ်စလင် မိန်းကလေးငယ်ဟာ ကုရ်အာန် ကျမ်းတော် မြတ် တစ်အုပ်လုံးကို အာဂုံ ဆောင်နိုင်တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး မွတ်စလင် မိန်းကလေး တစ်ယောက် ဖြစ်လာ ပါတယ်။ 
“ကျွန်မ အနေနဲ့ အများကြီးတော့ မပြောနိုင်ပါဘူး။ ရိုးရိုးသားသားပြောရရင် အလ္လာဟ် အရှင်မြတ်ကိုကျေး ဇူးတင် ပါတယ်” လို့အဲဒီ မိန်းကလေး ငယ်ရဲ့မိခင် Sayyada Maimunatu Sheikh Dahiru က ဖေဖော် ၀ါရီလ (၁၀) ရက်နေ့ မှာပြောပါတယ်။ 
“တကယ်တော့ ဒါက အလ္လာဟ် အရှင်မြတ်ပေးသနားတဲ့ ကောင်းချီး မင်္ဂလာပါ၊ ဒီအတွက် အလ္လာဟ် အရှင် မြတ် ကိုကျေးဇူးတင်ပါတယ်” 
သူမရဲ့ သမီးဖြစ် တဲ့ Rukkayatu Fatahu Umar က အသက် ၃ နှစ်နဲ့ ၈ လမှာ ကုရ်အာန် ကျမ်းတော်မြတ် တစ် အုပ် လုံးကို အာဂုံဆောင်နိုင် ခဲ့တာဖြစ်ပါတယ်။ 
အဆိုပါ မွတ်စလင်မိန်း ကလေးငယ်ဟာ မြင့်မြတ်တဲ့ကျမ်းတော်မြတ်ကို ထင်ရှားတဲ့ဆရာတစ်ဦး ဖြစ်တဲ့ Sheikh Dahiru Usman Bauchi တည်ထောင်ထားတဲ့ အစ္စလာမ် ဘာသာရေးကျောင်းမှာ စတင်သင်ယူ ဆည်းပူးခဲ့ တယ်လို့ဆိုပါတယ်။ 
အဲဒီကျောင်းမှာ စာသင်တဲ့ Maimunatu ဟာ ကျောင်းသားတွေကို စာသင်တဲ့ အချိန်မှာ အဲဒီ မိန်းကလေး ငယ်ကို အမြဲကျောပိုး ထားပြီးတော့ စာသင်လေ့ရှိတယ်။ အဲဒီမှာ ကျောင်းသားတွေနဲ့ အတူမိန်းကလေး ငယ် က လည်း အာဂုံ လိုက်ဆောင်တယ်။ သိပ် မကြာခင်မှာဘဲ အဲဒီ မိန်းကလေးငယ်ဟာ ကုရ်အာန် ကျမ်း တော်မြတ်ရဲ့ အာယာတ်တော် (စာပိုဒ်) အချို့ကိုအာဂုံဆောင်နိုင်ခဲ့တယ်။ 
“အဲဒီလိုနဲ့ ကျွန်မသမီးက အာဂုံဆောင်တဲ့ အတန်းကို တက်ဖို့ အကြောင်းရင်ြး ဖစ်လာတာပါ။ အခုတော့ ကုရ် အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ပါပြီ” လို့သူမရဲ့မိခင်က ဂုဏ်ယူဝင့်ကြွား စွာနဲ့ ပြော ပါ တယ်။ 
ကြီးကျယ်မြင့်ြ မတ်တဲ့ ကုရ်အာန် ကျမ်းတော်မြတ်ရဲ့ စူရာဟ် (အခန်းဆက်) ၁၁၄ ကတော့တော်တော်ကို ရှည်ပါတယ်။ 
မနက် ၇ နာရီကနေ ညနေ ၆ နာရီထိကျောင်းသွားရတဲ့ အဲဒီမိန်းကလေးငယ်အတွက်တော့ သူမရဲ့ အ ဖော်တွေနဲ့ကစားဖို့အချိန်နည်းနည်းလေးဘဲရပါတယ်။ 
စာသင်တဲ့ Maimunatu ပြောတာ ကတော့ သူမအနေနဲ့မကစားတာတော့မဟုတ်ဘူး။ သူမလိုကုရ်အာန်အာ ဂုံဆောင်နေတဲ့ကလေးတွေနဲ့ဘဲကစားတယ်။ အဲဒီ လိုရည်ရွယ်ချက် ချင်းတူတဲ့ သူတွေနဲ့ ဆော့ကစားတဲ့ အတွက် သူတို့အတွက် ပိုပြီး လွယ်ကူစေ တယ်လို့ အဲဒီ ဆရာကပြောပါတယ်။ 
အဲဒီမိန်းကလေး ငယ်ကတော့ သူ့အနေနဲ့ ကုရ်အာန် ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်တာ ကို မယုံ ကြည်နိုင် ပါဘူး။ 
“အလ္လာဟ် အရှင်မြတ်ကိုကျေးဇူး တင်ပါတယ်” လို့မိန်းကလေး ငယ်ကပြောပါတယ်။ 
အခုဆိုရင် အဲဒီမိန်းကလေးငယ်ကို သူမရဲ့မိဘတွေက သူရဲ့ရိုးရာဖြစ်တဲ့အသက် ၁၀ နှစ်အရွယ် မှ ကျောင်း ထားတဲ့အလေ့အထကိုဖျက်ပြီး ကျောင်းပို့ဖို့ပြင်ဆင်နေကြပါပြီ။ 
“ကျွန်မ အမျိုးသားကပြောတယ်။ ကမ္ဘာကြီးက လည်းပြောင်းလဲနေပြီ။ မြို့ပြ ယဉ်ကျေးမှုတွေ လည်းနေရာ အနှံ့မှာရှိနေပြီ၊ အဲဒီတော့ ကျွန်မတို့ သမီးလေးကို အသက် ၆ နှစ်ပြည့်တာနဲ့ သင့်တော်တဲ့ ကျောင်းကိုပို့ မယ်” လို့ သူမရဲ့မိခင်ကပြောပါတယ်။ သူမရဲ့ မိခင်ကလည်း အသက် ၁၂ နှစ်အရွယ်မှာ ကုရ်အာန် ကျမ်း တော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်ပြီးခဲ့သူဖြစ်ပါတယ်။ 
မိန်းကလေးငယ် သင်ကြားခဲ့တဲ့ ကျောင်းရဲ့ကျောင်းအုပ်ကြီး ကတော့ အဲဒီမိန်း ကလေး ငယ်ရဲ့ အဖိုးဖြစ် ပါတယ်။ 
မိန်းကလေးငယ်ရဲ့ မိခင်ကတော့ သူမရဲ့အဖေကို အခုလို ငယ်ရွယ်တဲ့ သူမရဲ့သမီးကို ကုရ်အာန် ကျမ်းတော် မြတ်ကို အာဂုံဆောင်နိုင်အောင် အခွင့်အရေးပေး သင်ကြားပေးတဲ့ အတွက် ဂုဏ်ယူချီး ကျူးလို့မ ဆုံးပါဘူး။ Sheikh Dahiru Bauchi လို့အဖေရှိတဲ့အတွက်အရမ်းကိုကျေးဇူးတင်လို့ပြောပါတယ်။ သူမရဲ့အဖေ အသက်ရှည်ဖို့အတွက် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းတယ်။ အဲဒါမှသူမရဲ့အဖေက အလ္လာဟ် အရှင် ကိုခ၀ပ်ပြုနိုင်ပြီးတော့ လူသားရေးရာကိုအတွက်လည်းအကျိုးပြုနိုင်မယ်လို့ သူမကဆို ပါတယ်။ 
ကလေးငယ်များ ကိုကုရ်အာန်ကျမ်းတော်မြတ်နဲ့ အစ္စလာမ်ဘာသာ တရားနည်းလမ်းတွေကို အသက်ငယ် ရွယ်တဲ့အချိန်မှာ သင်ကြားပေးရမှာက မိဘတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို အာ ဂုံဆောင်နိုင်ခြင်းဟာ အလ္လာဟ် အရှင်မြတ်ရဲ့ ဗျာဒိတ်တော်တွေကို ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးဆုံး နည်းလမ်းဖြစ်ပါတယ်။ 
ကိုးကား - Onslam.net
Comment ရေးရန်
Pages 22123456 »
Rohingya Exodus