နောက်ဆုံးသတင်း/ဆောင်းပါးများ

ကာတာနိုင်ငံမှ ရခိုင်ပြည်နယ် ဒုက္ခသည်များ အတွက် ဒေါ်လာ တစ်သိန်း ထောက်ပံ့

RB News 
14.2.2013 

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ အခြေစိုက် Muslim Aid နှင့် ကာတာနိုင်ငံအခြေစိုက် Al Asmakh Charity တို့ သည် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် လန်ဒန်မြို့၌ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် များ အား ထောက်ပံ့ပေး ရန်နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ 

Muslim Aid သည်ြ မန်မာနိုင်ငံတွင် ပြည်ထောင်စု အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့၏ တရားဝင်ခွင့်ပြု ချက်ဖြင့် ရုံးခွဲဖွင့် လှစ်ထားသည်။ အဆိုပါ Muslim Aid မှ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည် မိသားစု ၄၀၀၀ ကို အရေးပေါ်လိုအပ်သည့် အထောက်အပံ့များပေး အပ်လျက်ရှိပြီး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအ တွက် ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုး တိုးတက်ရေးကိုလည်း လုပ်ကိုင်နိုင်ရန်ကြိုးစားလျက် ရှိကြောင်းသိရ ပါ သည်။ 

ကာတာနိုင်ငံ အခြေစိုက် Al Asmakh Charity ၏ ဒေါ်လာတစ် သိန်းတန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများကို Muslim Aid မှတဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ ကိုထောက်ပံ့ပေး သွားမည် ဖြစ်ပါသည်။ 

Muslim Aid သည်  ဗြိတိန်နိုင် ငံအခြေစိုက် အရေးပေါ်ထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးအေဂျင်စီ တစ်ခုဖြစ်ပြီး၊ ၁၉၈၅ ခုနှစ်မှ စ၍ နိုင်ငံပေါင်း ၇၀ ကျော်တွင် ထောက်ပံ့ရေး ပစ္စည်းမျာြး ဖန့်ဖြူးပေး အပ်နေသည့် အဖွဲ့အ စည်းဖြစ် သည်။

Comment ရေးရန်

Rohingya Exodus