နောက်ဆုံးသတင်း/ဆောင်းပါးများ

ARNO မှ ဘန်ကောက် ဆန္ဒပြပွဲတွင် ဓါတ်ပုံ မီးရှို့ခြင်းအား ကန့်ကွက် ရှုတ်ချ



ARAKAN ROHINGYA NATIONAL ORGANISATION 

ARAKAN, BURMA 


ကြေညာချက်

ရက်စွဲ။ ၂၀၁၃ ဧပြီလ (၉) ရက်

ARNO မှ ဘန်ကောက် ဆန္ဒပြပွဲတွင် ဓါတ်ပုံ မီးရှို့ခြင်းအား ကန့်ကွက် ရှုတ်ချခြင်း 

ဧပြီလ (၉) ရက်နေ့မှာ မြန်မာ ရိုဟင်ဂျာ အသင်း (ထိုင်း) က ဦးဆောင်ပြီး ဘန်ကောက်မြို့ မှာရှိတဲ့ မြန်မာ သံရုံး ရှေ့ ဆန္ဒပြပွဲမှာ မြန်မာ နိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ရဲ့ ဓါတ်ပုံတွေကို မီးရှို့ပြီး ဆန္ဒ ဖော်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ Arakan Rohingya National Organisation (ARNO) က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အနေဖြင့် လွန်စွာ စိတ်ပျက်၊ စိတ်မချမ်း မမြေ့ ဖြစ်ရပြီး၊ ထိုသို့ ပြုလုပ်ခြင်းကို ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် လုံးဝ လက်မခံနိုင် ပါကြောင်း သိစေ အပ်ပါသည်။ 

ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များကိုလည်း ထိုကဲ့သို့ မတော်မရော် လှုပ်ရှားမှု များကို ရှောင်ရှားရန် သတိပေး ပါသည်။ 


ဆက်သွယ်ရန်

ဦးနူရူလ်အစ္စလာမ် - +၄၄ ၇၉ ၄၇၈၅ ၄၆၅၂ 
အီးမေးလ် - info@rohingya.org

Comment ရေးရန်

Rohingya Exodus