ထိုင်းရောက် ရိုဟင်ဂျာ တွေ မြန်မာက ဟုတ်ရင် ပြန်ခေါ် မယ်လို့ဆို
![]() |
မြန်မာ နိုင်ငံ ကနေ ထွက်ပြေး လာတဲ့ ရိုဟင်ဂျာ တွေဟာ ပင်လယ် ပြင်မှာ ဒုက္ခ ရောက်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံမှာ ကယ်တင်ခံ ရတာတွေ လည်း ရှိခဲ့ (Credit: ABC Licensed) |
Radio Australia
11.4.2013
ထိုင်းနိုင်ငံမှာ ရောက်ရှိ နေတဲ့ ရိုဟင်ဂျာ အယောက် ၂၀၀၀ ဟာ မြန်မာ နိုင်ငံ ရခိုင် ပြည်က လူတွေ ဟုတ် မဟုတ် ဆိုတာကို မြန်မာ အစိုးရက စစ်ဆေးမှာ ဖြစ်ပြီး ဟုတ်မှန် တယ်ဆိုရင် မြန်မာ နိုင်ငံမှာ ပြန်လက် ခံမယ်လို့ သိရ ပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိ နေတဲ့ ရိုဟင်ဂျာ တွေအားလုံးဟာ ရခိုင် ပြည်နယ်က ဖြစ်တယ် ဆိုတဲ့ အပေါ် မြန်မာ အစိုးရက သံသယ ရှိနေတာ ဖြစ်ပြီး အကယ်လို့ အဆိုပါ ရိုဟင်ဂျာ တွေက မြန်မာ နိုင်ငံ ကနေ ထိုင်းနိုင်ငံကို ထွက်ခွာ သူတွေ မှန်မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့ ပြန်လည် ခေါ်ယူ သွားမယ်လို့ နိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဍ မောင်လွင် ပြောခဲ့ တယ်လို့ ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိ နေတဲ့ ရိုဟင်ဂျာ အယောက်ပေါင်း ၂၀၀၀ ထဲမှာ ၅၀၀ လောက်က အမျိုး သမီးနဲ့ ကလေး ငယ်တွေ ဖြစ်ကြ တယ်လို့ လည်း သိရ ပါတယ်။
ဘရူနိုင်း နိုင်ငံမှာ ကျင်းပမဲ့ အာဆီယံ အသင်းဝင် နိုင်ငံများ နိုင်ငံ ခြားရေး ဝန်ကြီး တွေရဲ့ ဆွေးနွေးပွဲ မတိုင် ခင် မြန်မာနဲ့ ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံ မှုအတွင်း ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးက မြန်မာ အစိုးရ အနေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိ နေတဲ့ စစ်ပြေး ဒုက္ခသည် တွေကိုလည်း မြန်မာ နိုင်ငံကို ပြန်လာ နိုင်အောင် ကူညီ ပေးဖို့ ဦးဝဏ္ဍမောင်လွင် ကို ပြောခဲ့ တယ်လို့ သိရ ပါတယ်။
ဒုက္ခသည် စခန်းက လူတချို့ မြန်မာ နိုင်ငံမှာ ပြန်လည် နေထိုင် လိုကြ ပေမယ့် မြေမြုပ် မိုင်းရန်တွေ၊ ဘ ဝ ပြန်လည် ထူထောင် ရာမှာ ကြုံတွေ့ ရမယ့် စားရေး၊ သောက်ရေး အခက် အခဲ တွေအပေါ် စိုးရိမ် မ ကင်း ဖြစ်နေ ကြတယ် လို့လည်း ထိုင်းဝန်ကြီးက ပြောတဲ့ အကြောင်း ဘန်ကောက် ပို့စ် သတင်း မှာ ဖော်ပြ ထား ပါတယ်။