နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့တွင် ရိုဟင်ဂျာ အိမ်တစ်လုံး မီးရှို့ခံရ


RB News 
15.4.2013 

မောင်တော ။ ။ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီရာတန်း (ဂေါဒူ ဆာရာ) ကျေးရွာရှိ ရိုဟင်ဂျာ လူမျိုးပိုင် နေအိမ် တစ် လုံးကို ယမန်နေ့ ည ၉ နာရီခွဲ တွင် မီးရှို့ ဖျက်ဆီး ခံရကြောင်း သတင်း ရရှိ ပါသည်။ 

ဖြစ်စဉ်မှာ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီရာတန်း ကျေးရွာရှိ ဦးဂုရာမျာ ၏နေအိမ်မှာ နတလ ရခိုင် ရွာ နှင့်အလွန် နီးကပ်လျက် ရှိပြီး ကျေးရွာ အုပ်ချုပ် ရေးမှူး ရခိုင် လူမျိုး ဦးရဲအောင်မှ အဆိုပါ အိမ်ကို ဖျက်ပေးရန် အိမ်ရှင် အားအကြိမ် ကြိမ် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သိရသည်။ သို့သော် လည်း ပိုင် ရှင် ဖြစ်သူ ဦးဂုရာမျာ မှာ အဆိုပါ အိမ်တွင် မိသားစု ဖြင့် နှစ်ပေါင်း များစွာ နေထိုင် လာခဲ့ သဖြင့် ဖျက် မပေး နိုင်ကြောင်းပြော၍နေခဲ့သည်။ လွန်ခဲ့သည့်နှစ်ဇွန်လတွင် ဖြစ်ပွား ခဲ့သည့် အကြမ်း ဖက်မှု များကြောင့် ဦးဂုရာမျာ သည် ညဘက် အန္တရာယ် ကိုကြောက်ရွှံ့၍ မိသားစုနှင့် အတူ နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် အိပ်လေ့ ရှိကြောင်း သိရသည်။ 

ယမန်နေ့ ည ၉ နာရီခွဲ တွင် မီးရှို့ ခံရခြင်း နှင့် ပတ်သက်၍ “ည ၉ နာရီခွဲ လောက်မှာ နတလ ရခိုင် ရွာက ရခိုင် လူမျိုး ၈ ယောက် လာပြီး မီးရှို့ သွားတာပါ။ မီးရှို့ တဲ့အချိန် မှာ အိမ်ရှင် ဖြစ်တဲ့ ဦးဂုရာမျာ နဲ့ မိသားစု ရှိနေတယ်။ သူတို့ မိသားစု အသက် ကိုလုပြီး တော်တော် လေးပြေး လိုက်ရတယ်။ ကံကောင်း ထောက် မပြီး သူတို့ မိသားစု တော့ ဘာမှ မဖြစ်ဘူး။ အိမ်ကတော့ လုံးဝ ပြာကျ သွားတယ်။ မီးလာ ရှို့တဲ့ ၈ ယောက်ကို မြင်လိုက် ရတယ်။ ဘယ်သူ တွေလဲ ဆိုတာ တော့ အမှောင် ထဲမှာ သဲသဲ ကွဲကွဲ မမြင် လိုက်ရဘူး။ အခင်း ဖြစ်ပြီးတဲ့ နောက် နစက တွေရောက် လာတယ်။ သူတို့ ရောက်လာ တော့ ကျွန်တော်တို့ လည်း အနား ကပ်ခွင့် မရတော့ဘူး။ မီးရှို့တဲ့ ရခိုင် ၈ ယောက် ကတော့ မီးရှို့ပြီး ပြန်သွား ကြတယ်။” ဟု မျက်မြင် သက်သေ တစ်ဦးမှ RB News သို့ ပြော ပါသည်။ 

ဤကဲ့သို့ ဖြစ်ပွားမှု များကို နစက များနှင့် အာဏာပိုင် များမှ လာရောက် ကြည့်ရှူ၍ မှတ်တမ်း တင်ရုံ သာပြုလုပ် ပြီး အရေးယူ ဆောင်ရွက် ခြင်းမျိုး မရှိခဲ့ဟု မောင်တောမြို့ ဒေသခံ တစ်ဦးမှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus