နောက်ဆုံးသတင်း/ဆောင်းပါးများ

မိုးလုံးပြည့် မုသားဝါဒ ဖြစ်တဲ့ ရခိုင် ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ


မောင်သမာဓိ 
RB News
2.5.2013

အခု ထွက်ရှိ လာတဲ့ ရခိုင် ပြည်နယ် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာ ဆိုတာဟာ ရိုဟင်ဂျာ လူမျိုး တုံးရေး လုပ်နေတဲ့ ရခိုင် အစွန်းရောက် အေးမောင် တို့ အုပ်စုနဲ့ ဗုဒ္ဓ အမျိုးသားရေး ၀ါဒီ ဗိုလ်သိန်းစိန် အစိုးရတို့ အလိုကျရေးသား လိုက်တဲ့စာ မိုးလုံးပြည့် မုသားဝါဒ စာတစ်စောင် သာဖြစ် ပါတယ်။ 

ဒီစာမှာ ရိုဟင်ဂျာ လူတွေ လုံးပါးပါးပြီး ပျောက်ကွယ် သွားဖို့ လိမ်လည် ကောက်ကျစ်စွာ အကြံပြု ထား တာ တွေ့ရှိ ရပါတယ်။အလွန် တရာ ဘက်လိုက်ပြီး တရားမျှတမှု ကင်းမဲ့စွာ ရေး ထားတဲ့ သွေး ထိုး လှုံ့ဆော်စာ တစ်ခု ဖြစ်နေ ပါတယ်။ 

စာတစ်စောင် လုံးမှာ မုသားစကားတွေ ပြည့်နှက်နေတယ်။ လိမ်လည် ဖော်ပြချက် တွေအများ ကြီးပါ နေ တယ်။ တစ် ချက်ချင်း ထောက်ပြ ရရင် အချိန်ယူရ မှာ ဖြစ်တဲ့ အတွက် လောလော ဆယ်  ကော် မရှင် က လူ  တွေ မရိုးသကြောင်း၊ လူလိမ်တွေ ဖြစ်ကြောင်း၊ ဘက်လိုက် သူ တွေဖြစ်ကြောင်း သိမြင်နိုင်ဖို့ အ တွက် အချက် အချို့ကို ထောက်ပြ လိုပါတယ်။ 

၁။ “နစကကို ဆက်ထား မလား ဆိုတဲ့ မေးခွန်းကို ဘင်္ဂါလီ များအား မေးရာမှာ ဘင်္ဂါလီ အများစုက ဆက်ထား လိုပါတယ် ဆိုပြီးတော့ ဖြေဆို ခဲ့ကြောင်း” အစီရင် ခံစာမှာ ဖော်ပြထား ပါတယ်။ဒါဗြောင် လိမ် ဖော်ပြ တာ ဖြစ်ပါတယ်။ “နစက” ဆိုတာ ရိုဟင်ဂျာ တွေကို သွေးစုတ် နေတဲ့ ပြိတ္တာ ငရဲသား တွေဖြစ် တယ်။ဘယ် ရိုဟင်ဂျာ ကမှ ဒီလူယုတ်မာ တွေကို မထားချင် ပါဘူး။ပုခက်တွင်းက ရိုဟင်ဂျာကလေးတောင် နစက ဆိုတဲ့ စကားလုံးကို ကြားချင်တာ မဟုတ် ပါဘူး။ဒါပေမဲ့ ကော်မရှင်က လူယုတ် မာတွေ ကရခိုင်တွေ အလိုကျ “နစက” ကိုဆက်ထားပါ ဟုအကြံပြုချင် တာနဲ့ ရိုဟင်ဂျာ တွေကပါ “နစက” ကိုဆက်ထား ရှိဖို့ သဘောတူ သယောင်ယောင် ကောက်ကျစ်စွာ လိမ်လည် ရေးထားတာ ဖြစ်ပါတယ်။ 

၂။ “၁၉၈၈ မှာ ဘင်္ဂါလီ (၅၀၀၀၀) ကလည်းကောင်း၊၁၉၉၈မှာ RLO ဘင်္ဂါလီ (၅၀၀၀) က လည်း ကောင်း မောင်တောမြို့ ကိုသိမ်းပိုက်ရန်လုပ်ဆောင်ခဲ့ကြောင်း၊ရဲက ပြန်တိုက်ယူခဲ့ရ ကြောင်း” ဖော်   ပြ ထား ပြန်တယ်။ ဒါတွေဟာ ရခိုင် တွေရဲ့ မဟုတ် မဟတ် လုပ်ဇာတ် တွေဖြစ် ပါတယ်။ဒါတွေ ဘယ် တုန်းကမှ ဖြစ်ပျက် ခဲ့ခြင်းမရှိ ပါဘူး။ဒါပေမဲ့ ကော်မရှင်က လူယုတ်မာ တွေက ရိုဟင်ဂျာ တွေကို အမည်းရောင် ဆိုးချင်တာနဲ့ ရခိုင် တွေရဲ့ ဒီလို ဒဏ္ဍာရီ ဆန်ဆန် လုပ်ကြံ ပြောဆိုချက် အားလုံး လိုလိုကို အဟုတ် လိုလို တင်ပြ ထားတယ်။ 

၃။ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အမှန် တရား အားလုံးကို အစီရင် ခံစာမှာ ထိန်ချန် ဖုံးကွယ် ရေးသား ထားတာ ကိုတွေ့ရှိ ရတယ်။ရိုဟင်ဂျာများ မြန်မာ နိုင်ငံမှာ တိုင်းရင်းသား အဖြစ် အသိ အမှတ် ပြုခံခဲ့ ရခြင်းကို လုံးဝ မဖော်ပြ ပါဘူး။ ရခိုင် တွေရဲ့ အပြစ်တွေကို ရိုဟင်ဂျာ တွေရဲ့ အပြစ်တွေ အဖြစ် ပြောင်း လဲ ဖော်ပြ တယ်။ ၁၉၄၂ ခုနှစ်က အဓိကရုဏ်းကို မောင်တော၊ ဘူးသီးတောင် မှာစတင် ဖန်တီး ခဲ့ကြောင်း လီ ဆည် ဖော်ပြ တယ်။  အဲဒီ အဓိကရုဏ်းကို ရခိုင်တွေ ကမင်းပြား။ မြေပုံ ဖက်မှာ စတင် ကျူးလွန် ခဲ့ပြီး ရိုဟင်ဂျာ လူမျိုးပေါင်း (၁၁၅၀၀၀) ခန့်ကို သတ်ဖြတ်ကာ၊ရိုဟင်ဂျာ ရွာပေါင်း (၃၀၉) ရွာခန့်ကို မီးရှို့ ဖျက်ဆီး ခဲ့မှုကို လုံးဝ ဖော်ပြခြင်း မရှိဘူး၊အဲဒီ လိုဘဲ ၂၀၁၂ ခုနှစ် ပဋိပက္ခ ကိုလဲ မောင်တော ရိုဟင်ဂျာ တွေကဘဲ စတင် ဖန်တီးခဲ့ သလို လိမ်လည် ဖော်ပြတယ်။ 

၎။ ရိုဟင်ဂျာ တွေကိုသာ ပစ်မှတ် ထားပြီး ရေးဆွဲ ခဲ့တဲ့၊ကျွမ်းကျင်သူ တွေက ပြစ်တင် နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ရခိုင် တွေရဲ့ လေသံ အတိုင်း မပြောင်း မလဲ အကောင် အထည် ဖော်ဖို့၊ ရိုဟင်ဂျာ အချို့ ကို ကျွန်သာ သာရှိတဲ့ “ပြု” (သို့မဟုတ်) ဧည့်နိုင်ငံသား လျှောက် ခွင့် ပေးဖို့၊ ကျန် တာ တွေကို “နိုင်ငံမဲ့” အဖြစ် ထားရှိဖို့၊ဒီလို “ပြု” (သို့မဟုတ်) ဧည့်နိုင်ငံသား လျှောက်ခွင့် မပေးမီ မြန် မာ့ ယဉ်ကျေးမှု ဆိုတဲ့ ဗမာ ရခိုင် တွေ ဘယ်လို ဘုရား ရှိခိုးတယ်၊ ဘယ်လို ခါးတောင်း ကျိုက်တယ်၊ဘယ်လို အိမ်ထောင်ပြု သားမွေးတယ်၊ ဘယ်လို မစင်စွန့်တယ် ကအစ သင်ယူ တတ်မြောက်ပြီး ကာမှ လျှောက် ခွင့် ပေးဖို့အကြံပြု ထားတယ်။ ရိုဟင်ဂျာ တွေရဲ့ မွေးရာပါ နိုင်ငံသား ဖြစ်မှုကို မေ့ဖျောက် ထားတယ်။ ဒီစာ မှာ ရိုဟင်ဂျာ တွေကို သူတို့ ခေတ်အဆက် ဆက်ရရှိ လာခဲ့တဲ့ တိုင်းရင်းသား အဆင့်၊မွေး ရာပါ နိုင်ငံသား အဆင့် ကနေ နိုင်ငံမဲ့ ကျွန်အဆင့် သို့ လျှော့ချဖို့ အကြံ ပက်စက်စွာ တိုက်တွန်း ထားတယ်။ 

၅။ ရိုဟင်ဂျာ တွေကို လူမျိုးတုံး သတ်ဖြတ် ခဲ့တဲ့ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက် သမားများ အား အရေးယူဖို့ လုံးဝ ဖော်ပြထား ခြင်း မရှိဘူး။ 

၆။ ရိုဟင်ဂျာ လူမျိုး တွေကိုသာ family planning လုပ်ပြီး လူဦးရေ လျှော့ချဖို့၊ လူမျိုးတုံး စေဖို့ အကြံပေး ထားတယ်။ 

၇။ ဗုဒ္ဓ ဘာသာဝင် စစ်တပ်၊ ရဲ၊ နစက တွေကို (၂) ဆ တိုးချထားဖို့ တိုက်တွန်း ထားတယ်။ရည်ရွယ် ချက် က ရိုဟင်ဂျာ တွေ တုတ်တုတ် မျှလှုပ်မရအောင် အသေအချာ ၀ိုင်းထား နိုင်ဖို့နဲ့၊ပိုမို နှိပ်စက်နိုင်ဖို့ အ တွက် ဖြစ်ပါတယ်။ လက်နက်ကိုင် တွေထဲမှာ၊ စီမံခန့်ခွဲရေး အာဏာပိုင်တွေထဲမှာ ရိုဟင်ဂျာတွေရှိမှ ရိုဟင်ဂျာ လူမျိုးတွေ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီလို ၀န်ထမ်းတွေထား ရှိဖို့ ကော်မရှင်က အကြံပေးတာ လုံးဝ မရှိ ပါဘူး။ 

၈။ ရိုဟင်ဂျာ လူမျိုးတွေကို ဒုက္ခသည် စခန်း တွေမှာ ဆက်လက် ထားရှိဖို့၊ရခိုင် တွေမှာ အမုန်း စိတ်လျှော့ နည်း သွားတဲ့ တစ်နေ့မှာ ရိုဟင်ဂျာ တွေကို အိမ်ပြန် ခွင့်ပေးဖို့ ပြောဆို ထားတယ်။ရခိုင် တွေက အငြိုး ကြီး တော့ အဲဒီနေ့ ကတော်ရုံနဲ့ လာစရာ မရှိပါ။ရခိုင် တွေစိတ်မပြေ သေးလို့ ဆိုပြီး ရိုဟင်ဂျာ တွေကို ဒုက္ခ သည် စခန်း တွေမှာ အရိုးဆွေး စေမဲ့ အကြံပြု ချက် ဖြစ်ပါတယ်။ 

၉။ အစီရင်ခံစာ တစ်ခုလုံးမှာ ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ”၊ "ဘင်္ဂါလီ” နဲ့တောက်လျှောက် စော်ကား ထား တယ်။ ဗမာ ရခိုင်တွေမကြိုက်လို့၊အငြင်းပွား စရာ ဖြစ်နေလို့ ဆိုပြီး “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မသုံး တာပါဟုရှင်းပြတယ်။ ဒီလိုဆိုရိုဟင်ဂျာတွေ အပြင်းအထန်ငြင်းတဲ့“ဘင်္ဂါလီ”ဆိုတဲ့ စကားလုံးကို ဘာ့ကြောင့် သုံးတာလဲ။ “ဘင်္ဂါလီ” ဆိုတဲ့ စကားလုံးက အငြင်းပွား စရာ မဟုတ် လို့လား ။ကော်မရှင် အဖွဲ့ ဝင် တွေ မှာ သမာသမတ် စိတ်ရှိတယ် ဆိုရင် ဒီစကားလုံး ကိုလဲ သုံးမှာမဟုတ် ပါဘူး။ ဒါပေမဲ့ ကော်မရှင် အဖွဲ့ ၀င် တွေ က ဘက်လိုက် သူများ ပီပီ ရခိုင်တွေရဲ့ အလိုကျ ရိုဟင်ဂျာ တွေကို “ဘင်္ဂါလီ” ဟုသူတို့ သမုတ် ထားတယ်။ 

၁၀။ “ရိုဟင် မလုတ်ဇာ အီဘို၊ ဒါန်းကား ရီဘို” ဟူသော စစ်တကောင်း သားစကားမှ “ရိုဟင်ဂျာ ” ဖြစ် လာ ကြောင်းဖြင့် ရိုဟင်ဂျာ သမိုင်းကို ရခိုင် တွေရဲ့ လုပ်ကြံ ပြောဆို ချက်အတိုင်း တင်ပြ ထားတယ် ။ဒါဘယ် စာအုပ်မှာမှ မပါတဲ့ စကားဖြစ် ပါတယ်။ ဒါကော်မရှင် အဖွဲ့ဝင် အေးမောင်ရဲ့ ထွင်လုံး သာဖြစ် ပါတယ်။ပုံကြည့် ရတာ ဒီအစီရင် ခံစာ ဆိုတာရဲ့ ၉၀% ကို ရခိုင် အဖွဲ့ဝင် အေးမောင် နဲ့ အေးသာအောင် တို့က ရေးခဲ့ ပုံရတယ်။ ရိုဟင်ဂျာ သမိုင်းကို ဖျက်တယ်၊ ရခိုင်တွေ ကျူးလွန်တဲ့ ရာဇ၀တ်မှု ၊ ရိုင်းစိုင်း ယုတ်မာမှု၊ကောက်ကျစ် စဉ်းလဲမှု များကို ထိန်ချန်တယ်။ ရိုဟင်ဂျာ တွေကို အပြစ်ပုံ ချတယ်။ ရခိုင် တွေရေး တဲ့ အခြေ အမြစ် မရှိတဲ့ စာတွေ၊ ယုံတမ်း စကားတွေကို အများဆုံး ကိုးကား ထား တာ တွေ့ ရှိ ရတယ်။ရခိုင် တွေပြောတဲ့ ပုံပြင်တွေ အကုန်လုံး လိုလိုကို တကယ့် အဖြစ် အပျက်လို ဖော်ပြ ထားတယ်။ 

၁၁။ ကလိမ် ကကျစ် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ရဲ့ အလိမ် အညာ ကိန်းဂဏန်း တွေကိုသာ အတည် ယူပြီး ဖော်ပြ ထားတယ်။အာဏာပိုင် တွေရဲ့ မမှန်မကန် တင်ပြချက် များကို လေ့လာမှု မပြုဘဲ အမှန်ဟု သုံးသပ် သွားတယ်။ ရိုဟင်ဂျာ များရဲ့ နစ်နာချက် များကို တမင် လျစ်လျူ ရှူထားတယ်။ရိုဟင်ဂျာ များအား လူမျိုးတုံး သတ်ဖြတ်မှုကို ထိန်ချန် ခဲ့တယ်။ ရိုဟင်ဂျာနဲ့ ၎င်းတို့ရဲ့ အစ္စလာမ် ဘာသာ တို့ကို ရခိုင် တွေအတွက်၊ ဗုဒ္ဓ ဘာသာဝင် တွေအတွက် အန္တရာယ် အဖြစ် သုံးသပ် ပုံဖော် ထားတယ်။ဟိုလိုလို ဒီလိုလိုနဲ့ အချိန် ဆွဲပြီး ရိုဟင်ဂျာ တွေကို မျိုးဖြုတ်ဖို့ ပါးနပ်စွာ တင်ပြ ထားတယ်။ 

ခြုံ ငုံပြီးပြောရလျှင် ဒီစာဟာ ရိုဟင်ဂျာ အနည်းငယ် ခန့်ကို“ဘင်္ဂါလီ”အခေါ်ဖြင့်“ပြု”(သို့မဟုတ်)“ဧည့်” နိုင်ငံ သားလျှောက်ခွင့် ပေးပြီး၊ ကျန်တာတွေကို “နိုင်ငံမဲ့” အဖြစ်နိုင်ငံတကာ conventions များနဲ့ အညီ ဒုက္ခ သည် စခန်းတွေမှာ အချိန် အကြာကြီး ထားရှိလျက် လူမျိုးတုံး စေဖို့ ရခိုင် အစွန်းရောက် များနဲ့ ဗုဒ္ဓ အမျိုး သားရေး ၀ါဒီ ဗိုလ်သိန်းစိန် အစိုးရ တို့ရဲ့ ကောက်ကျစ်တဲ့ စီမံချက် တစ်ရပ်သာ ဖြစ်ကြောင်း လေ့လာ သုံး သပ် မိပါသည်။

Comment ရေးရန်

Rohingya Exodus