နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ သက္ကေပြင် ဒုက္ခသည် စခန်းမှ လူငယ် သုံးဦး ဖမ်းဆီးခံရ၊ တစ်ဦး ပျောက်ဆုံးနေ

RB News 
28.5. 2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ လူငယ်သုံးဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီး၊ အခြား လူငယ်တစ်ဦးမှာ ပျောက်ဆုံး နေကြောင်း သတင်း ရရှိပါသည်။

“လူငယ် သုံးယောက်ကို ၂၅ ရက်နေ့ မနက် ၁၁ နာရီမှာ မန်ဇီ ရဲကင်းက ရဲတွေ လာဖမ်းသွား တာပါ။ ဖမ်း သွားပြီး တော့ အမှတ် (၁) ရဲစခန်းကို ပို့လိုက်တယ် လို့တော့ သိရတယ်။ ဒါပေမယ့် အခုထိ ဘယ်နေရာ မှာလဲ ထားလည်း ဆိုတာ မိဘတွေလည်း မသိကြဘူး။ ဖမ်းခံရတဲ့ထဲမှာ ၁၃နှစ် အရွယ်ကလေး တစ်ယောက်လည်း ပါတယ်။ ဖမ်းခံ ရတဲ့ (၃) ယောက် စလုံးမှာ ဘာအပြစ်မှ ကျူးလွန် ထားတာ မရှိဘူး” ဟု သက္ကေပြင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် တစ်ဦးမှ RB News သို့ ပြောပါသည်။ 

ဖမ်းဆီး ခံရသည့် လူငယ် (၃) ဦးမှာ - 

(၁) ရှာလမ် (ဘ) ဦးဟာရှင်မ် (အသက် ၁၃ နှစ်)
(၂) အာဇီဇ်ရာမန် (ဘ) အမည်မသိ (အသက် ၁၈ နှစ်) 
(၃) ပူတီယား (ဘ) ဦးရှုနာမီယာ (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

ထို့အပြင် ဘောဒူဖ ဒုက္ခသည် စခန်းတွင် လက်သမား အလုပ်လုပ် နေသော နူရာလင်း (ဘ) ဦးရှာမ် ရှု အာလမ် (အသက် ၁၉ နှစ်) သည် မေလ (၂၅) ရက်နေ့တွင် နေ့လည်ပိုင်းတွင် အလုပ်မှ ပြန်လာ သည့် အချိန်၌ ပျောက်ဆုံး သွားသည်ဟု သိရသည်။

“အလုပ်ကနေ နေ့လည်ပိုင်း ပြန်သွားတယ် ဆိုတာဘဲ သိရတယ်။ အိမ်ကိုပြန်ရောက် မလာဘူး။ နေရာ အနှံ့ လိုက် ရှာတာလည်း ဒီနေ့ထိ မတွေ့ဘူး။ မိဘ တွေလည်း အတော်လေး စိတ်ပူနေတယ်။ သူ့ကိုလည်း ရဲတွေကဘဲ ဖမ်းသွားတယ်လို့ ထင်နေကြတယ်” ဟု အဆိုပါ ဒုက္ခသည်မှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus