နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားတွင် မွတ်စလင် ၄ ဦးကို ရခိုင်အစွန်းရောက် ၃၀ ကျော်မှ တိုက်ခိုက်ရန် ကြိုးစားခဲ့

RB News
28.5. 2013

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်၊ တန်ဆိပ်ရွာမှ သဒါရွာသို့ သွားနေသော ရိုဟင်ဂျာ မွတ်စလင် (၄) ဦးကို ရခိုင် အစွန်းရောက် ၃၀ ကျော်မှ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

မင်းပြား မြို့နယ် သဒါရွာတွင် နေထိုင်သော ဦးဂူလ်ဖရာဇ် (ဘ) ဦးအုလ္လာမီယာ (အသက် ၃၀ နှစ်) သည် မိ ဘ များနေထိုင်ရာ တန်ဆိပ်ရွာသို့ သွားရောက် ခဲ့သည်။ ယနေ့ နံနက် ၁၁ နာရီ ခန့်တွင် တစ်ဦး တည်း ပြန် လျှင် အန္တရာယ် ရှိသောကြောင့် တန်ဆိပ်ရွာမှ ရွာသား သုံးဦး ဖြစ်သော ဦးဇူဘေရ်၊ ဦးနူရ်အာဆောင်နှင့် ဦးအလီ အက်ဘာရ်တို့ကို သဒါရွာသို့ လိုက်ပို့ရန် အဖော်ခေါ် ခဲ့သည်။ ၎င်းတို့ (၄) ဦးတို့ ခေါင်းလောင် (ရခိုင်ရွာ) သို့ အရောက်တွင် ရခိုင် အစွန်းရောက် (၃၀) ကျော်မှ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစား ခဲ့ကြောင်း သိရသည်။ 

“ခေါင်းလောင်းရွာ နားကိုရောက်တော့ ရခိုင် အယောက် (၃၀) ကျော် တုတ်တွေ၊ ဓါးတွေနဲ့ ထွက်လာတယ်။ (၄) ယောက်လုံးကို မိရင်တော့ အသေသတ် ပစ်မှာပါ။ (၄) ယောက်လုံးက အဲဒီလို တုတ်တွေ ဓါးတွေနဲ့ ထွက်လာ တာမြင်တာနဲ့ အသက်လုပြီး ထွက်ပြေးကြတယ်။ ကံကောင်းလို့ မွတ်စလင်ရွာ တစ်ခု ဖြစ် တဲ့ နော်နော်ရွာကို ရောက်တာ မြန်ပေလို့ အသက်ရှင် နိုင်ခဲ့တာ” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။ 

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ်က အကြမ်းဖက်မှု များဖြစ်ပွား ပြီးနောက် အများစုမှာ အိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ဘ၀သို့ ရောက်ရှိသွားပြီး၊ သွားလာခွင့် ကန့်သတ် ထားခံရသည်။ ထို့အပြင် ဒုက္ခသည် ဘ၀ မရောက်ဘဲ မိမိတို့၏ နေအိမ် များတွင် ကျန်နေရစ် ခဲ့သော သူများကိုလည်း သွားလာခွင့် ကန့်သတ် ထားပြီး၊ မိမိတို့၏ ရွာအနီး အနားသို့ သွားရန်ပင် လွန်စွာ ခက်ခဲလျက် ရှိသည်။

“ကျွန်တော်တို့မှာ ရွာပြင် ထွက်ဖို့ မလွယ်ဘူး။ ရွာအပြင်ထွက် တာနဲ့ စစ်တပ်နဲ့ နစက ကဒုက္ခပေးရင် ပေး၊ သူတို့ ဒုက္ခ မပေးရင် ရခိုင် အစွန်းရောက် တွေဒုက္ခ ပေးတဲ့ ဒဏ်ခံရတယ်။ တခါတလေ နောက်တရွာ ကနေ ဈေးသွား ၀ယ်ရင်လည်း အပြန်လမ်းမှာ အလုခံ ရတယ်။ ၀ယ်လာတဲ့ အစား အသောက် အပြင် အိတ်ထဲ ကျန်တဲ့ ငွေပါ အလုခံ ရတယ်။ ကံဆိုးရင်တော့ လူပါ အသတ်ခံ ရပြီး အလောင်းပါ ပြန်မရတဲ့ အဖြစ် မကြာခဏ ကြုံရလေ့ ရှိတယ်” ဟု အဆိုပါ မင်းပြားမြို့နယ် ဒေသခံမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus