နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့တောင်ပိုင်းတွင် စစ်တပ်နှင့် ရခိုင်များ ပူးပေါင်း၍ လုယက်

မောင်အာသာ
RB News
21.6.2013

မောင်တော ။ ။ ဇွန်လ (၁၈) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စစ်သား ၂၀ ဦးခန့်နှင့် ရခိုင် အကြမ်းဖက် သမား အချို့တို့ ဒုချီရာတန်း (ကီလာဒေါင်) ရွာ၏ အရှေ့ပိုင်းသို့ ၀င်ရောက်၍ စီးနင်းခဲ့ ကြောင်း သတင်း ရရှိပါသည်။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသုံး လက်ကိုင်ဖုန်း များရှာဖွေ သည်ဟု အကြောင်းပြ၍ ရိုဟင်ဂျာ အမျိုးသမီး များကို ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ် ခဲ့သည်ဟု သိရသည်။ 

“စစ်သား အယောက် ၂၀ လောက်နဲ့ ရခိုင် အကြမ်းဖက် သမားတွေက ကီလာဒေါင် (ဒုချီ ရာတန်း) ရွာရဲ့ အရှေ့ပိုင်းကို ၀ိုင်းပြီးတော့ အိမ် ၆ လုံးကို ၀င်ပြီး လုယက်ခဲ့တယ်။ သူတို့ကတော့ တရားမ၀င် သစ်တွေနဲ့ ဘင်္ဂလား ဖုန်းတွေ ရှာဖွေဖို့ ဆိုပြီး အကြောင်း ပြတယ်။ လုခံရတဲ့ မိသားစု (၆) စုထဲက (၂) စု ကတော့ -

(၁) မော်လ၀ီ ဦးမော်တော်ဘီစ် (ဘ) ဦးအဒူဂျလီလ်
(၂) ဦးအဘူကလာမ် (ဘ) ဦးရှကူရ်

ရတနာတွေ၊ ငွေတွေနဲ့ အခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သူတို့ လုတယ်။ ပြီးတော့ ဘင်္ဂလား ဖုန်းရှာ မယ် ဆိုပြီး အမျိုးသမီး တွေရဲ့ အ၀တ် အစားတွေကို ချွတ်ခိုင်းတယ်။ ဒါပေမယ့် မုဒိန်းကျင့် တာမျိုးတော့ မရှိ ဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ အ၀တ် အစား ချွတ်ခိုင်း တာကတော့ တော်တော်လေး တရား လက်လွန် လုပ်တာပါ။ ဒါကတော့ အမျိုးသမီး တွေအတွက် တော်တော်လေး အရှက် ရစေတဲ့ လုပ်ရပ် တစ် ခုပါ။” ဟု ရိုဟင်ဂျာ လူကြီး တစ်ဦးမှ RB News သို့ ပြောပါသည်။ 

၎င်းမှ ဆက်လက် ပြောကြား ရာတွင် “ဇွန်လ ၈ ရက်နေ့က ရခိုင် အကြမ်းဖက် ၁၂ ယောက်က ရိုဟင်ဂျာ အိမ်တစ်လုံးကို မီးရှို့ဖို့ လုပ်တာမှာ တစ်ယောက်ကို ဖမ်းနိုင်ခဲ့ပြီး တော့ နစက ကိုလွှဲပေး ခဲ့တယ်။ သူ့ကို စစ်ဆေးတော့ ကျူးလွန်တဲ့ အမှုကို ၀န်ခံ သွားတယ်။ အဲဒါကြောင့် ရခိုင်တွေက စစ်တပ်နဲ့ ပေါင်းပြီးတော့ အခုလို ရွာတွေကို ၀င်စီးတယ်။ ပြီးတော့ ရွာသူ ရွာသားတွေကို နည်းမျိုးစုံနဲ့ ညှင်းပန်း နှိပ်စက် နေတာပါ။ 

ထုံးစံအတိုင်း အရင်တုန်းက လုယက်မှု တွေမှာ ပါဝင်လေ့ ရှိတဲ့ မောင်တော မြို့ တောင်ပိုင်း ခရမြိုင်မှာ အခြေစိုက်တဲ့ တပ်ရင်း ၃၅၂ က ဗိုလ်ကြီး ထိုက်စိုးက အခု ၀င်စီးတာနဲ့ လုယက်မှုကို ဦးဆောင် တာပါ။ ကျွန်တော်တို့ အနေနဲ့ ဗဟို အစိုးရကို အခုလို နေ့စဉ် ရက်ဆက် ရိုဟင်ဂျာ တွေဆီက လုယက်တာ တွေနဲ့ ရိုဟင်ဂျာ တွေကို ညှင်းပန်း နှိပ်စက် နေတာကို ရပ်တန့်ပေးဖို့ အသနား ခံပါတယ်။ နိုင်ငံတကာ ကိုလည်း ကျွန်တော်တို့ ကို ထိထိ ရောက်ရောက် ကူညီ ပေးဖို့ တောင်းဆို ပါတယ်”


Comment ရေးရန်

Rohingya Exodus