နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့တွင် နစက ဓါးပြတိုက်၊ လုယက်၊ ဖမ်းဆီး၍ ငွေညှစ်

ဌေးဇော်
RB News
19.6.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် နစက နယ်မြေ (၉) လက်အောက်ခံ စခန်း အမှတ် (၂၁) - ဦးလှဖေရွာ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် များမှ ရွာထဲသို့ ၀င်ရောက် စီးနင်း၍ လုယက်၊ ဖမ်းဆီးမှု များပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇွန်လ (၁၈) ရက်နေ့ ည ၁၁ နာရီ ခန့်တွင် ဦးလှဖေရွာ ကင်းစခန်းမှူးနှင့် တပ်ဖွဲ့ဝင် များသည် မြောက်ရွာရှိ ဦးမိုဟာမတ် ရှဖီ၏ နေအိမ်သို့ ရွာအုပ်ချုပ်ရေးမှူး မပါဘဲ ၀င်ရောက်၍ ရွှေငွေ များကို ဓါးပြ သဖွယ် တိုက်ယူ ခဲ့သည်။ ဦးရှဖီမှ အော်ဟစ်၍ ပတ်ဝန်းကျင်ကို အကူ အညီ တောင်းသည့် အခါ ကူညီရန် လာသူ (၅) ဦးနှင့် ဦးရှဖီ တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ဦးလှဖေရွာရှိ နစက ကင်းစခန်းသို့ ၎င်းတို့ (၆) ဦးကို ခေါ်ဆောင် သွားပြီး ပြင်းထန်စွာ ရိုက်နှက် ခဲ့ကြောင်း သိ ရသည်။ ဦးရှဖီမှ အော်ဟစ်၍ အကူအညီ တောင်းသဖြင့် ၎င်းအား ထောင်ချရန် အမှတ် (၂၁) စခန်းမှူး ဗိုလ်ကြီး ကျော်မြင့်နှင့် စစ်ဦးစီး တို့က ဦးလှဖေရွာ ကင်းစခန်းမှ ခေါ်ဆောင် သွားသည်။ ကျန်သည့် (၅) ဦး ထံမှ ငွေအမြောက် အမြားယူ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။ 

ပြန်လည် လွတ်မြောက် လာသူ များထဲမှ ဦးအတ်သာရ် ဂျမီလ် (ဘ) ဦးရှုနာမျာမှ ငွေကျပ် ၃ သိန်း ပေး ခဲ့ရပြီး၊ ဦးအီမာန် ဟူစိန်း (ဘ) ဦးဂဖူရ်မှ ငွေကျပ် ၂ သိန်း ပေးခဲ့ရကြောင်း သိရသည်။ သို့သော် ဦးဖော်ဇော် ရာ မန် (ဘ) ဦးအာရတ်ဒုလ္လာ၊ ဦးကာလာမျာ (ဘ) ဦးဘရှီရ်နှင့် ဦးအဘူဇဖရ် (ဘ) ဦးနူရာမျာ တို့  ပေး ခဲ့ ရ သည် ကို စုံစမ်း မရရှိ သေးပေ။


Comment ရေးရန်

Rohingya Exodus