ဘူးသီးတောင်မှ ရိုဟင်ဂျာ လေးဦး ပျောက်ဆုံးနေ
ဌေးဇော်
RB News
RB News
19.6.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် စိမ်းညှင်းပြာ ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ လေး ဦး ပျောက်ဆုံး နေကြောင်း သတင်း ရရှိပါသည်။
ဇွန်လ (၁၇) ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် မေယု တောင်တန်းသို့ ၀ါးခုတ်ရန် ထွက်ခွာ သွားသော စိမ်း ညှင်းပြာ ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ လေးဦးသည် ပြန်လာရမည့် အချိန်တွင် ရောက်ရှိ မလာ သဖြင့် ဒေ သ ခံ နစက များကို အကြောင်းကြား ခဲ့သည်။ သို့သော်လည်း နစကမှ တာဝန်ယူ၍ အရေး တယူ ဆောင် ရွက် ခြင်း မရှိကြောင်း ဒေသခံ များမှ ပြောပါသည်။
“မေယု တောင်တန်းမှာ ALP ရခိုင် လွတ်မြောက်ရေး အဖွဲ့ ရှိတယ် ဆိုတာတော့ ကျွန်တော်တို့ အားလုံး သိ တယ်။ ဒါပေမယ့် တခါ တလေ စားဝတ် နေရေးကို ရှေ့တန်း တင်ပြီး အရဲစွန့်ပြီး သွားတဲ့ သူတွေကို တားလို့ မရဘူး။ မေယု တောင်တန်း ထဲမှာ အသတ်ခံ ရတဲ့သူ တွေလည်း မနည်းတော့ဘူး။ နစက မှာတော့ ဘယ်နေရာမှာ ALP ရှိတယ် ဆိုတာ သတင်း ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ နစက ကိုသွားတိုင်ပြီး အကူအညီ တောင်းတော့လည်း အရေး တယူ မလုပ်ဘူး။ သဘောက သေချင် သေပစေပေါ့” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ဒေသခံများနှင့် ၀ါးခုတ်ရန် သွားသူလေးဦး တို့၏ မိသားစုများမှ ၎င်းတို့အသတ်ခံ ရသည်ဟု ယုံကြည် နေကြ သည်။
ဝါးခုတ်ရန် သွားရာတွင် ပျောက်ဆုံး နေသူ (၄) ဦးမှာ -
(၁) ဦးမိုဟာမတ် ဟာဘီ (ဘ) ဦးနဇီရ် ဟူစိန်း (အသက် ၅၂ နှစ်)
(၂) မောင်ယာစီးန် (ဘ) ဦးမိုဟာမတ် ဟာဘီ (အသက် ၂၀ နှစ်)
(၃) ဦးအဘူကလာမ် (ဘ) ဦးမော်နီရ်အဟမတ် (အသက် ၃၅ နှစ်)
(၄) မောင်ဟာမိတ် ဟူစိန်း (ဘ) ဦးအီဆုပ် (အသက် ၁၄ နှစ်) -- တို့ဖြစ်သည်။