မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ
မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။ |
21.6.2013
အမေရိကန် နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာ နိုင်ငံ တွေနဲ့ စီးပွားရေး လုပ်ဆောင် မှုတွေ တားမြစ် ပိတ်ပင် ထားတဲ့ အချိန်မှာ ၊ အမေရိကန် နိုင်ငံမှာ ဖွင့်လှစ် ထားတဲ့ ဘဏ်စာရင်း ကနေ တဆင့် အဲဒီ နိုင်ငံတွေ ကိုယ်စား ငွေမည်း ခ၀ါ ချမှုတွေ လုပ်ဆောင် ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကို ဒေါ်လာသန်း ၂၅၀ ဒဏ်ရိုက် လိုက်ပါတယ်။
တိုကျို မစ်ဆူဘီရှီ ဘဏ်ဟာ ဒေါ်လာ သန်းပေါင်း ၁၀၀ ဖိုးလောက်ရှိတဲ့ ၊ ငွေကြေး အလွှဲ အပြောင်း ၃ သောင်း ခန့်ကို သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၀၇ ခုနှစ် အကြား နယူးမှာ ရှိတဲ့ ဘဏ်ခွဲ တွေက တဆင့် ဆောင် ရွက် ခဲ့တယ်လို့ နယူး ယောက်မြို့ အရာရှိများက ပြောကြား လိုက်ပါတယ်။
ဒီငွေကြေး အလွှဲ အပြောင်း တွေမှာ ရန်သူနိုင်ငံတခု နဲ့ စပ်ဆက်မှု ရှိနေတယ် ဆိုတာကို ဖေါ်ထုတ်ဖို့ ၊ အထက် ညွန်ကြား ချက်အရ တမင် တကာ မဖော်ထုတ်ပဲ နေခဲ့ကြ တယ်လို့ စစ်ဆေးရေး အရာရှိ တွေက ဆိုပါတယ်။ အစောပိုင်းကတော့ ၊ ဒီအမှုအတွက်ဒဏ်ငွေ ၈ သန်းခွဲကို အမေရိကန် အာဏာပိုင်တွေ ကို ပေး အပ် ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီဘဏ် ကတော့ ဒီတရားမ၀င် ငွေကြေး လွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိ တွေကို သူတို့နဲ့ သဘောနဲ့ သူတို့ အကြောင်း ကြားခဲ့ပြီး ဖြစ်တယ်၊ အဲဒီ အချိန် ကစပြီး ဘဏ်တွင်း ထိန်းချုပ် မှုတွေကို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် လာခဲ့တယ်လို့ ပြောပါတယ်။