နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗန္ဓုလခန်းမမှာ ပဲ့တင်ထပ်ခဲ့တဲ့ ဦးသိန်းစိန်ရဲ့ စကားများ


သိကြားမင်း
RB News
15.7.2013

ယနေ့ မြန်မာ နိုင်ငံတော် သမ္မတ ဖြစ်သူ ဦးသိန်းစိန်သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၁၆.၃.၂၀၁၀ ရက်နေ့တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အဖြစ် တစ်ကြိမ်၊ ရွေးကောက်ပွဲ အပြီး ၂၃.၁၁.၂၀၁၀ ရက်နေ့တွင် အရပ်သား နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန် အဖြစ် တစ်ကြိမ်၊ မောင်တော ခရိုင်၊ ဘူးသီးတောင် မြို့နယ်သို့ ၀န်ကြီး တစ်ဒါဇင် ကျော်ကျော် ခြံရံ၍ ရောက်ရှိ ခဲ့သည်။ ဘူးသီးတောင် မြို့ရှိ အမှတ် (၁) အခြေချ စစ်ဗျူဟာပိုင် ဗန္ဓုလ ခန်းမတွင် ရခိုင်၊ ရိုဟင်ဂျာ ရပ်မိ ရပ်ဖ များကို ဖိတ်ခေါ်၍ အစည်းအဝေး များကျင်းပ ခဲ့သည်။ ထိုအစည်း အဝေး များ၌ ရိုဟင်ဂျာ မွတ်စလင် များနှင့် ပတ်သက် ၍ အောက်ပါ အတိုင်း ပြောကြား ခဲ့သည်။ 

“ဒီဒေသမှာ ရှိတဲ့ မွတ်စလင် တွေဟာ ကျွန်တော်တို့ မြန်မာ နိုင်ငံသား တွေဖြစ်ပါတယ်။ သူတို့ကို မကြာမီ တန်းတူ နိုင်ငံသား အခွင့် အရေးတွေ ပေးသွားမှာဖြစ်ပါတယ်။ ဒီဘက်က မွတ်စလင် တွေမှာ တစ် ဘက် နိုင်ငံမှာ ဆွေမျိုးတွေရှိနိုင်ပါတယ်။ ဒါပြဿနာ မဟုတ်ပါဘူး။ နယ်စပ်တိုင်းမှာ ဒီလိုဘဲ ခွပြီး ရှိနေ တတ် ပါတယ်။ ဒီဘက်မှာ နေတဲ့ လူတွေဟာ ဒီနိုင်ငံသား တွေဖြစ်ပြီးတော့ တစ် ဘက် နိုင်ငံ မှာ နေ တဲ့ ဆွေမျိုး တွေကတော့ တစ်ဘက် နိုင်ငံသား တွေဖြစ်ပါတယ်။ ဒီဒေသမှာ နေတဲ့ မွတ်စလင် တွေကို ကျွန်တော် ဗီဒီယို ကတဆင့် လေ့လာ ကြည့်ခဲ့ ပါတယ်။ အမျိုးသမီး တွေဟာ ရင်ဖုံး အင်္ကျီနှင့် ထမီကို ၀တ် ဆင် ပြီးတော့၊ အမျိုးသား တွေကတော့ ရှပ်အင်္ကျီနှင့် ပုဆိုး ၀တ်ဆင် ကြတာကို တွေ့ရှိ ရပါတယ်။ မြန်မာ စကားကိုလဲ တစ်ချို့ တိုင်းရင်းသား တွေထက် ပိုမို ပြောဆို နိုင်တာကို တွေ့ရပါတယ်။ ဒီတော့ ဒီဒေ သ မှာ နေတဲ့ မွတ်စလင် တွေဟာ တစ်ချို့ တိုင်းရင်းသား တွေထက် ပိုမို မြန်မာ ဆန်တာကို တွေ့ရ ပါတယ်။ ဒီဒေသမှာ ရှိတဲ့ ရခိုင်နဲ့ မွတ်စလင် တွေဟာ နိုင်ငံတော် အမြင်မှာ အတူတူပါဘဲ။ နိုင်ငံတော် အနေနဲ့ လူမျိုး ဘာသာ ခွဲခြား ဆက်ဆံခြင်း မပြုပါဘူး။ ဒီဒေသနေ လူမျိုး နှစ်မျိုး စလုံး ညီရင်း အစ် ကိုတွေလို ချစ်ခင် ရင်းနှီးစွာ နေထိုင် ကြစေ လိုပါတယ် …”

သို့ရာတွင် ဦးသိန်းစိန်သည် ရခိုင် အစွန်းရောက် များ၏ ထောင်ချောက်တွင် မိပြီး သူ့ပြောစကား များကို မကြာမီ မေ့သွား လေသည်။ ထို့နောက် ရခိုင် အကြမ်းဖက် သမား များ၏ အလို အတိုင်း ရိုဟင်ဂျာ မွတ်စ လင် များ ကို နိုင်ငံ့ ရန်သူများ အဖြစ် ပြောဆိုပြီး “ဒုက္ခသည် များစခန်း သို့မဟုတ် တတိယ နိုင်ငံ ပို့ရန်” တစ် နည်း အားဖြင့် ရိုဟင်ဂျာ မွတ်စလင် များအား “သတ်ဖြတ် ရှင်းလင်း ပစ်ရန်” အမိန့် ပေး ခဲ့ လေသည်။ 

သူပြောခဲ့သည့် အတိုင်း ယခင်က ဆိုလျှင် ရခိုင်နဲ့ ရိုဟင်ဂျာဟာ နိုင်ငံတော် အမြင်မှာ အတူတူ ဖြစ်ခဲ့သည်။ ရခိုင်က တိုင်းရင်းသား ဖြစ်သလို ရိုဟင်ဂျာ ကလည်း တိုင်းရင်းသား ဖြစ်ခဲ့သည်။ ရခိုင်နှင့် ရိုဟင်ဂျာ အမျိုး သား မှတ်ပုံတင် ကဒ်ပြား တစ်မျိုး တစ်စားတည်း ကိုင်ခဲ့ကြသည်။ ရခိုင်များ နည်းတူ ရိုဟင်ဂျာ များကလည်း ၀န်ကြီး၊ ၀န်ငယ်၊ လွှတ်တော် အမတ်၊ တပ်မတော်သား၊ ရဲ၊ အခြား ဌာန ဆိုင်ရာ ၀န်ထမ်းများ အဖြစ် နိုင်ငံ့ တာဝန် များကို ထမ်းရွက် ခဲ့ကြသည်။ သို့ရာတွင် အာဏာရှင်ဟောင်း ဦးသိန်းစိန် တို့၏ ဆရာ ကြီးဟောင်း ဗိုလ်ခင်ညွန့်က “နယ်စပ် ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက)” ဆိုသော “သွေးစုပ် လူသတ်” အထူးတပ် တစ်ခုကို ဖွဲ့စည်း၍ ရိုဟင်ဂျာ များကို တိုင်းရင်းသား အဆင့်ကနေ တဖြေးဖြေးနှင့် နိုင်ငံမဲ့၊ နိုင်ငံ့ ရန်သူ အဆင့်သို့ လျော့ကျ စေပြီး လူမျိုးတုန်း သတ်ဖြတ် လာခဲ့သည်။ 

ထို “နစက” “သွေးစုပ် လူသတ်” တပ်ကို ၁၂.၇.၂၀၁၃ ရက်နေ့တွင် ဦးသိန်းစိန်က ဖျက်သိမ်းပြီး လက်တွေ့ မပါသော စကားများကို တွင်တွင် ပြောနေသော်လည်း၊ ရိုဟင်ဂျာ များသည် နဂို အနေ အဆင့်ကို ရရှိရန် အလှမ်းဝေး လျက်ရှိသည်။ နိုင်ငံတကာမှ ဤမျှ အကြိမ်ကြိမ် ထောက်ပြ နေသည်တောင်မှ ဦးသိန်းစိန်၏ အယူ သည်း မှူးမတ် များက “မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူး၊ ၁၉၈၂ နိုင်ငံသား ဥပဒေ အရသာ သူတို့ကို နိုင်ငံသား ဟုတ်/မဟုတ် စီစစ်ရမယ်” ချည်းပြော နေသည်။ ခေတ်အဆက်ဆက် တိုင်းရင်းသား အခွင့်အရေး များကို ရရှိ ခံစား လာခဲ့သော ရိုဟင်ဂျာ များသည် “ပြုပြင် ပြောင်းလဲရေး သမား”၊ “ဒီမိုကရေစီ သမား” ဟုဟစ်ကြွေး နေသော ဦးသိန်းစိန် လက်ထက်ကျမှ မနေ့ တစ်နေ့က ၀င်လာသော သူများ ကဲ့သို့ ဆက်ဆံ ခံနေရသည်။ ဦးသိန်းစိန်နှင့် သူ့မှူးမတ် များသည် ဘူးသီးတောင်မြို့၊ ဗန္ဓုလ ခန်းမတွင် ပြောကြား ခဲ့သော စကားများကို မေ့ပျောက် လျက်ရှိသည်။ “မင်းမှာ သစ္စာ၊ လူမှာကတိ”၊ “ဆိုခဲ့စေ၊ မြဲစေ” ဆိုသည့် အတိုင်း ဘူးသီးတောင်မြို့၊ ဗန္ဓုလခန်းမတွင် ပြောကြား ခဲ့သော “ရခိုင်နဲ့ မွတ်စလင် အတူတူပါဘဲ” ဆိုသည့် စကားကို ဦးသိန်းစိန်နှင့် သူ့မှူးမတ် များအနေဖြင့် မမေ့ပျောက် စေချင်ပါ။

Comment ရေးရန်

Rohingya Exodus