နောက်ဆုံးသတင်း/ဆောင်းပါးများ

ရန်သူ့ အကွက်

ဌေးလွင်ဦး
RB News
14.8.2013

တော်လှန်ရေး တစ်ခု ဖြစ်လာ တိုင်းမှာ ရန်သူ အတိုက် အခံကို လျှော့တွက်လို့ မရနိုင်ဘူး။ တော်လှန်ရေး ဆိုတာ ကျူးကျော် တိုက်ခိုက်မှု၊ မတော် မတရား ရန်ရှာမှုမျိုး မဟုတ်ပါ။ ကျူးကျော် စော်ကားခံ ရခြင်းကို ခုခံမှု၊ မတရားပြု ကျင့်ခံ ရမှုကို တော်လှန်မှုသာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန် ရေးရဲ့ ရန်သူ၊ တော် လှန်ရေ့း အတိုက် အခံတွေ ဟာ မတရား ပြုကျင့်မှုကို အမှန် သတ်မှတ်ကာ- ညစ် ပတ် ကောက်ကျစ်တဲ့ နည်းလမ်း အားလုံးကို တရားသည် မတရားသည် မရှိ အသုံးပြု တတ်ပါတယ်။ ဒါတွေကို တော်လှန်ရေး သမားတွေက ပါးနပ် လိမ် မာ စွာ ဖြေရှင်းနိုင် ဘို့ လိုသလို-၊ တော်လှန်ရေးကို ထောက်ခံ နေတဲ့ လူထု ကြားမှာလည်း ပညာပေးတွေ ပြုလုပ် ရပါမယ်။ စည်းကမ်း တွေလည်း သတ်မှတ် ထားဘို့ လိုပါ တယ်။ နို့မ ဟုတ်ရင် ရန်သူရဲ့ ထောင်ချောက် ထဲကို ၀င်သွားပြီး တော်လှန်ရေး ကျဆုံးလေ့ ရှိတတ် ပါတယ်။

မြန်မာ မွတ်ဆလင် အွမ္မတ်ဟာ လောလောဆယ်မှာ တန်းတူညီမျှ အခွင့်အရေး ရရှိစေဘို့ တော်လှန်ရေး ထဲမှာ ရှိနေတယ် ဆိုတဲ့ အချက်ကို လူတိုင်း သတိရ နေဘို့ လိုအပ် ပါတယ်။ အာဏာပိုင် များနဲ့ ပြေလည်သူ ဖြစ်စေ၊ မပြေ လည်သူ ဖြစ်စေ၊ အရပ်သား ဖြစ်စေ၊ ၀န်ထမ်း ဖြစ်စေ- သူဟာ အစ္စ လာမ် ခေါင်းစဉ် အောက်မှာ ရှိနေရင် တန်းတူ ညီမျှ အခွင့်အရေး တော်လှန်ရေး ထဲမှာ ပါဝင်နေသူ ဖြစ်နေ ပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေး သမားလို့ မိမိ ကိုယ် မိမိ မခံယူ ရင်လည်း အတိုက်အခံ ဘက်က၊ ရန်သူ့ ဘက်က သတ်မှတ်ပြီး ဖြစ်နေ ပါတယ်။

ရန်သူ သို့မဟုတ် အတိုက် အခံရဲ့ သဘောမှာ- မိမိက အားသာ နေချိန်မှာ အင်အား မရှိတဲ့ ပြိုင်ဘက်ကို အကြီး အကျယ် မစဉ်းထား ပေမယ့်-၊ မိမိက အားလျှော့ လာတဲ့ အချိန်မှာ သို့မဟုတ် အတိုက် အခံ ဘက်က အင်အား တောင့်တင်း လာတဲ့ အချိန်မှာ အတိုက် အခံကို ဖြိုခွဲမယ့် နည်းလမ်း အားလုံးကို သုံးလေ့ ရှိပါတယ်။ ဒီအခြေ အနေမှာ အထူး သဖြင့် သွေးခွဲတဲ့ နည်းကို သုံးလေ့ရှိပါတယ်။ သို့မဟုတ် အ တိုက်အခံ အတွင်း လူမွေးတဲ့ နည်းကို သုံး လေ့ရှိပါတယ်။ ဥပမာ- ကရင့် တော်လှန်ရေး အားကောင်း နေ ချိန် မှာ ကရင်ထဲက DKBA ကို ခွဲထုတ် လိုက်ပြီး ကရင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ် စေတဲ့ နည်းကို သုံးခဲ့ ပါတယ်။ ဒီဖြစ်စဉ်မှာ ကရင် ထဲကို ဗမာ သို့မဟုတ် မွန် လူမျိုးများ ထည့် ထားပြီး ခွဲခဲ့ခြင်း မဟုတ်ပါ။ ကရင်- ကရင်ချင်း ယုံကြည် စိတ်ချပြီး ကရင် လူမျိုးကိုပဲ အချိန် ယူ မွေးမြူခဲ့ပြီး မတူညီမှု အားနည်းမှု တစ် ချို့ကို ပုံကြီးချဲ့ အပြစ်မြင် တတ်အောင် သွေး ထိုး လေ့ ကျင့် ပေးခဲ့တယ်။ ဒီလို သွေးထိုး လေ့ ကျင့် ပေး မှု ဒီဂရီစံချိန် ပြည့်ပြီ ဆိုတာနဲ့ အချင်း ချင်းကြား ပြသ နာ ပေါ်အောင် ဖန်တီး ပေးလိုက်ပြီး ဗုံးခွဲသလို ခွဲပေး လိုက်ပါတယ်။ 

အခုလည်း မြန်မာ မွတ်ဆလင် အွမ္မတ်ကြားမှာ ဒီနည်းကို မသုံးဘူးလို့ မပြောနိုင်ပါ။ သူတို့ သုံးမယ့် နည်း လမ်း အားလုံးကို ကြိုသိပြီး ဖြစ်နေတဲ့ ကျွန်တော်တို့ တော်လှန်ရေးကို မထိခိုက် နိုင်ပေမယ့်-၊ လူထုကြားမှာ အချင်းချင်း အမြင်လွဲပြီး အသုံးခံ ရသူများဟာ အသိုင်း အ၀ိုင်း ထဲမှာ မျိုးစဉ် မျိုးဆက် မျက်နှာ မပြရဲ ဖြစ် သွားမှာကို စိုးရိမ် မိပါတယ်။ ဒီအတွက်- မြန်မာ မွတ်ဆလင် အွမ္မတ်ထုကို ကျွန်တော်တို့ အနေနဲ့ အနည်း ငယ် အကြံပေးလိုပါ တယ်။ 

(၁) အယူအဆ မတူညီတဲ့ အုပ်စု တွေကြား အချင်းချင်း ရန်တိုက် တတ်ပါတယ်။ ဥပမာ- ၅၉ လမ်း သုတေသီ များ နဲ့ အိုလ်မာ သာသနာ့ ပညာရှင်များ အဖွဲ့ အကြား အချင်းချင်း ပဋိပက္ခ ဖြစ်ဘို့ ဖန် တီး ပေးနိုင် ပါတယ်။ဒါကို အသင်းအုပ်စုကို ဦးဆောင်နေသူများ ကြီးစွာ သတိပြု ရပါမယ်။ ပဋိပက္ခ မဖြစ်အောင် ရှောင်ကြဉ် မယ့် နည်းလမ်းက အသင်း အုပ်စု တိုင်းမှာ တိကျတဲ့မူ ရှိရမှာ ဖြစ်ပြီး- ကြေငြာချက် ထုတ်ပြန် တဲ့အခါ၊ သို့မဟုတ် စကား ပြောတဲ့ အခါ ကျွန်တော်တို့ အဖွဲ့ရဲ့ မူ အရ ဒီကိစ္စကို ဒီလို ဆုံးဖြတ် တယ်လို့ပဲ ပြောဆို ရပါမယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ စကား ပြောခြင်း အပေါ် နောက်အဖွဲ့က ၀င်ရောက် စွက်ဖက်ခြင်း မပြုသင့်ပါ။ သို့သော် မိမိနဲ့ အယူအဆ မတူသူကို မှားယွင်းကြောင်း လုံးဝ မပြောသင့်ပါ။ ဒါဟာ လူ့ယဉ်ကျေးမှု ဖြစ်ပါ တယ်။ လူ့ယဉ်ကျေးမှုကို ကျူးလွန် ဖေါက်ဖျက်သူ တစ်ဦး တစ်ယောက် ချင်းဟာ လူ့အသင်း အဖွဲ့ကို သွေးခွဲ သူ ဖြစ်ကြောင်း ပညာပေးတွေ ပြုလုပ် ရမှာ ဖြစ်ပါ တယ်။ 

ဥပမာ- လ မြင်ခြင်း မမြင်ခြင်း ကိစ္စ-၊ ဒီကိစ္စကို နှစ်စဉ် ငြင်းနေကြ ပါတယ်။ တစ်ကယ်တော့ ငြင်းနေ စရာ မလိုတော့ တဲ့ခေတ် ကာလပါ။ ကျွန်ုပ်တို့ သုတေသီများ အဖွဲ့က ဘယ်နေ့မှာ စတင် ဥပုသ်စောင့်မယ်၊ ဘယ်နေ့မှာ ၀ါကျွတ်ပွဲ လုပ်မယ်-၊ ကြေငြာ နိုင်သလို၊ အစ္စလာမ့် သာသနာ ရှင်များ အဖွဲ့ ကလည်း ကိုယ့်မူနဲ့ ကိုယ် ဘယ်နေ့မှာ ဥပုသ် စောင့်မယ်၊ ဘယ်နေ့မှာ ၀ါကျွတ်ပွဲ ကျင်းပမယ် ကြေငြာ နိုင်ပါတယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ ယတိပြတ်ရပ် တည်မှုကို သူမှန်တယ် ငါမှန်တယ် ပြောနေဘို့ကို မလိုတော့ပါ။ လူထု အနေနဲ့ အားသန်ရာ အသင်း အဖွဲ့ကို လိုက်နာပြီး ကျင့်ဆောင် ကြပါစေ-။ သူ့အုပ်စုကို လိုက်နာတဲ့ သူများ လို့ ငါ့အုပ်စုကို လိုက်နာသူ မရှိလို့ ဆိုပြီး အချင်းချင်း ရန်ဖြစ်နေဘို့ကို မလိုပါ။ ကိုယ်အဖွဲ့က ချမှတ်တဲ့မူကို ကိုယ်ယုံကြည်ရင် လူထုကို သူ့ဘက်ပါစေ၊ ငါ့ ဘက်ပါစေ လုနေဘို့ကို မလိုအပ်တော့ပါ။ လ မြင် မမြင် ငြင်း လို့ အီမန် ပျက်သွားခြင်း မရှိပါ။ (အကယ်၍ လ မြင် မမြင် ငြင်းလို့ အီမန် ပျက်ရမယ် ဆို ရင် မြန်မာ တစ် ပြည် လုံးမှာ နှစ်စဉ် အီမန် ပျက်သူပေါင်း သန်းချီ ရှိနေပါ လိမ့်မယ်။- ခဏ ငြင်းပြီး နောက်နေ့ ပြန်တည့် သွားတာချည်း ဖြစ်နေ ပါတယ်။) တနည်း အားဖြင့် မြန်မာ မွတ်ဆလင် အွမ္မတ်ကြား ထဲက အငြင်း များဟာ ရာသီပေါ် ခဏ အငြင်းပွား မှုများသာ ဖြစ်တာ များပါတယ်။ 

အကြောင်း ကိစ္စ တစ်ခုတိုင်းမှာ ကိုယ့်အဖွဲ့နဲ့ ကိုယ့်မူ ရှိနေရင် လူထု ကလည်း အားသန်တဲ့ မူကို လိုက်နာ လာပါ လိမ့်မယ်။ သူမှန်တယ် ငါမှန်တယ် ဆိုတဲ့ အငြင်းပွား နေရင် အွမ္မတ် ညီညွတ်ဘို့ လမ်း စ ပျောက် ဆုံး နိုင်ပါတယ်။ သူ့မူကိုယ့်မူ ရှိနေရင်အနည်းဆုံး မဟာမိတ် ဖွဲ့ထား နိုင်ပါတယ်။ တစ် ကယ်တော့ ၅၉ လမ်း ကို ဗလီကို ဖျက်ခံရ ရင်လည်း အစ္စလာမ့် သာသနာကို စော်ကား ခံရတာ ဖြစ်သလို၊ တစ်ခြမ်းပဲ့ ဗလီကို ဖျက်ခံ ရရင်လည်း အစ္စလာမ် သာသနာကို စော်ကား ခံရတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ခံစား နားလည် နိုင်ဘို့ လိုပါတယ်။ 

(၂) လူမျိုးနွယ် ကိစ္စ-၊ ရန်သူ့ ဘက်က မြန်မာ မွတ်ဆလင် အွမ္မတ်ကြားမှာ အဓိက ပစ်မှတ် ထားနိုင် တာက ရိုဟင်ဂျာနဲ့ မြန်မာ မွတ်ဆလင် နှစ်ခုကြားမှာ သွေးခွဲ နိုင်ပါတယ်။ လူမျိုး တိုင်းမှာ လူဆိုး လူယုတ် အတ္တကြီးသူ ဆိုတာ ရှိနေတယ် ဆိုတဲ့ အချက်ကို ရန်သူတွေက ကောင်းကောင်း သိထားပါတယ်။ ဒါကို အားနည်းချက် အဖြစ် ကိုင်တွယ် လာမှာ သေချာပါတယ်။ ဈေးရောင်းသူ ရိုဟင်ဂျာ တစ်ယောက်ကို သူ့ရဲ့ ဆက်ဆံရေး မပြေလည် မှုကြောင့်- သို့မဟုတ် သူ့ကို ပုဂ္ဂိုလ်ရေး မကျေနပ်လို့ ဆိုတာက စတာများပါတယ်။ အဲ့လို မကျေမနပ် ဖြစ်မိတိုင်းမှာ သူဆိုတဲ့ လူတစ်ယောက်ကို တိုက်ရိုက် ပြောဆိုပါ။ သူ့ လူမျိုး ဆိုတဲ့ စကား လုံးကို ကိုင်ပြီး မသုံးမိ အောင် မြန်မာမွတ်ဆလင် အွမ္မတ်သား အားလုံး ဆင်ခြင် ရပါမယ်။ သူ တစ်ယောက် လိမ္မာခြင်း မလိမ္မာခြင်းဟာ သူတစ်ယောက်နဲ့ သက်ဆိုင်ပြီး သူ့လူမျိုး တစ်ခုလုံးနဲ့ မသက် ဆိုင် ဘူး ဆိုတဲ့ အသိကို အွမ္မတ်သား တစ်ဦးချင်း မှာ သတိရ နေစေဘို့ လိုပါတယ်။ ရိုဟင်ဂျာ များကို ဘင်္ဂလီလို့ ပြော ဆိုခြင်းဟာ ရန်သူ့ အကြိုက်လိုက် ပြောခြင်း ဖြစ်ပြီး မြန်မာ မွတ်ဆလင် များကို ဇေရ်ဘာတီ လို့ ပြောဆိုခြင်း ဟာလည်း ရန်သူ့ အကြိုက် လိုက်ပြောခြင်း ဖြစ်ကြောင်း ဆင်ခြင် စေလို ပါတယ်။ ရန်သူ့ အကြိုက် လိုက်ပြော တစ်ဦးချင်းဟာ အွမ္မတ်ကို သစ္စာဖေါက် သူများသာ ဖြစ်ပါတယ်။ (ဘယ်သူ သစ္စာ ဖေါက်ဖေါက် ကျွန်တော် တို့ရဲ့ တော်လှန်ရေးကို မထိခိုက်ပါ။ ကျွန်တော် တို့မှာ မြန်မာ ပြည်တွင်းနေ မွတ်ဆလင် တစ်ဦး ချင်း အတွက် တန်းတူ ညီမျှ အခွင့် အရေး ရစေဘို့ နည်းလမ်း ပေါင်းစုံ စီမံ ချက်တွေ ရှိပါတယ်။ စီမံချက်ကို အကောင် အထည် ဖေါ်ဘို့ အင်အားတွေ ရှိပါတယ်။) 

(၃) ခေါင်းဆောင် များကို လုပ်ကြံခြင်း-၊ အတိုက် အခံများ ရန်သူ များဟာ မိမိက ဖိနှိပ် ထားတဲ့ အုပ်စုကို ဖိနှိပ်လို့ မရနိုင် တော့တဲ့ အခါမှာ-၊ အဲ့ဒီ ဖိနှိပ်ခံ တော်လှန်ရေး အင်အားစု ထဲက ခေါင်းဆောင် များကို လုပ်ကြံ လေ့ရှိပါတယ်။ 

ပထမဆုံး အနေနဲ့ အွမ္မတ် ထဲက ခေါင်းဆောင် များကို လုပ် ပိုင် ခွင့်တွေ ပိတ်ထားပြီး- အခြား တစ်ဘက်မှာ လူထုကို ခေါင်းဆောင် တွေက ဘာမှ လုပ်မပေး နိုင်ဘူးလို့ ထင်မြင် ခံစားအောင် သွေးထိုး ပေးတာ တွေကို စ တင်ပြုလုပ် ပါတယ်။ ဒါဟာ ခေါင်းဆောင် အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ သွားအောင် ပြုလုပ် နည်း ပါ။ ခေါင်းဆောင် မဲ့နေတဲ့ လူထုကို အလွယ် တစ်ကူ ဖိနှိပ် ထားလို့ ရအောင် ပြု လုပ်ခြင်း လို့ ခေါ်ပါတယ်။ 

ဒီကြားထဲမှာ ထိုးဖေါက် လာတဲ့ ခေါင်းဆောင် များရဲ့ အသက်ကို လုပ်ကြံ သတ်ဖြတ်မှု အဆင့် ဖြစ်လာ ပါတယ်။ ဒီအခြေ အနေကို ခေါင်းဆောင်တွေ မကြုံရဘူးလို့ မပြောနိုင်ပါ။ ပြည်ပရောက် ခေါင်းဆောင် များလည်း အချိန် မရွေး ကြုံရ နိုင်ပါတယ်။ ချေချင်းညာ အမျိုးသား ခေါင်းဆောင် ယန်ဗေဒါယက်ဗ် ကို လုပ်ကြံ လိုက်တာ ပြည်ပ မွတ်ဆလင် နိုင်ငံ တစ်ခုမှာပါ။ အလားတူ ပါလက်စတိုင်း ခေါင်းဆောင် တွေကို လုပ်ကြံ တာလည်း ပြည်ပ မှာချည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင် တစ်ဦးဟာ အကယ်၍ ငါ့ကို သတ်လိုက်ရင် တော်လှန်ရေးကို ဘယ်သူ ဆက်လုပ် မလဲ ဆိုတဲ့ အရည် အချင်းတူ ခေါင်းဆောင် များကို လက်ဆင့် ကမ်းထားဘို့ လိုပါတယ်။ ငါ- ဥက္ကဌ ဖြစ်မယ်၊ ငါ- မဟာ ခေါင်းဆောင်ကြီး ဖြစ်မယ် ဆိုတဲ့ စိတ် ကူးထက် ငါ- ဟာ အချိန် မရွေး ရှဟီးဒီ ဖြစ်မယ် ဆိုတဲ့ အသိကို နှလုံးပိုက် ထားဘို့ လိုပါတယ်။ ဒါမှ မိမိ ဦးဆောင် လှုပ်ရှားတဲ့ လူထု တစ်ရပ် လွတ်မြောက် နိုင်မှာပါ။ ဒီအတွက် ကျွန်တော်တို့ ပြည်ပမှာ လှုပ် ရှားနေတဲ့ Civil Rights Movement ကတော့ အဆင်သင့် ပြင်ဆင် ထားပါတယ်။ ကျွန်တော့ကို သတ် လိုက် ရင်လည်း ရထားခေါင်းတွဲ ပြတ်သွားဘို့လုံးဝ မရှိပါ။ ကျွန်တော့ထက် ထက်တဲ့ လူ၊ ထိုးဖေါက် နိုင် တဲ့ လူ များကို အသင့်ပြင်ပြီး ဖြစ်နေပါတယ်။ 

ပြည်ပ အခြေအနေနဲ့ ခေါင်းဆောင်မှု ကဏ္ဍကို ဆက်လက် တင်ပြပေး ပါမယ်။- လောလော ဆယ် ပြည် တွင်းနေအွမ္မတ် သားတွေ အနေနဲ့ အွမ္မတ် အပေါ်သစ္စာ ရှိပါ။ မိမိရဲ့ အားမလို အားမရ မှု များကြောင့် ခေါင်းဆောင် များကို မငြိုငြင် မိအောင် ဆင်ခြင်ပါ။ မိမိရဲ့ စကား တစ်ခွန်းကြောင့် အွမ္မတ် ကြား သွေးခွဲ သလို ဖြစ် သွား လေမလားလို့ သောက ထားပါ လို့ မေတ္တာ ရပ်ခံလို ပါတယ်။
လူတွေ ညီတဲ့အခါ ကုန်းပေါ်မှာ လှေ စီးလို့ ရပါတယ်။ လူမညီရင် ရေထဲမှာလည်း လှေ နစ်မြုပ်လေ့ ရှိပါတယ်။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

Comment ရေးရန်

Rohingya Exodus