နောက်ဆုံးသတင်း/ဆောင်းပါးများ

Facebook ပေါ်တွင် ဓါတ်ပုံရှယ်သည့် စစ်တွေမှ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ဖမ်းဆီး

Facebook ပေါ်တွင် ဓါတ်ပုံရှယ်၍ အဖမ်းခံရသည့် ကိုသန်းရွှေ

RB News
13.8.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အပြစ်မဲ့ ရိုဟင်ဂျာ လူငယ် တစ်ဦးကို Facebook ပေါ်တွင် ဓါတ်ပုံ ရှယ်သည့် အတွက် လုံထိန်းများမှ ယနေ့ နံနက် ၅း၃၀ နာရီတွင် နေအိမ်မှ ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။

ဖမ်းဆီးခံ ရသည့် ရိုဟင်ဂျာ လူငယ်မှာ ကိုသန်းရွှေ ဖြစ်ပြီး၊ စစ်တွေမြို့ ဘုမေ ရပ်ကွက်တွင် နေထိုင် သူ ဖြစ် သည်။ ၎င်းသည် လွန်ခဲ့သည့် သောကြာနေ့က လုံထိန်းများ အကြမ်းဖက်၍ ဒဏ်ရာ ရရှိသွားသူ များ ၏ ဓါတ်ပုံ များကို Facebook ပေါ်တွင် ရှယ်ခဲ့သည်။ 

အာဏာပိုင် များ၏ အန္တရာယ်ကြောင့် စစ်တွေမြို့မှ Facebook အသုံးပြုသူ များမှာ မိမိတို့၏ အမည်ရင်းနှင့် ဓါတ်ပုံကို အသုံးမပြု ကြဘဲ၊ အမည်တု၊ ဓါတ်ပုံတု ဖြင့်သာ အသုံးပြု ကြသည်။ 

ကိုသန်းရွှေ သည်လည်း ၎င်း၏ အမည်ရင်းကို အသုံးမပြု သော်လည်း၊ ၎င်း၏ ဓါတ်ပုံကို ပရိုဖိုင် ဓါတ်ပုံ အဖြစ် တင်ထား ခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် အာဏာပိုင် များမှ ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ချင်း စီ၏ လှုပ်ရှားမှု များကို အမြဲ ဆန်း စစ် လေ့ရှိသည်။ ကိုသန်းရွှေသည် နိုင်ငံရေး လှုပ်ရှားသူ တစ်ဦး မဟုတ် သကဲ့သို့၊ နိုင်ငံရေးနှင့် သက် ဆိုင် သူ များနှင့်လည်း ရင်းနှီး ကျွမ်းဝင်ခြင်း ရှိသူ မဟုတ်ကြောင်း သိရသည်။ ၎င်းတွင် နှစ်နှစ် အရွယ် သမီး တစ် ဦးရှိပြီး၊ ဇနီးဖြစ်သူနှင့် အတူ ဘုမေ ရပ်ကွက် တွင်နေထိုင်၍ ခက်ခဲစွာ လုပ်ကိုင် စားသောက် နေ သူ တစ် ဦးဖြစ်သည်။ ယခု ဖမ်းဆီး ခံရခြင်းမှာ ၎င်း၏ ဓါတ်ပုံကို Facebook profile ဓါတ်ပုံ အဖြစ် တင် ထား သောကြောင့် အာဏာပိုင် များ၏ ပစ်မှတ် ထားခြင်းကို အလွယ် တကူ ခံလိုက် ရခြင်း ဖြစ်သည်။ 

ယနေ့ နံနက် ၅း၃၀ နာရီတွင် လုံထိန်းရဲ များမှ ၎င်း၏ အိမ်တံခါးကို အတင်းတွန်း ဖွင့်၍ ကိုသန်းရွှေ အားရိုက်နှက်ပြီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်း၏ မိသားစုနှင့် ဆွေမျိုးများမှ ဖမ်းဆီး သွားသည့် အချိန်မှ စ၍ ယခု အချိန်ထိ မည်သို့ ခေါ်သွားသည်ကို မသိရှိ ရသေးကြောင်း သိရသည်။ ဒေသခံ တစ်ဦးမှ ရဲစခန်း သို့ ဆက်သွယ်၍ မေးမြန်း သော်လည်း ဖမ်းဆီး သွားသည်မှာ သုံးနာရီ ကျော်ဖြစ်သော်လည်း ယခု အချိန် ထိ မရောက်ရှိ သေးဟု ပြန်ကြားကြောင်း ပြောဆိုသည်။ 

ကိုသန်းရွှေ၏ မိသားစုနှင့် ဆွေမျိုးများမှ ယခုကဲ့သို့ သုံးနာရီ ကျော်သည့် အထိ ရဲစခန်းသို့ မရောက်သေး သည်နှင့် ပတ်သက်​၍ အလွန် စိုးရိမ် ပူပန် လျက်ရှိသည်။ အာဏာပိုင် များမှ ထိုကဲ့သို့ ဖမ်းဆီး၍ သတ် ဖြတ်ပြီး အစဖျောက်သည် များရှိသောကြောင့် လွန်စွာ စိတ်ပူလျက် ရှိခြင်း ဖြစ်သည်။ 

ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ယမန်နေ့ မှစ၍ စစ်တွေ မြို့သို့ ရောက်ရှိ နေပြီး၊ ယနေ့ဒုက္ခသည် စခန်းများသို့ သွားရောက်မည်ဟုသိရှိရသည်။ လူ့အခွင့် အရေး အခြေ အနေ ကိုလေ့လာ ရန်ရောက်ရှိနေသော်လည်း အာဏာပိုင်များမှ အပြစ်မဲ့ ရိုဟင်ဂျာများကို ဖမ်း ဆီးနေသည်ကို တွေ့ရှိ ရပါသည်။ 

Comment ရေးရန်

Rohingya Exodus