နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်တ၀ိုက်ရှိ ရိုဟင်ဂျာများထံမှ SB အောင်ကျော်ဇင် ငွေညှစ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိ

SB အောင်ကျော်ဇင်

RB News
14.8.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာတွင် အခြေစိုက်သည့် အထူး စုံစမ်း စစ်ဆေးရေး ဌာနမှ ဦးအောင်ကျော်ဇင်သည် ၎င်းကျေးရွာ အနီးတ၀ိုက်မှ ရိုဟင်ဂျာ များကို မဟုတ် မမှန် စွပ်စွဲပြီး ဖမ်းဆီးပြီး ငွေညှစ်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၈) ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပိုင်း၊ ၀ါးချကျေးရွာနေ ဦးအီမာန်ဟူစိန်း (ဘ) ဦးဘာဒူမျာ (အသက် ၄၉ နှစ်) အား အလယ်သံကျော် ဈေးမှ ပြန်လာစဉ် ဦးအောင်ကျော်ဇင်မှ လွန်ခဲ့သည့်နှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခဲ့သည်။ ဒေသခံ များ၏ ပြောကြားချက် အရ ဖမ်းဆီးပြီးနောက် ရိုက်နှက် မှုများ ပြုလုပ်၍ ပြန်လည် လွှတ်ပေးရန် ငွေကျပ် ၁၅ သိန်း တောင်းခံ ခဲ့သည်။ နောက်ဆုံးတွင် ဖမ်းဆီး ခံရသူ ဦးအီမာန်ဟူစိန်း ထံမှ ငွေကျပ် ၄ သိန်းယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

ထို့အပြင် လွန်ခဲ့သည့် ဇူလိုင်လ တွင်လည်း ဦးအီမာန်ဟူစိန်း၏ သားဖြစ်သူ မောင်ဟာဘီဇူကို ဦးအောင်ကျော်ဇင် ကပင် အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၄ သိန်းယူ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ထို့နေ့ (သြဂုတ်လ ၈ ရက်) တွင်ပင် အလယ်သံကျော် ဈေးမှ ပြန်လာသူ အခြား နှစ်ဦးကို ဖမ်းခဲ့သေးသည်။ ဖမ်းဆီးခဲ့ ရသူ နှစ်ဦးမှာ သဒါကျေးရွာမှ မောင်ဆနာမုလ္လာ (ဘ) ဦးဇကာရီ (အသက် ၁၉ နှစ်) နှင့် ချိန်ခါလီ ကျေးရွာမှ မောင်တော်ယုပ် (ဘ) ဦးဟာဘီဇူရာမန် (အသက် ၂၂ နှစ်) တို့ဖြစ်သည်။ ၎င်းတို့ နှစ်ဦး စလုံးကိုလည်း ဖမ်းဆီးသွားပြီး စခန်းတွင် ရိုက်နှက်၍ မောင်ဆနာမုလ္လာ ထံမှ ငွေကျပ် ၄ သိန်းနှင့် မောင်တော်ယုပ် ထံမှ ငွေကျပ် ၃ သိန်းယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရပါသည်။ 

ဦးအောင်ကျော်ဇင်သည် အလယ်သံကျော် ဈေးသို့ အသွား အလာ လုပ်သူများကို ယခုကဲ့သို့ ဖမ်းဆီး ရိုက်နှက်ပြီး ငွေညှစ် နေသည်မှာ လပေါင်းများစွာ ရှိပြီး ဖြစ်သည်။ ဒေသခံ ရိုဟင်ဂျာ များမှ ၎င်းနှင့် ပတ်သက်၍ အာဏာပိုင် များကို တင်ပြသော်လည်း ယခု အချိန်ထိ အရေးယူခြင်း မရှိဘဲ၊ ဒေသခံ ရိုဟင်ဂျာ များမှ ၎င်း၏ ညှင်းပန်း နှိပ်စက်မှု၊ ငွေညှစ်မှု များကို နေ့စဉ်နှင့် အမျှ ခံစားနေရကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus