နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ လွှတ်တော် အမတ်ဟောင်း ဦးတင်မောင် ကွယ်လွန်

RB News
28.8.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ အငြိမ်းစား မြို့နယ် ကျန်းမာရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးတင်မောင် (ခ) ဦးနူရ်အဟမတ် သည် ယနေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်တွင် ၎င်း၏ ဘူး သီးတောင်မြို့နေအိမ်၌ကွယ်လွန်သွားကြောင်း သိရှိ ရပါသည်။ ကွယ် လွန် သူ အတွက် စုပေါင်း ၀တ်ပြုခြင်းနှင့် မြှပ်နှံ သဂြိုဟ် ခြင်း ကို နေ့လည် ၂ နာရီ တွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါ  သည်။ 

ဦးတင်မောင်သည် သာမာန် လူကြီးရောဂါဖြင့် ကွယ်လွန် သွားခြင်း ဖြစ်ပြီး၊ မ ကွယ် လွန်မှီ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားခဲ့ခြင်း မရှိခဲ့ကြောင်း နယ် သာ လန် နိုင်ငံတွင် နေထိုင်သော သားဖြစ်သူ ဦးဆာဂျဒ် အဟမတ် မှ ပြော သည်။ 

ဦးတင်မောင်သည် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်ခြင်း ဖြစ်ပြီး၊ ဘူးသီးတောင် ဇာတိ ဖြစ်သည်။ မြို့နယ် ကျန်းမာရေးမှူး တာဝန်ဖြင့် ရိုဟင် ဂျာ လူမျိုးများကို နှစ်ပေါင်း များစွာ ဆေးကုသ ပေးခဲ့သည်။ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြု၍ ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ၀င်ရောက် ရွေးချယ်ခံ ခဲ့သည်။ အ မျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီမှ ဦးတင်မောင် အပါအ၀င် ရိုဟင်ဂျာ အမတ် လေး ဦး ရွေး ချယ်ခံ ခဲ့ရသည်။

Comment ရေးရန်

Rohingya Exodus