နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါက်တာအေးမောင် တင်သွင်းသည့် အဆိုကို ဦးလှဆွေမှ ကန့်ကွက်ခဲ့

(ဓါတ်ပုံ - U Hla Swe Facebook)

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ အေးမောင်မှ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ် ချက်ကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအား အမျိုးသား လွှတ်တော်တွင် သြဂုတ်လ (၂၃) ရက်နေ့က တင်သွင်း ခဲ့သည်။ အဆို တင်သွင်း ရာတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) တွင် ပါရှိသော "နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထား သူ ဖြစ်ခြင်း" ဆိုသည့် စကားရပ် အစား "နိုင်ငံသားဖြစ်ခြင်း" ဟု ပြင်ဆင် သင့်ကြောင်း တင်သွင်း ခဲ့သည်။ 

၎င်းအဆိုကို မကွေးတိုင်းမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေမှ ကန့်ကွက်၍ ဆွေးနွေးခဲ့သည်။ 

ဦးလှဆွေ၏ ဆွေးနွေးမှု အပြည့်အစုံကို ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာ ကူးယူ ဖော်ပြ အပ်ပါသည်။ 

************************************

(((ကျွန်တော့် ဆွေးနွေး ချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ် ပါဘူး။ ကျွန်တော့် ဆွေးနွှေး ချက်ဟာ ပါတီ ကိုလည်း ကိုယ်စား မပြု ပါဘူး။ ဦးလှဆွေ တစ်ဦးတည်း မှာသာ တာဝန်ရှိ ပါတယ်။ နိုင်ငံနဲ့ နိုင် ငံ သား ကောင်းကျိုး ရှိမယ်လို့ ယူဆတဲ့ အတွက် ကျွန်တော့် အမြင်ကို အမုန်းခံပြီး တင်ပြ ခဲ့တာ ဖြစ်ပါတယ် ခင်ဗျား။)))

မြန်မာ လူမျိုး ရိုးရာ ဝတ်စုံ ဆိုတာ ဘင်္ဂလား နယ်က ပုဆိုးကို ခါးမှာ ဝတ်ပြီး တရုတ် ကော်လံ ကတုံးကို လည်ပင်းမှာ တပ်ထား တာကို မြန်မာ့ ရိုးရာ ဝတ်စုံလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ မြန်မာ ဆိုတာ သီးခြား ရပ် တည်လို့ မရပါဘူး။ဒီအချိန်မှာ ကျွန်တော့်ဆွေးနွေး ချက်ဟာလူတိုင်း ကြိုက်မှာ မဟုတ် ပါဘူး။ ကျွန်တော့် ဆွေးနွှေး ချက်ဟာ ပါတီ ကိုလည်း ကိုယ်စား မပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်း မှာသာ တာ ဝန်ရှိပါတယ်။ တချို့ မီဒီယာ တွေက ဒီအဆိုနဲ့ ပတ်သက်ပြီး ပါတီကို ပုတ်ခတ် ပြောဆို နေတာတွေ၊ ဂျာ နယ်တွေ၊ Facebook တွေမှာ မြင်တွေ့ နေရ ပါတယ်။

I Have A Dream ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောခဲ့တဲ့ ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာရဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောကြား ခဲ့တဲ့ ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာရဲ့ ရွှေရ တု နှစ်ငါး ဆယ် ပြည့် အချိန် ရောက်တဲ့ အခါမှာ ဒီနေ့ အမေရိကန် နိုင်ငံမှာ အာဖရိကန် နီဂရိုး တစ်ယောက်ကို President အဖြစ် မြင်တွေ့ ကြရပြီ ဖြစ်ပါတယ်။ အရင်တုန်း ကတော့ သူတို့ဟာ သမ္မတ ရွေးခံခွင့်၊ မဲပေးခွင့် ရဖို့ နေနေ သာသာ ဘက်စ်ကား တောင် ရှေ့ပေါက် နောက်ပေါက် ခွဲခြား ထားတာ စားသောက်ဆိုင် လဘ္ဘက် ရည်ဆိုင် အတူထိုင်ခွင့် မရတာ တွေကို နှစ်ပေါင်း များစွာ ကြာဖြတ်သန်း ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါတွေကို ယခင် အစိုးရက ကြိုတင် မျှော်တွေးပြီး မြန်မာ နိုင်ငံ ထဲမှာ ရောက်နေတဲ့ ဒီပြည်ပ နွယ်ဖွား လူမျိုးစု များကို ထွက်ပေါက် တစ်ရပ် ပေးပြီး ရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဘယ်မှ မသွား မလာရ မလာရ ကန့်သတ် ထားတဲ့ အပြင် အသက်မွေး ဝမ်းကျောင်း တက္ကသိုလ် တက်ခွင့် တွေပါ တန်းတူ ရရှိတာ မဟုတ်လို့ ထူးချွန် ထက်မြက် သူတွေ ဆုံးရုံးမှု နဲပလဲ ရင်ဆိုင် ရပါတယ်။ သတ်ပစ် လို့မရ မောင်းထုတ်လို့ မရတဲ့ နှစ်များစွာ နေလာ ခဲ့တဲ့ တရုတ် ဘင်္ဂလား နွယ်ဖွားများ အတွက် ထွက်ပေါက် တစ်ခု မလွဲမသွေ ထားပေး ရမှာ ဖြစ်ပါတယ်။ စီးလာတဲ့ ရေကို စီးဆင်းဘို အတွက် ဘယ်တမံကြီး တွေမှာမဆို လိုသလို ထိမ်းချုပ်ပြီး စပေးဝေး တို့ ဒိုင်ဗားရှင်းတို့ တောင် တပ်ဆင် ပေးရတဲ့ သာဓက တွေလဲ အထင် အရှား ဖြစ် ပါတယ်။ အဲဒီ စပေးဝေး တွေ ဒိုင်ဗားရှင်း တွေမပါတဲ့ ထိမ်းချုပ်မှုနဲ့ တမံကြီးဟာ ကျိုးပေါက် လိုက်မယ် ဆိုရင်တော့ဖြင့် တမံအောက်က လူတွေရဲ့အသက် အိုးအိမ် စီးစိမ်တွေ ပျက်ဆီး ဆုံးရှုံးရမှာ မလွဲဧ ကန် ဖြစ်ပါတယ်။ ဒီလို ထွက်ပေါက် ပေးမထားဘူး ဆိုလို့ ရှိရင်တော့ ဦးစွာ ကြုံတွေ့ ရမယ့် ကိစ္စတွေက ဆူပူ အုံကြွမှူ ရလဒ်ဆိုး တွေသာ ဖြစ်ပြီး ဒါတွေနဲ့ ဦးစွာ ရင်ဆိုင် ဖြေရှင်း အမုန်းခံကြရဦးမယ့် လူတမ်းစား တစ်ရပ် ကတော့ လက်နက်ကိုင် အဖွဲ့အစည်း တွေဖြစ်တဲ့ ရဲတို့ တပ်မတော် တို့သာလျှင် အလုပ်ရှုပ် ကြကုန်မှာ ဖြစ်ပါတယ်။

သူများ နိုင်ငံမှာ မရှိလို့ ဒို့နိုင်ငံမှာ ရှိစရာ မလိုဘူး ဆိုတာ မှန်ကန်တဲ့ အတွေး တစ်ခုတော့ မဟုတ်ပါဘူး။ ကျဥ်းမြောင်းတဲ့ လူမျိုးရေး ဝါဒစွဲကြီးမားတဲ့ ချင့်ချိန်မှု အမြှောက် အမြင် တိမ်တဲ့ အတွေးနဲ့ အရမ်းရေး ဆွဲခဲ့တဲ့ ဥပဒေ တစ်ခု မဟုတ်ဘူး ဆိုတာ သဘော ပေါက်သင့် ပါတယ်။

ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ (White Card) ဆိုတာ ဒီလူဟာ ဦးဖြူ ဒေါ်မဲ တို့ရဲ့ သား မောင်နီ ဖြစ်တယ်၊ ဘယ်ရွာမှာ နေတာ ဖြစ်တယ် ဘယ်နေ့မှာ မွေးတယ် ဆိုတဲ့ အသိအ မှတ် ပြုကဒ် ပြား တစ်ခုသာ ဖြစ်ပါတယ်။ သို့သော် ဒီကဒ်ပြားဟာ နိုင်ငံသား ပြုခွင့်ရသူ (အစိမ်းကဒ်) အတွက် အခြေခံ လက်မှတ် တစ်ခု ဖြစ်ပါတယ်။ ဒီလက်မှတ် ရှိသူဟာ အစိမ်းရောင်ကဒ် နိုင်ငံသား ပြုခွင့် ရသူဖြစ်ဘို့ သေချာ သွားပြီ ဖြစ်ပါတယ်။ ဒီလို အစိမ်းရောင်ကဒ် ရလျှင် ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ (၅၃) အရ နိုင်ငံသား များကဲ့သို့ အပိုဒ် (၈) ကလွဲပြီး အခွင့်အရေး တန်းတူ ရှိပါတယ်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံသား ပြုခွင့် ရသူ တစ်ဦးဟာ တတိယ မျိုးဆက်မှာ အော်တို နိုင်ငံသား ဖြစ်ခွင့် ရရှိလို့ ဖြစ်ပါတယ်။ ပုဒ်မ (၁၂) မှာ နိုင်ငံသား တစ်ဦးသည် (က) နိုင်ငံတော်၏ ဥပဒေ များကို ရိုသေ လိုက်နာ ရမည်၊ (ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန် များကို ထမ်းဆောင် ရမည်၊ (က) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေး များကို ခံစားခွင့် ရှိ သည်။ နိုင်ငံသား ပြုခွင့် ပုဒ်မ (၅၃) နဲ့ ဧည့်နိုင်ငံသား FRC အဖြူရောင် ပုဒ်မ (၃၀) မှာ ယခုန နိုင် ငံတော်သား ဥပဒေပါ အပိုဒ် (က) (ခ) တို့နှင့် အတူတူပင်၊ (ဂ) မှာသာ နိုင်ငံတော် ကောင်စီက အခါ အားလျော်စွာ သပ်မှတ်သော အခွင့်အရေး များမှ အပ နိုင်ငံတော် ဥပဒေပါ အခွင့် အရေး များကို ခံစားခွင့် ရှိသည်။ အခါ အားလျော်စွာ သတ်မတ်သော ဆိုသည်မှာ သမ္မတ ဖြစ်ခွင့်၊ ဒုတိယ သမ္မတ ဖြစ်ခွင့်၊ ဒါမျိုးတွေ ဖြစ်ပါသည်။

ထို့ကြောင့် White Card / Green card / Blue card နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများ ခံစားခွင့် ရှိတဲ့ အတွက် ဒီဥပဒေမှာ ထည့်သွင်း ပြဌာန်း ခဲ့တယ်လို့ ကျွန်တော့် အနေနှင့် တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

တောင်အာဖရိက လူဖြူ သမ္မတ ဒီကလပ် သည် မင်ဒဲလားနှင့် နောက်ဆုံး အကြိမ် သမိုင်းဝင်ဆွေးနွေးပွဲမှာ “ လူများစုအုပ်ချုပ်တာ ဒီမိုကရေစီ ဆိုရင် ကျုပ်တို့ လူဖြူလူနဲစု တွေရဲ့ အခွင့် အရေးတွေ ဆုံးရှုံး မှာပေါ့” လို့ ပြောတဲ့ အခါ နယ်ဆင် မင်ဒဲလားက “ဒီမိုကရေစီ ဆိုတာ လူများစု အုပ်ချုပ်ရေး မှန်တယ်၊ သို့သော် လူနည်းစု အခွင့်အရေး ကိုလဲ ကာကွယ် ရမယ်” လို့ ပြန်ပြောခဲ့ ပါတယ်။ အဲဒီ အခါမှာ ဒီကလပ်က “ဒါဆို ခင်ဗျားနဲ့ ကျွန်တော် အလုပ် ဖြစ်ပြီ” လို့ ကြေငြာခဲ့ ပါတယ်။ ဒီဆွေးနွေးပွဲ ရလဒ်ကြောင့် လူဖြူ ဖြစ်တဲ့ ဒီကလပ်နဲပ လူမဲ နယ်လ် ဆင်မင်ဒဲလား တို့ဟာ Noble Peace Price ကို ပူးတွဲ ရရှိ ခဲ့ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယခင် ပြဌာန်း ထားတဲ့ ရွေးကောက်ပွဲ ဥပဒေဟာ Free & Fair ဖြစ်ပြီး လူနဲစုရော လူများစုရော ဘယ်သူ လာလာ၊ သတ္တိရှိရှိ ရင်ကော့ပြီး မှန်တာ လုပ်တဲ့ လူတိုင်းပြည် ကောင်းအောင် လုပ်တဲ့လူ ဖြစ်ရင် ဘယ်သူ့ မဲကိုမဆို လက်ခံ ရဲရမယ်။ ကိုယ့်ကို ထောက်ခံမှု ခံချင်သလို ကိုယ့်ကို ကန့်ကွက် တာကိုလဲ ခံရဲ ရပါမယ်။ နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့တိုင်း အလေးပြု ရတဲ့ အာဇာနည် ခေါင်းဆောင် တွေထဲမှာ ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေးဟာ ဘင်္ဂလား နွယ်ဖွား တွေပါ။ ဗိုလ်ချုပ် အောင်ဆန်းတောင် သူ့ကပ်ဘိနက် ထဲမှာ ဘင်္ဂလား နွယ်ဖွားကို ထဲ့သွင်း ခဲ့သေးရင် ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ပါတယ် ကြည်ညို ပါတယ်၊ လေးစား ပါတယ်လို့ ပါးစပ်က ပြောနေယုံနဲ့ လုံလောက်မယ် မထင်ပါဘူး။ ဒေါက်တာ မောင်မောင် လက်ထပ် ၉၀ ရွေးကောက်ပွဲကို free & fair ကျင်းပနိုင်ဘို့ ကြပ်မတ် ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဆရာချယ် ဆိုတာ ဘင်္ဂလား နွယ်ဖွား ဖြစ်တယ်။ ဗမာ့ တပ်မတော် အမြင့်ဆုံး စွမ်းဆောင်ရည် သတတိံဘွဲ့ ပိုင်ရှင် ကျဆုံး ရဲဘော် ဆပ်မဟာဒူရိုင်း ဟာ ဂေါ်ရခါး ကုလားဘဲ၊ ဒီလူ ဘာလို့ မြန်မာပြည် အတွက် အသက်ပေး တိုက်ခဲ့ တာလဲ။ မြန်မာပြည်သူ တွေအတွက် သူ့အသက်ကို ဘာလို့ ပေးခဲ့တာလဲ၊ သူ့ခံယူချက် ကဘာလဲ၊ သာမာန် အသက်ပေး တိုက်ယုံနဲ့ အောင်ဆန်း သူရိယတော့ မရနိုင်ပါ။ သူရဲကောင်း ပြီးမှ သူရ၊ သူရပြီးမှ သီဟသူရ၊ သီဟသူရ ပြီးမှ သာ အောင်ဆန်းသူရိယ ရရတာ ဖြစ်တယ်။ သူအသက်ပေး ခဲ့တာ တန်ရဲ့လား၊ ဦးရာဇတ်တို့ ရဲဘော် ကိုထွေးတို့ အသက်ပေး ခဲ့တာ တန်ရဲ့လား၊ အခုမှ ဘင်္ဂလား နွယ်ဖွား သုံးခေါက်ချိုးတွေ ဝိုက်ကပ်တွေ လို့ ၇ှုတ်ချ ပြစ်တင် ကြမလား၊ စဉ်းစားသင့် ပါတယ်။ ခု ဆို ဘင်္ဂလီ အရေး Hot ဖြစ်နေတဲ့ အချိန်မှာ ဘယ်မီဒီယာမှ အမှန်ကို မထုတ်ဖေါ် ရဲပါဘူး။ အမုန်းမခံ ရဲပါဘူး။ အမျိုးသားရေး အကြောင်း၊ ဘာသာရေး အကြောင်း ပြပြီး ပါတီစွဲနဲ့ အကြပ်ကိုင်ဘို့ အခွင့် အရေး တစ်ရပ်လို ဖြစ်နေ ပါတယ်။ ဒီ ၃ ခေါက်ချိုးတွေ ဝိုက်ကဒ်တွေ ဘယ်နှစ်ယောက် လွှတ်တော်ထဲ ရောက်လာ နိုင်သလဲ??? သုံးလေးယောက် ထက်မပို ပါဘူး။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ထည်ထား ခြင်းဖြင့် တပ် မတော်၏ ပြောခွင့် ဆိုခွင့်တွေ ရနေသလို ချောင်ပိတ်မိ နေသော လူတွေကို ထွက်ပေါက် ပေး ထား ခြင်း ဖြင့် ပြောခွင့် ဆိုခွင့်ရပြီး မကျေနပ် မှုများ၊ ပဋိပက္ခ များကိုကို လျော့ ပါးစေ နိုင်မှာ ဖြစ်ပါ တယ်။ နိုင် ရင်တော့ အကျယ် အကျယ် မငြိမ်းဖွယ် ထိမ်းမနိုင် သိမ်းမရ ဖြစ်ပြီး အုပ်ချုပ်သူ များသာ အလုပ်ရှုပ် ကြမှာ ဖြစ်တဲ့ အပြင် ယခုလို လူမျိုးရေး ထိလွယ် ရှလွယ် အရေးတွေ ဖြစ်နေတဲ့ အချိန်မျိုးမှာ ဒါမျိုး ဥပဒေ ပြင်ဆင် ချက်ဟာ ဘယ်လိုမှ မပြုလုပ် သင့်တာမျိုး ဖြစ်တဲ့အ အတွက် ကန့်ကွက် ခဲ့ရခြင်း သာ ဖြစ်ပါတယ် ခင်ဗျား။

မူရင်းလင့်ခ် -- http://on.fb.me/1dmlWxm

Comment ရေးရန်

Rohingya Exodus