နောက်ဆုံးသတင်း/ဆောင်းပါးများ

ကင်တားနား၏ ခရီးစဉ်ကြောင့် ဘူးသီးတောင် ထောင်ရှိ အပြစ်မဲ့ ဖမ်းဆီးထားသူ များကို ထောင်ပြောင်းရွှေ့

RB News
12.8.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အကျဉ်းထောင်တွင် အပြစ်မဲ့ ဖမ်းဆီး ထားသော ရိုဟင်ဂျာ လူမျိုး များထဲမှ ၆၀ ကျော်ကို မောင်တော မြို့နယ် ရဲစခန်းရှိ အချုပ်ခန်းသို့ စနေနေ့ ကပြောင်းရွှေ့ ထားသည်ဟု သတင်း ရရှိပါသည်။ 

မြန်မာ နိုင်ငံသို့ သြဂုတ်လ ၁၁ ရက်နေ့မှ စ၍ ဆယ်ရက်ကြာ လူ့အခွင့် အရေး အခြေအနေ များကို လာရောက် လေ့လာ နေသည့် ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား၏ ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် အခြားမြို့ များသို့ သွားရောက်၍ လူ့အခွင့် အရေး အခြေအနေ များကို လေ့လာမည် ဖြစ်သည်။ 

လွန်ခဲ့သည့် ဇွန်လတွင် မောင်တော မြို့၌ ဆူပူမှု ဖြစ်ပွား ပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ မြောက်မြား စွာကို ဖမ်းဆီး ခဲ့၍ ဘူးသီးတောင် အကျဉ်း ထောင်တွင် နည်းလမ်း ပေါင်းစုံဖြင့် ညှင်းပန်း နှိပ်စက်ကြောင်း အာဏာပိုင် များကို ငွေကြေး မြောက်မြားစွာ ပေးပြီး လွတ်မြောက် ခဲ့သူများ၏ ပြောကြားချက် များအရ သိရသည်။ (ထိုသူများ၏ သတင်းပေး ပို့ချက် အပြည့်အစုံကို ဤနေရာတွင် http://bit.ly/11Wk49l ဖတ်ရှုနိုင် ပါသည်)

ယနေ့ နံနက် ၉ နာရီခွဲတွင် ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် စစ်တွေ မြို့သို့ ရောက်ရှိပြီး ဘူးသီးတောင် မြို့သို့ ထွက်ခွာ သွားကြောင်း စစ်တွေ ဒေသခံ များမှ RB News သို့ပြော ပါသည်။ 

ကုလ ကိုယ်စားလှယ်၏ ဘူးသီးတောင် မြို့အကျဉ်းထောင် ခရီးစဉ်ကြောင့် အကျဉ်းထောင်တွင် မတရား သဖြင့် ဖမ်းဆီးထားသူ များထဲမှ ၆၀ ကျော်ကို စနေနေ့ (သြဂုတ်လ ၁၀ ရက်) က မောင်တောမြို့ ရဲစခန်းရှိ အချုပ်ခန်း သို့ပြောင်း ရွှေ့ထားကြောင်း သိရသည်။ 

“မနှစ်ကတည်းက အပြစ်မဲ့ရာနဲ့ချီပြီး ဖမ်းဆီးခဲ့တယ်။ အဲဒီထဲကအချို့ကိုဘာပုဒ်မမှ မတပ်ဘဲ ဘူးသီးတောင် အကျဉ်းထောင်မှာ ထားတယ်။ အခု ကင်တားနား ဘူးသီးတောင် ထောင်ကို သွားမယ် ဆိုတော့ အဲဒီထဲက အယောက် ၆၀ ကျော်ကို မောင်တော ရဲစခန်းက အချုပ်ခန်းကို စနေနေ့က ပြောင်းထား လိုက်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus