နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလကိုယ်စားလှယ် မြန်မာရောက်ရှိနေ


12.8.2013

မြန်မာ နိုင်ငံက လူ့အခွင့် အရေး ဆိုင်ရာ အခြေ အနေ တွေကို စစ်ဆေး လေ့လာဖို့ အတွက် ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် ထောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာ နိုင်ငံကို သြဂုတ်လ မနေ့က စတင် ရောက်ရှိ နေပြီလို့ သိရ ပါတယ်။

မြန်မာ အစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ လာရောက် လည်ပတ်မဲ့ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် အနေနဲ့ ခရီးစဉ် အတွင်းမှာ ပြည်နယ်တွေ၊ အစိုးရ တာဝန်ရှိ သူတွေနဲ့ လူမှု အဖွဲ့ အစည်း တွေနဲ့လည်း တွေ့ဆုံ သွားဖို့ ရှိတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့် အရေး အေဂျင်စီက ပြောပါတယ်။

မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲမှု ဆက်လက် လုပ်ဆောင် လာနေတာနဲ့ အမျှ အစိုးရ အနေနဲ့ နိုင်ငံ တွင်းက နေရာ တော်တော် များများမှာ သွားရောက် ခွင့်ပြုမှာ ဖြစ်တဲ့ အတွက် လူ့အခွင့် အရေး အခြေ အနေတွေ ကိုလေ့လာသုံးသပ်ဖို့ သူ့အတွက် အခွင့်အရေးကောင်း တခုဖြစ်တယ်လို့ ထောမတ်စ် အိုဟေး ကင် တား နား ကပြောတဲ့ အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးက ထုတ်ပြန် တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထား ပါတယ်။

Mr Qunitana က မြန်မာ နိုင်ငံတွင်းမှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွါးသွားခဲ့တဲ့ ရခိုင်ပြည် နယ်၊ မိတ္ထီလာမြို့၊ မန္တလေး ပတ်ဝန်းကျင် တဝိုက် တို့ကို သွားရာက်ဖို့ ရှိတယ်လို့ သိရ ပါတယ်။

တိုင်းရင်းသား လက်နက် ကိုင်များ နေထိုင်တဲ့ နေရာတွေ ဖြစ်တဲ့ ကချင် ပြည်နယ်နဲ့ ချင်းပြည် နယ် တွေ ကို လဲ သွားရောက် မယ်လို့ သိရပါတယ်။

တိုင်းနဲ့ ပြည်နယ် ဒေသ တွေကို လှည့်ပတ် ပြီးနောက် နေပြည်တော်မှာ အစိုးရ ဝန်ကြီး တွေနဲ့ ဆက် လက် တွေ့ ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှု ကော်မရှင် ဥက္ကဌ အဖြစ် ဆောင် ရွက် ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့လဲ သွားရောက် တွေ့ဆုံ ဖို့ ရှိတယ်လို့ သိရပါတယ်။

ခရီးစဉ်ရဲ့ အမြင်နဲ့ ပတ်သက်ပြီး ခရီးစဉ် နောက်ဆုံး ရက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် သွား မှာ ဖြစ် ပါ တယ်။

ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကိုတော့ အောက်တိုဘာလ ၂၄ ရက်နေ့ မှာ ပြုလုပ်မဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်းမှာ တင်ပြ သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း တောက်လျောက် ဆန္ဒပြ မှုတွေ လုပ်မယ်လို့ ရခိုင် တိုင်းရင်းသားတွေ စီစဉ် ထားကြောင်းလည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

Comment ရေးရန်

Rohingya Exodus