အစွန်းရောက်များမှ သံတွဲမြို့တွင် စတင် အကြမ်းဖက်ရန် ပြဿနာ ဖန်တီး၍ ကြိုးစားနေ
RB News
27.8.2013
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အကြမ်းဖက် သမား များမှ သြဂုတ်လ (၂၆) ရက်နေ့တွင် ဒေသခံ မွတ်စလင် များအား အကြမ်းဖက် မည်ဟု သတင်းများ ထွက်ပေါ် ပြီးနောက် ယနေ့ ညနေပိုင်းတွင် ကောလဟလ ဖန်တီး၍ အကြမ်း ဖက်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ ညနေပိုင်းတွင် နန်းတော် တောင် ခြေရင်း တွင် နေထိုင်သော ဆိတ်ကျောင်းသား မောင်မှုံရွှေရည်မှ ဆိတ်ကျောင်း နေရာတွင် ၎င်း၏ ဆိတ်အချို့ ဘုန်းကြီး ကျောင်း ခြံဝင်း အတွင်း ၀င်ရောက် သွားခဲ့သည်။ ဘုန်းကြီး ကျောင်းမှ ဘုန်းကြီးက ဆိတ်များကို မောင်းထုတ်ပြီး၊ မောင်မှုံရွှေရည်ကို အော်ဟစ် ကြိမ်းမောင်း ခဲ့သည်ဟု သိရှိရသည်။ ထို့နောက် ဘုန်းကြီးမှ ရဲစခန်းသို့ သွားရောက်၍ ၎င်းအား ပြဿနာ ရှာသည်ဟု တိုင်ကြားရာ၊ ရဲများက မောင်မှုံရွှေရည်ကို ဖမ်းဆီး သွားခဲ့သည်။
ထိုသတင်းကို အစွန်းရောက် အုပ်စု များက ဘုန်းကြီးကို လက်သီးဖြင့် ထိုးလိုက် သည်ဟု ဖန်တီး၍ လူစုပြီး ရဲစခန်းရှေ့သို့ သွား၍ မောင်မှုံရွှေရည်ကို ထုတ်ပေးရန် တောင်းဆို လျက်ရှိကြောင်း သတင်း ရရှိပါသည်။ အကြမ်းဖက် သမား များ၏ ထုံးစံအတိုင်း ရဲစခန်းရှေ့ လူစုလူဝေးဖြင့် ပြဿနာ ရှာပြီးနောက် မြို့အတွင်း မီးရှို့ အကြမ်းဖက်ရန် အခြေအနေ ဖန်တီး နေခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါ လူအုပ်အား ရဲနှင့်စစ်တပ်မှ လူစုခွဲရန် ကြိုးစားလျက် ရှိကြောင်း သိရှိရသည်။