မြန်မာနိုင်ငံတွင်း ပဋိပက္ခ အာဆီယံ သတိပေး
27.8.2013
မြန်မာ နိုင်ငံမှာ ဘာသာရေး နွယ်တဲ့ ပဋိပက္ခတွေ အဆက်မပြတ် ပေါ်ပေါက် လာနေတာနဲ့ ပတ်သက်ပြီး အာဆီယံ အဖွဲ့က မြန်မာ နိုင်ငံဟာ လူမျိုး ဘာသာ ပဋိပက္ခ ချောက်ကမ်းပါး စွန်းပေါ် ရောက်နေ ပြီလို့ ကြေ ညာ ချက် ထုတ်ပြန် သတိပေး လိုက်ပြီး၊ အစိုးရ အနေနဲ့ အမုန်း ပွားအောင် သွေးထိုး လှုံ့ဆော် နေတာတွေ ရပ်တန့်အောင် ထိထိ ရောက်ရောက် မဆောင်ရွက် နိုင်ခဲ့ ဘူးလို့ ဝေဖန် လိုက်ပါတယ်။
APHR ခေါ် လူ့အခွင့် အရေး ဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က အင်ဒို နီးရှား လွှတ်တော် အမတ် ဆန်ဒရီကမြန်မာလူ့အဖွဲ့ အစည်းမှာတင်းမာမှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေတာ အား လုံ့း မြင်တွေ့ နေ ရပါတယ်၊ ဒီတင်းမာမှု တွေဟာ တိုင်းပြည် အတွက်အန္တရာယ် ကြီးမားတဲ့ အနေ အထား ကိုရောက် သွား တဲ့အထိ ကြီးထွားကျယ်ပြန့် နေတာပါ၊ ဒါပေမဲ့တာဝန်ရှိ သူတွေဆီက ထိရောက် လုံလောက်တဲ့ တုံ့ပြန်မှု မျိုးတွေ မခံစားရ ပါဘူး လို့ ပြောကြား လိုက်ပါတယ်။
အလားတူ Physicians for Himan Rights (PHR) ခေါ် အမေရိကန် အခြေစိုက် လူ့အခွင့် အရေး အဖွဲ့က လည်း မြန်မာ နိုင်ငံမှာ ဘာသာရေး ဆိုင်ရာ မုန်းတီး မှုတွေ ကြီးထွားအောင် လုပ်နေ တာတွေ၊ အကြမ်းဖက် ပဋိပက္ခ ကျူးလွန်သူ တွေ အပြစ်ကင်း လွတ်နေတာ တွေကို မကိုင်တွယ်ဘူး ဆိုရင် မြန်မာ နိုင်ငံဟာ ပဋိပက္ခ ကပ်ဘေးကြီး တစ်ခု နဲ့ ရင်ဆိုင် လာရဖွယ် ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေး ခဲ့ပါတယ်။