သံတွဲမြို့ အခြေအနေ စိတ်ချ၍ မရသေး
သြဂုတ်လ ၂၄ ရက်နေ့ သံတွဲမြို့ မြင်ကွင်း |
အပုချေ (မာန်အောင်ကျွန်း)
RB News
26.8.2013
သံတွဲ ။ ။ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် သံတွဲမြို့၌ နိုင်ငံတော် ဘာသာနေ့ ဆွမ်းဆန် လောင်းပွဲ ကျင်းပ ရာ ဘုန်းကြီး အပါး ၅၀၀ နှင့် လူပေါင်း ၁၈၀၀ ထိ ရှိခဲ့သည်။ ဆွမ်းဆန် လောင်းလှူပြီး ညနေ ပိုင်းတွင် အကြမ်းဖက် မှုများ စတင်မည်ဟု သံတွဲမြို့ ရပ်ကွက် အချို့မှ မြို့ခံများမှ ပြောခဲ့သည်။
လူစုလူဝေးမှာ ယခု အချိန်ထိ များပြား နေဆဲ ဖြစ်သည်။ ဆွမ်းလောင်းရန် ရိုးရိုး တန်းတန်း လာသူ အချို့ မှာ ပြန်သွား ကြသော်လည်း၊ အကြမ်းဖက် ရန် ရည်ရွယ်ပြီး ရောက်လာသူ များမှာကား ယခု အချိန်ထိ မပြန်သေးဘဲ ရှိနေကြသည်။ ၂၆ ရက်နေ့ မတိုင်မှီက ဘုန်းကြီး အပါး ၃၀၀ အား ဆွမ်းဆန်လောင်း မည်ဟု သာ ကြေညာ ထားခဲ့ပြီး ယနေ့ ဘုန်းကြီး အပါး ၅၀၀ ထိ ရှိသွားကြောင်း သိရပါသည်။
သြဂုတ်လ (၂၄) ရက်နေ့က ဂျိတ်တော ပုလဲကျောင်းတွင် ဘုန်းကြီးတု များကို ဆံချ နေကြောင်း သ တင်းများ ထွက်ပေါ် ခဲ့သည်။ အဆိုပါ သတင်းမှာလည်း ဗုဒ္ဓဘာသာ ၀င်များမှ ထွက်လာ ခဲ့ခြင်း ဖြစ်သည်။ ယနေ့ ဘုန်းကြီး အပါး ၅၀၀ ထိ ဖြစ်ခဲ့ပြီး၊ ပိုနေသည့် ဘုန်းကြီး အပါး ၂၀၀ မှာ အတု အယောင် များ သာ ဖြစ်နိုင်ခြေ ရှိကြောင်း သံတွဲမြို့ ဒေသခံ များမှ ယူဆ နေကြပါသည်။
ဘုန်းကြီး အပါး ၂၀၀ ပိုလာခြင်းနှင့် လူအုပ်စုများ အုပ်စုဖွဲ့ကာ အဆမတန် များပြား နေခြင်းကြောင့် အကြမ်း ဖက်ရန် အလားအလာ ရှိနေသည်ဟု ဒေသခံ များက ဆိုသည်။ သံတွဲမြို့တွင် ယနေ့ ပြုလုပ် ခဲ့သော နိုင် ငံတော် ဘာသာနေ့ အထိမ်း အမှတ် အစီအစဉ် ပြီးပါ သံတွဲမြို့တွင် အကြမ်းဖက် လုပ်ငန်း များ ဖြစ်ပေါ် လာစေရန် လှုံ့ဆော် နေသော အဖွဲ့များ ရှိနေသည်ဟု သိရပါသည်။
ရွှေကျောင်း ပြင်ရွာရှိ ကိုတင့်လွင် ဆိုသူ၏ အိမ်တွင် ယမန်နေ့က အစည်း အဝေး ပြုလုပ် ခဲ့ကြပြီး ယနေ့ ၂၆ ရက်နေ့ ည ၈ နာရီမှစတင်ကာသံတွဲမြို့ အမှတ်(၁)ရပ်ကွက် နံတော်တောင် ရပ်ကွက်ရှိ နံတော်တောင် ခြေ ရင်းကို ၀င်ပြီး အကြမ်းဖက် မှုများNပုလုပ်မည်ဟု တိုင်ပင် ခဲ့ကြ ပါသည်။ သတင်းကြီး သွားခဲ့ပြီးမှ တစ် စုံ တစ်ရာ အကြမ်းမဖက်ဘဲ လွယ်လွယ်နှင့် လက်လျှော့ ကြမည် မဟုတ်သောကြောင့် သံတွဲမြို့ ဒေသခံ များမှ စိုးရိမ် မကင်း ရှိနေကြ ပါသည်။